Lorem ipsum dolor sit amet, consectetur adipiscing elit. Test link

အခန်း ၂၆၆

 


ရွှေမြို့တော်နှင့် နီးသည်ထက် နီးလာလေလေ လမ်းတစ်လျှောက်ရှိ ကင်းထောက်အရေအတွက်က ပိုများလာလေလေ ဖြစ်၏။ အပြင်လောက၌ ကပ်ဘေးဆိုက်ရောက်နေသော်လည်း မြို့တော်နှင့် နီးကပ်သော နေရာများတွင်တော့ တီးမှုတ်ကခုန်၍ ပွဲလမ်းသဘင်များ အေးအေးချမ်းချမ်း ကျင်းပနေကြသည်။ များစွာသော သစ်ပင်များ၌ ပိုးပဝါအနီများ စည်းနှောင်ထားပြီး တိုင်းတစ်ပါးမှ သံတမန်များစွာလည်း မြို့တော်ဆီသို့ တက်သုတ်ရိုက် ခရီးနှင်နေကြ၏။ 

ဧကရာဇ်အသစ် နန်းတက်ပွဲမှာ သေးငယ်သော ကိစ္စရပ် မဟုတ်ပေ။ အထူးသဖြင့် ဧကရာဇ်အသစ်က နန်းသိမ်းပွဲ မခံယူရသေးမီပင် ယခင်ဧကရာဇ်ဟောင်းနှင့် မတူညီကြောင်း ပြသ၍ တိုင်းတစ်ပါးနိုင်ငံများအပေါ် ညှာတာပြီး မဟာမိတ်ဖွဲ့လိုသောအခါမျိုးတွင် ဖြစ်သည်။

ပြီးခဲ့သည့် မင်းဆက်၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အနီးအပါးတိုင်းနိုင်ငံငယ်များကို သိမ်းယူခြင်း၊ တိုင်းပြည်ကြီးများကို မလှန်နိုင်အောင် တိုက်ခိုက်၍ နယ်မြေများ ဖဲ့ယူသိမ်းပိုက်ခြင်း၊ အချို့ကို အညံ့ခံ၍ ပဏ္ဏာဆက်စေခြင်းများ ပြုလုပ်ခဲ့၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မဟာမြို့ပျက်သို့ တိုက်ခိုက်ခြင်း မပြုမီက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တပ်ဖွဲ့မှာ အင်အားအကြီးမားဆုံး အချိန်အခါ ဖြစ်ပြီး တိုင်းပြည်ကြီးငါးခုကို တစ်ပြိုင်နက် စစ်ခင်းနိုင်သည်။ သို့သော်လည်း လုပ်ကြံသတ်ဖြတ်သူများကြောင့် ဧကရာဇ်အတိုင်ပင်ခံ ဒဏ်ရာရရှိပြီးနောက်ပိုင်းတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နယ်မြေချဲ့ထွင်မှုက အရှိန်နှေးကျသွား၏။

သို့သော်လည်း ဧကရာဇ်အသစ်က မောက်မာဝင့်ကြွားခြင်း မရှိဘဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သိုင်းဂိုဏ်းအားလုံးကို ညှာတာသကဲ့သို့ တိုင်းတစ်ပါးမှ သံတမန်များကိုလည်း အလေးတယူပြု ဆက်ဆံသည်။ မကောင်းဆိုးဝါး ဧကရာဇ်အတိုင်ပင်ခံ သိမ်းယူခဲ့သော နယ်မြေများကို ပိုင်ရှင်အသီးသီးထံ ပြန်ပေးအပ်သည့်အပြင် လျော်ကြေးပေးရန်ပင် ကတိပြုပြီး ထိုတိုင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ရန် ဆန္ဒရှိတော်မူ၏။

တိုင်းတစ်ပါးနိုင်ငံများအနေဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လက်အောက်ခံအဖြစ် နေထိုင်ရမည်ဟူသော စည်းမျဉ်းကိုလည်း ဧကရာဇ်အသစ်က ပယ်ဖျက်လိုက်သဖြင့် အားလုံး ဝမ်းသာပျော်ရွှင်ပြီး အတောမသတ်အောင် ချီးကျူးဂုဏ်ပြုကြသည်။ ဧကရာဇ်အသစ် လင်ယွိရှက ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံပြီး ပြီးခဲ့သည့် နှစ်ပေါင်း ထောင့်ငါးရာအတွင်း ဤကဲ့သို့ ဧကရာဇ်မျိုး ရှားပါးလှသည်ဟု ဆိုကြ၏။

ထိုမျှသာမက သိုင်းဂိုဏ်းအသီးသီးကိုလည်း နန်းတက်ပွဲအခမ်းအနားသို့ ကြွရောက်ရန် ဧကရာဇ်အသစ်က ဖိတ်ကြားထားသည်။ ကောလာဟလများအရ ပြီးခဲ့သည့် နှစ်များမှ ပြုပြင်ပြောင်းလဲမှုအတွက် သူ၏ အပြစ်များကို ရေးချ၍ ကောင်းကင်ဘုံ၏ အမျက်ဒေါသကို ခံယူကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ပြည်သူပြည်သားများကို ခွင့်လွှတ်ရန် တောင်းပန်တိုးလျှိုးမည်ဟု ဆို၏။

“ဒီအကွက်က တကယ့်ကို ရက်စက်တာပဲ…” ချင်မူက ချီးကျူးမဆုံး ရှိသည်။ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ကို ပြောလိုက်၏။ “ခင်ဗျားတို့က ဒီပြုပြင်ပြောင်းလဲမှုကို နှစ်ပေါင်းနှစ်ရာတိတိ ကြိုးစားပမ်းစား တည်ဆောက်ပြီး မကောင်းတဲ့ အစဉ်အလာတွေ ဖြုတ်ချ၊ တာအိုသဘောတရား၊ ကျင့်စဉ်၊ ကောင်းကင်နတ်သိုင်းတွေ တိုးတက်လာအောင် တွန်းတင်ခဲ့ရတာ… ကိုယ့်ကိုယ်ကိုယ်ကို အတောမသတ်အောင် နာမည်အပျက်ခံပြီး မရေမတွက်နိုင်တဲ့ သွေးချွေးတွေ ရင်းခဲ့ရတယ်… ခင်ဗျားတို့ခေတ်ကလူတွေရဲ့ သွေးစက်တွေ အများကြီးရင်းပြီးမှ ဒီနေ့ထာဝရငြိမ်းချမ်းရေးအင်ပါယာဆိုတာ ဖြစ်လာတာ၊ အခုတော့ ဒီဧကရာဇ်အသစ်က အပြစ်ဝန်ခံပစ်ပြီး ခင်ဗျားတို့ နှစ်နှစ်ရာကျော် ကြိုးစားလာတာတွေ၊ နှစ်နှစ်ရာကျော် စွန့်လွှတ်ခဲ့ရတဲ့ စစ်သည်တွေရဲ့ အသက်တွေ… အကုန်လုံးကို ဖျက်ဆီးပစ်လိုက်တာပဲ… ဒီအကွက်က ရက်စက်တယ်၊ တကယ့်ကို ရက်စက်တယ်…”

ဧကရာဇ်ယန်ဖုန်းက ခပ်အုပ်အုပ် ညည်းညူလိုက်ပြီး ရင်ဝဆီမှ စူးအောင့်နာကျင်မှုကို ခံစားမိသည်။ သူ ငိုချင်သော်လည်း မျက်ရည်က ထွက်ကျမလာပေ။ အက်ကွဲကွဲ လေသံဖြင့် ရေရွတ်လိုက်မိ၏။ “ယွီရှ၊ ကောင်းလိုက်တဲ့သား… ငါ့ရင်ဝကို စိုက်တဲ့ ဓားတစ်ချောင်းလို့ပဲ သတ်မှတ်ရတော့မယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အမူအရာကင်းမဲ့သော မျက်နှာဖြင့်သာ ရှိနေသည်။ “မြို့တော်ကို ရောက်တဲ့အခါ လူဟောင်းတွေကို ဆက်သွယ်မယ်… နန်းတွင်းရဲ့ ဝန်မင်းအများစုကလည်း အရှင်မင်းကြီးကို ထောက်ခံမှာပဲ… နဂါးကိုးကောင်သိုက်ထဲမှာ ပုန်းခိုနေတဲ့ နဂါးအစောင့်လျှို့ဝှက်တပ်ဖွဲ့နဲ့ရောဆို ရွှေမြို့တော်ကို ကျွန်တော်တို့ အချိန်မရွေး တိုက်ခိုက်လို့ရတယ်… တစ်ခုတည်းသော ပြဿနာက မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ တာအိုဂိုဏ်းက တာအိုရသေ့တွေ၊ ရဟန်းတွေကို  နယ်စားဘုရင်ခံ၊ နယ်စား၊ ဝန်မင်းတွေရဲ့ နေအိမ်မှာ ပို့ထားတာပဲ… ဂိုဏ်းသခင်ချင်၊ မြို့ထဲဝင်ပြီး သူတို့နဲ့ တွေ့ဆုံခွင့်ရအောင် ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အင်အားကို ငါတို့ အသုံးပြုရလိမ့်မယ်…”

ချင်မူက ခေါင်းခါယမ်းလိုက်၏။ “အဲလောက် ဒုက္ခခံစရာ မလိုပါဘူး…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မှင်တက်မိသွားသည်။

“မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ တာအိုဂိုဏ်းရဲ့ အင်အားက ပြန့်ကျဲနေတာ… အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ချင်တော့ ဟာကွက်တွေ ဖြစ်ကုန်တာပေါ့…”

ချင်မူက ခြေလှမ်းများ ရပ်တန့်လိုက်၏။ လက်ရှိတွင် သူတို့က ဟို့ကျီမြို့သို့ ရောက်ရှိနေပြီး ရွှေမြို့တော်နှင့် မိုင်တစ်ရာခန့်သာ ဝေးတော့သည်။ ရှေ့တွင်တော့ ခေါက်မုန့်ဆိုင်တစ်ဆိုင် ရှိနေ၏။ “ဒီခေါက်မုန့်လိုပဲ တအားဖြန့်ကျက်လွန်းရင် တစ်ချက်ထိုးလိုက်တာနဲ့ အကုန်ပဲ့ကျသွားရော… သူတို့ရဲ့ ခေါက်မုန့်ကို ကြီးကြီးလုပ်ချင်လေ၊ ပါးပါးလေးပဲ ရလေပေါ့… အိမ်ရှေ့မင်းသား နန်းသိမ်းပွဲ ခံယူတဲ့အခါ သူ့နားမှာ စောင့်ကြပ်ဖို့ အင်အားအလုံအလောက် ရှိတော့မှာ မဟုတ်ဘူး… အဲဒီအချိန်ကျရင် နယ်စားဘုရင်ခံ၊ နယ်စား၊ ဝန်မင်းတွေအိမ်မှာ ထားထားတဲ့ တာအိုရသေ့တွေ၊ ဘုန်းတော်ကြီးတွေ အကုန်လုံး အဲဒီနယ်စားဘုရင်ခံ၊ နယ်စား၊ ဝန်မင်းတွေရဲ့ ထိန်းချုပ်တာကို ပြန်ခံရလိမ့်မယ်… နန်းသိမ်းပွဲနေရာကို ကူညီဖို့ ရောက်အောင် လာနိုင်ကြမှာ မဟုတ်ဘူး…”

ခေါက်မုန့်လုပ်ပြီးသွားသောအခါ ဆိုင်ရှင်က ဆီစိမ်စက္ကူဖြင့် လိပ်ပေးလိုက်သည်။ ချင်မူ ဆိုင်ရှင်ထံမှ လှမ်းယူ၍ ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးကို ပထမဆုံး ကမ်းပေးလိုက်၏။

အတိုင်ပင်ခံကတော်က တစ်ကိုက်ကိုက်ကြည့်ပြီး တောက်ပသော မျက်ဝန်းများဖြင့် ဘေးဘီသို့ လှည့်ပတ်ကြည့်ရှုလိုက်သည်။ ထို့နောက် လေသံတိုးတိုးဖြင့် မေးလိုက်၏။ “ဂိုဏ်းသခင်၊ သူများကြားသွားမှာ မစိုးရိမ်ဘူးလား… ဒီလာတဲ့တစ်လမ်းလုံး အိမ်ရှေ့မင်းသားရဲ့ ကင်းထောက်တွေ ဒီလောက်အများကြီး တွေ့ခဲ့တာကို…”

“စိုးရိမ်စရာ မရှိပါဘူး…” ချင်မူက အသာအယာ ပြုံးလိုက်သည်။

ရုတ်တရက် ဈေးထဲရှိ လမ်းသွားလမ်းလာများ၊ ကုန်သည်များ၊ အသီးအရွက်ရောင်းဝယ်သူများ၊ သားသတ်သမားများ၊ ခေါင်းရွက်ဗျက်ထိုးဈေးသည်များအားလုံး ငြိမ်ကျသွားပြီး သူတို့ရှိရာဘက်သို့ ခေါင်းလှည့်ကြည့်လာကြ၏။

“ဂိုဏ်းသခင်…” ထိုလူများက တစ်ပြိုင်နက် ရေရွတ်လိုက်ကြသည်။

ချင်မူက လက်ဝှေ့ယမ်း၍ ပြုံးပြလိုက်၏။ “လုပ်စရာရှိတာ ဆက်လုပ်ကြ၊ ငါတို့ကို မနှောင့်ယှက်နဲ့…”

ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးမှာ အံ့ဩတုန်လှုပ်သွားပြီး ဧကရာဇ်ယန်ဖုန်းက သက်ပြင်းချလိုက်သည်။ “စည်းမျဉ်းဥပဒေကို တစ်သဝေမတိမ်း လိုက်နာအောင် စေခိုင်းနိုင်ရင် ဘုရင်တစ်ပါး ဖြစ်လာတာပဲတဲ့… ဂိုဏ်းသခင်ချင်၊ မင်းက ငါ့ကို ထိတ်လန့်စေတယ်၊ မင်းရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက ငါ့ကို ထိတ်လန့်စေတယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဝင်ပြောလိုက်၏။ “စည်းမျဉ်းဥပဒေကို တစ်သဝေမတိမ်း လိုက်နာပြီး တစ်ညီတစ်ညွတ်တည်း လှုပ်ရှားဆောင်ရွက်အောင် စေခိုင်းနိုင်တာဟာ ဧကရာဇ်တစ်ပါးရဲ့ အရည်အချင်းပါပဲ… အရှင်မင်းကြီး စိတ်ပူသင့်ပါတယ်… ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သောင်းကျော်၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို စတင်တည်ထောင်ကတည်းက ကိုယ့်ကိုယ်ကိုယ် ဧကရာဇ်လို့ ရည်ညွှန်းတဲ့ ဂိုဏ်းသခင် တစ်ယောက်မှ မရှိခဲ့ဖူးပါဘူး… အရှင်မင်းကြီး စိတ်အေးအေး ထားပါ…”

ဧကရာဇ်ယန်ဖုန်းက ဒေါသတကြီး ပြောလိုက်သည်။ “မင်းတို့အားလုံးက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ လူတွေပဲ… မင်းတို့ လင်မယားနှစ်ယောက်စလုံးက ကောင်းကင်နတ်မင်းနဲ့ စံအိမ်သခင် မဟုတ်ဘူးလား… ဒီနေရာမှာ ငါတစ်ယောက်ပဲ အပြင်လူရှိတာ… ငါ့ကို အရူးလာလုပ်မနေနဲ့…”

ချင်မူက ကမန်းကတန်း မေးလိုက်၏။ “အဲဒါဆို အရှင်မင်းကြီးရော ကျွန်တော်တို့ဂိုဏ်းကို ဝင်ချင်သေးလား…”

…။

“မြို့ထဲကို ငါတို့ ဘယ်လို ဝင်ကြမလဲ…”

မြို့တော်နှင့် နီးကပ်လာသောအခါ ဧကရာဇ်ယန်ဖုန်းက အစောင့်အကြပ် တင်းကျပ်စွာ ချထားသော မြို့ရိုးတံခါးကို လှမ်းမျှော်ကြည့်လိုက်သည်။ အစောင့်များက နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးနေသဖြင့် မြို့ထဲသို့ ဝင်ရန်မှာ ကောင်းကင်ဘုံထိ ပျံတက်ရသကဲ့သို့ ခက်ခဲပေလိမ့်မည်။ ယနေ့က အိမ်ရှေ့မင်းသား နန်းတက်၍ ဧကရာဇ်အသစ် ဖြစ်လာမည့်နေ့ ဖြစ်၏။ ယနေ့တွင် ဧကရာဇ်အသစ်က ကောင်းကင်ကျောင်းဆောင်၌ ကောင်းကင်ဘုံ၏ အပြစ်ဒဏ်ခတ်မှုကို ခံယူမည် ဖြစ်သည်။ အားလုံးသော သံတမန်များ၊ ဂိုဏ်းသခင်များ၊ ဂိုဏ်းချုပ်များ၊ ဩဇာကြီးမိသားစုခေါင်းဆောင်များနှင့်တကွ အရပ်ဘက်၊ စစ်ဘက် နန်းတွင်းအရာရှိများ နန်းတက်ပွဲသို့ တက်ရောက်ကြမည် ဖြစ်ရာ လုံခြုံရေးက အထူးတင်းကြပ်နေ၏။

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “ပြဿနာမရှိပါဘူး… ဒီအတိုင်းပဲ ဝင်သွားကြတာပေါ့…”

ဧကရာဇ်ယန်ဖုန်းမှာ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။ ချင်မူက သူတို့ကို မြို့ရိုးတံခါးသို့ ခေါ်ဆောင်သွားသည်။ အစောင့်စစ်သည်များက သူတို့ကို အရေးပင်မစိုက်ဘဲ ဝင်ခွင့်ပြုလိုက်၏။

“သူတို့လည်း ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကပဲလား…” ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက မှင်တက်မိနေပြီး ချင်မူ့ကို လေသံတိုးတိုးဖြင့် မေးလိုက်သည်။ “ဧကရာဇ် ရှိနေတာဆိုတော့ သိပ်ပြီး ဟိတ်ဟန်မလုပ်နဲ့… မဟုတ်ရင် အရှင်မင်းကြီးက ဂိုဏ်းသခင်ကို သင်္ကာမကင်းဖြစ်ပြီး မနာလိုလိမ့်မယ်… သူက သိုင်းဂိုဏ်းအားလုံးရဲ့ အထက်မှာရှိတဲ့ တိုင်းပြည်တစ်ပြည် ထူထောင်ချင်တာ၊ တိုင်းပြည်တွေရဲ့ အထက်မှာရှိတဲ့ သိုင်းဂိုဏ်းတစ်ဂိုဏ်းကို ဖန်တီးချင်တာ မဟုတ်ဘူး… နည်းနည်းဆင်ခြင်ပါ ဂိုဏ်းသခင်…”

ချင်မူ ဧကရာဇ်ယန်ဖုန်းကို လှမ်းကြည့်လိုက်သောအခါ အမှန်ပင် စိုးရိမ်ပူပန်သည့်ဟန် ပေါက်နေကြောင်း တွေ့ရ၏။ ဤသည်က ပုံမှန်ပင် ဖြစ်သည်။ နန်းစိုက်မြို့တော်၏ မြို့ရိုးတံခါးကို စောင့်ကြပ်ရသော နန်းတွင်းအစောင့်တပ်သားများက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လူများဖြစ်နေသည်ဆိုလျှင် အဘယ်သို့ စိတ်အေးနိုင်ပါမည်နည်း။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “အခု မြို့ထဲရောက်ပြီဆိုတော့ ဘာဆက်လုပ်ကြမှာလဲ…”

ချင်မူက ဆေးလုံးနှစ်လုံး ထုတ်ယူပြီး ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံကို တစ်လုံးစီ ပေးလိုက်သည်။ “ကောင်းကင်ကျောင်းဆောင်ကို သွားပြီး အိမ်ရှေ့မင်းသားရဲ့ နန်းတက်ပွဲကို သွားကြည့်ကြမယ်…”

နန်းတွင်းညီလာခံခန်းမ၌ နှုတ်ခွန်းဆက်သသံ ပေါ်ထွက်လာ၏။

“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသား လင်ယွိရှက နဂါးဝတ်ရုံကို ဝတ်ဆင်၍ နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး သူ့ဘေးတစ်ဖက်တစ်ချက်တွင် ရဟန်းတစ်ပါးနှင့် ရသေ့တစ်ပါး မတ်တတ်ရပ်နေသည်။ အောက်ဘက်တွင်တော့ အရပ်ဘက်၊ စစ်ဘက် နန်းတွင်းအရာရှိများက ဧကရာဇ်အသစ်ကို ဝပ်တွားနှုတ်ဆက်နေကြ၏။ ဤမြင်ကွင်းက လွန်စွာ ကြီးကျယ်ခမ်းနားလှသည်။ အရပ်ဘက်၊ စစ်ဘက်အရာရှိအရေအတွက်က အလွန်တရာ များပြားလှသဖြင့် ညီလာခံခန်းမတစ်ခုလုံး ပြည့်လျှံနေပြီး ခန်းမအပြင်ဘက်နှင့် လှေကားထစ်များပေါ်တွင်ပင် ဒူးထောက်နေသူ အများအပြား ရှိ၏။

ခန်းမထဲတွင် တိုင်းတစ်ပါးမှ သံတမန်များလည်း သက်ဆိုင်ရာ တိုင်းပြည်ကိုယ်စားပြု အလံများကို ကိုင်ဆောင်၍ ရောက်ရှိနေကြသည်။ သူတို့၏ အနီးတွင်တော့ သိုင်းဂိုဏ်းခေါင်းဆောင်များ၊ ဂိုဏ်းသခင်များ ရှိ၏။

ဧကရာဇ်အသစ် နန်းတက်ပွဲအခမ်းအနားက အတော်လေး ရှုပ်ထွေးလှသဖြင့် အခမ်းအနား ပြီးဆုံးသောအခါ မွန်းလွဲလုပြီ ဖြစ်သည်။

နွေဦး၏ နေရှိန်က ပြင်းပြခြင်း မရှိလှ။ လင်ယွိရှက ရှေ့ဆုံးမှ လျှောက်လှမ်း၍ နန်းတွင်းအရာရှိများကို ဦးဆောင်ကာ ခန်းမအပြင်ဘက်သို့ ထွက်လာသည်။ သူတို့၏ နောက်ဘက်တွင်တော့ အခမ်းအနားစောင့်တပ်ဖွဲ့ ထက်ကြပ်မကွာ လိုက်ပါလာ၏။ အစောင့်တပ်ဖွဲ့မှ အများစုမှာ ဘုန်းတော်ကြီးများ၊ ရသေ့များ ဖြစ်ပြီး တရားစာ၊ တာအိုကျမ်းစာများ ပဲ့တင်ထပ်အောင် ရွတ်ဖတ်နေကြသည်။ နောက်ဘက်တွင် အိမ်ရှေ့မင်းသား၏ မိဖုရားနှင့် နန်းတွင်းအပျိုတော်တစ်သိုက်၊ ထို့နောက်တွင် တိုင်းတစ်ပါးမှ သံတမန်များ လိုက်ပါလာ၏။ သိုင်းဂိုဏ်းများ၊ ဩဇာကြီးမိသားစုများ၏ ခေါင်းဆောင်များလည်း သူတို့နောက်မှ ကောင်းကင်ကျောင်းဆောင်အထိ လိုက်ပါလာပြီး လူအုပ်က ပို၍ ပို၍ များပြားလာသည်။

လင်ယွိရှ၏ နောက်တွင် ရှိနေသည်က သူ၏ မဟာကိုယ်ရံတော်နှင့် မဟာအတိုင်ပင်ခံ၊ အခြား ပထမအဆင့် အမြင့်စံ နန်းတွင်းအရာရှိများ ဖြစ်၏။ ထိုသူများက နန်းတွင်းမိသားစု၏ အမှုထမ်းများ၊ အိမ်ရှေ့မင်းသား၏ လက်ရုံးများ ဖြစ်ပြီး အလွန်တရာ မြင့်မားသော ရာထူးများ ရှိကြသည်။ ယခု ဧကရာဇ်က နတ်ရွာစံသွားသဖြင့် ထီးနန်းကို ဆက်ခံရမည့်သူမှာ လင်ယွိရှသာ ဖြစ်၏။ နန်းတွင်း၌ ခြေကုပ်ရယူထားနိုင်သည့် အင်အားက ခိုင်မာခြင်း မရှိသေးကြောင်း သိသဖြင့် သူ့အမိန့်ကို မနာခံသော အရာရှိများကို ဖြုတ်ချပြီး မဟာမိုးခြိမ်းသံကျောင်းတော်နှင့် တာအိုဂိုဏ်းမှ ရဟန်းများ၊ ရသေ့များ ဖိတ်ခေါ်ကာ ရာထူးများ ပေးအပ်ထားသည်။

နန်းတွင်း၏ အရာရှိထက်ဝက်နီးပါးမှာ ရဟန်းများ၊ ရသေ့များ ဖြစ်သဖြင့် ကျမ်းစာရွတ်ဖတ်၍ ကောင်းကင်ကျောင်းဆောင်သို့ ကြွချီကြသည့် မြင်ကွင်းက အတော်လေး ထူးဆန်းနေ၏။

နယ်စားဝေ့၊ ထိုက်တောင်ဘုရင်၊ ကျူးကောစစ်သူကြီးများ၊ သေနင်္ဂဗျူဟာစစ်သူကြီးနှင့် ကျန်သူများကိုတော့ လင်ယွိရှက အသက်အရွယ်အရ အနားယူခွင့်ပြုလိုက်သည်။ သူတို့အနေဖြင့် လတ်တလော၌ မြို့တော်တွင်သာ နေထိုင်၍ အခန်းအနားပြီးမှ ဇာတိမြို့များသို့ ပြန်ရမည် ဖြစ်၏။

နန်းတွင်း၏ အရာရှိတစ်ဝက်နီးပါးမှာ အသက်အရွယ်အရ အိမ်ပြန်အနားယူရမည် ဖြစ်ပြီး ထိုထဲမှ အချို့မှာ အတော်လေး ငယ်ရွယ်သေးသည်။ ဤသည်က အတော်လေး ထူးဆန်းသော ဖြစ်ရပ်ပင် မဟုတ်ပါလား။

လင်ယွိရှမှာ ထိုအရာရှိများကို ရာထူးရုပ်သိမ်းလိုက်သော်လည်း စိတ်မအေးနိုင်သေးဘဲ တော်လှန်ပုန်ကန်မည်စိုးသဖြင့် မြို့ပြင်သို့ ထွက်ခွင့်မပြုဝံ့ချေ။ သို့ဖြစ်၍ နေအိမ်များတွင် အကျယ်ချုပ်ထား၍ ရဟန်းများနှင့် တာအိုရသေ့များကို စောင့်ကြပ်ကြည့်ရှုခိုင်းထားသည်။ ထိုက်တောင်ဘုရင်၊ သေနင်္ဂဗျူဟာစစ်သူကြီးနှင့် ကျန်သူများကိုတော့ ထောင်သွင်းအကျဉ်းချထား၏။

ကောင်းကင်ကျောင်းဆောင်သို့ ရောက်သောအခါ ရဟန်းများနှင့် တာအိုရသေ့များက လှေကားထစ်များ၏ ဘယ်ညာနှစ်ဖက်တွင် ခွဲရပ်လိုက်ကြသည်။ လင်ယွိရှက နဂါးဝတ်ရုံကို တရွတ်တိုက်ဆွဲ၍ လှေကားထစ်များအတိုင်း တစ်ကိုယ်တည်း တက်သွား၏။ သူ၏ မိဖုရားနှင့် မောင်းမမိဿံများကတော့ လှေကားအောက်ခြေ၌ ဒူးထောက်လျက်သား ကျန်ရစ်သည်။

လှေကားထစ်များက လွန်စွာ ရှည်လျားပြီး အထစ်ပေါင်း ကိုးရာကိုးဆယ့်ကိုးထစ် ရှိ၏။ ကောင်းကင်ကျောင်းဆောင်ထိပ်သို့ လင်ယွိရှ ရောက်ရှိပြီး ဒူးထောက်ချရန် ပြင်လိုက်စဉ် တည်ကြည်လေးနက်သော အသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာသည်။ “မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ တထာဂတ ဗုဒ္ဓရှင်တော်မြတ်က အမိန့်စာလွှာ ပို့သလိုက်တယ်… အရှင်မင်းကြီး အမိန့်စာလွှာလက်ခံပါ…”

ရဟန်းတစ်ပါးက တည်ကြည်လေးနက်သော အမူအရာဖြင့် လျှောက်လှမ်းထွက်လာ၏။ သူ၏ နောက်ကျောဘက်တွင် ဗုဒ္ဓရောင်ခြည်အလင်းတန်းများ လှည်းဘီးတစ်ခုအဖြစ် ဖွဲ့တည်၍ လက်ထဲတွင် တထာဂတ၏ အမိန့်စာလွှာကို ကိုင်ဆောင်လာသည်။

လင်ယွိရှက ကမန်းကတန်း ဒူးထောက်ထိုင်ချ၍ အမိန့်စာလွှာကို လက်ခံယူပြီး ရိုသေလေးစားစွာ ပြောကြားလိုက်၏။ “အပြစ်သားကျွန်တော်မျိုး သုံးလောကထွတ်ထား တထာဂတအရှင်ဘုရားရဲ့ အမိန့်စာလွှာကို နာခံပါမယ်…”

အောက်ဘက်ရှိ ယခင်ဝန်မင်းဟောင်းများမှာ မျက်မှောင်ကြုတ်သွားသော်လည်း မည်သည်ကိုမျှ မဆိုဘဲ ခေါင်းငုံ့ချလိုက်ကြသည်။ ဗုဒ္ဓဂိုဏ်းမှ ရဟန်းများဖြစ်သည့် အခြားဝန်မင်းများကတော့ ဗုဒ္ဓတရားစာများကို သံပြိုင်ရွတ်ဆိုလိုက်သဖြင့် ဗုဒ္ဓအရှိန်အဝါအငွေ့အသက်များ ပတ်ဝန်းကျင်တစ်ခွင်လုံး လွှမ်းခြုံသွား၏။

မိုးပေါ်မှ ကောင်းကင်နတ်ပန်းများ တဖွဲဖွဲ ကျဆင်း၍ နတ်ဘုရားနှင့် ဗုဒ္ဓပုံရိပ်များ ပေါ်ထွက်လာသည်။ ဤအခမ်းအနားကို နတ်ဘုရားများ၊ ဗုဒ္ဓများက ကောင်းချီးဩဘာပေးနေသကဲ့သို့ပင် ထင်လာရ၏။

မဟာမိုးခြိမ်းသံကျောင်းတော်မှ ရဟန်းက တထာဂတ၏ အမိန့်စာလွှာကို ဖတ်ရှုပြန်ကြားသွားပြီး အဓိကဆိုလိုရင်းမှာ ဧကရာဇ်ယန်ဖုန်းသည် အာဏာရှင်တစ်ယောက် ဖြစ်ပြီး သူ့အတွက်ကြောင့် ပြည်သူပြည်သားများ ကောင်းကင်ဘုံ၏ အမျက်ကို ခံယူရခြင်း ဖြစ်ကြောင်း၊ ဧကရာဇ်အသစ်ကို မင်းကျင့်တရားငါးပါးနှင့်အညီ တော်တည့်ဖြောင့်မှန်စွာ အုပ်ချုပ်ရန် တိုက်တွန်းကြောင်း၊ ထိုသို့ဆိုလျှင် နတ်ဘုရားများ၊ ဗုဒ္ဓများက ကောင်းချီးပေးကြမည်ဖြစ်ကြောင်း အစရှိသဖြင့် ရေးသားထားသည်။

လင်ယွိရှက အမိန့်စာလွှာကို လက်ခံယူလိုက်၏။

ထို့နောက်တွင် တာအိုရသေ့တစ်ပါး တက်လာပြီး သူ့လက်ထဲ၌ တာအိုသခင်၏ အမိန့်စာလွှာကို ကိုင်ဆောင်လာသည်။ “တာအိုဂိုဏ်းရဲ့ တာအိုသခင်က အမိန့်စာလွှာ ပါးလိုက်တယ်… အရှင်မင်းကြီး လက်ခံယူပါ…”

လင်ယွိရှက ထပ်မံ၍ ဒူးထောက်လိုက်သည်။ “အပြစ်သားကျွန်တော်မျိုး တာအိုသခင်ရဲ့ အမိန့်စာလွှာကို နာခံပါမယ်…”

နန်းတွင်းအရာရှိများကြားမှ တာအိုရသေ့များကလည်း အညံ့မခံ၊ ချီစွမ်းအင်များ ထုတ်လွှတ်၍ ကောင်းကင်ယံ၌ နဂါးများ၊ ဖုန့်ဟွမ်ငှက်များ ပျံဝဲကခုန်နေသည့် မြင်ကွင်းကို ဖန်ဆင်းလိုက်ကြ၏။

တာအိုသခင်၏ အမိန့်စာလွှာတွင်လည်း ဧကရာဇ်အသစ်ကို ပြည်သူပြည်သားများအပေါ် ရင်ဝယ်သားသဖွယ် သဘောထားအုပ်ချုပ်ရန်၊ တိုင်းပြည်အရေးအတွက် ကြိုးစားအားထုတ်ရန်၊ ပြုပြင်ပြောင်းလဲမှုကဲ့သို့သော ကိစ္စရပ်များကို မပြုလုပ်ရန် တိုက်တွန်းထားခြင်းများမှလွဲ၍ အခြားမပါဝင်ချေ။

အိမ်ရှေ့မင်းသားက အမိန့်စာလွှာကို လက်ခံယူ၍ ထရပ်လိုက်သည်။ ထို့နောက် သူ၏ ဝတ်ရုံကို သပ်ရပ်အောင် ပြုပြင်ပြီး ကောင်းကင်ဘုံသို့ တောင်းပန်တိုးလျှိုးရန် ဒူးထောက်တော့မည် ပြင်လိုက်စဉ် အဝေးဆီမှ လွင့်ပျံ့လာသော ကြည်လင်ပီသသည့် အသံကျယ်ကျယ်တစ်သံကို ကြားလိုက်ရ၏။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်အထွတ်အမြတ်ဆရာက သူ့ရဲ့အမိန့်တော်ကို ကိုယ်တိုင်လာရောက် ပို့ဆောင်တယ်… အရှင်မင်းကြီး လက်ခံယူပါ…”

ထိုအသံ ကြားလိုက်ရသောအခါ ကောင်းကင်ကျောင်းတော် အောက်ဘက်၌ တဝေါဝေါ ဆူညံသွားပြီး အသံလာရာသို့ လှမ်းကြည့်လိုက်ကြသည်။

လင်ယွိရှက ကောင်းကင်ကျောင်းတော်၏ လှေကားထစ်များထံ ပြန်လျှောက်လာပြီး အောက်သို့ငုံ့ကြည့်လိုက်၏။ သူ့နေရာမှ မြင်ကွင်းအရ လူငယ်လေးတစ်ယောက်က ရဟန်းနှစ်ပါးနှင့် တာအိုရသေ့မတစ်ပါးကို ခေါ်ဆောင်ပြီး ကောင်းကင်ကျောင်းတော်ဆီသို့ လျှောက်လှမ်းလာကြောင်း တွေ့ရသည်။ ထိုရဟန်းနှစ်ပါး၏ ခြေလှမ်းများက အားအင်နည်းပါး၍ အခြေမခိုင်သကဲ့သို့ ရသေ့မမှာလည်း ကိုယ်ဝန်ရှိနေသည့်ဟန်ရပြီး သွားရလာရ အဆင်မပြေ ဖြစ်နေ၏။

ချင်မူက ကောင်းကင်ကျောင်းတော်ဆီသို့ အပြုံးတစ်ခုနှင့် လျှောက်လှမ်းလာပြီး ခပ်အေးအေး ပြောလိုက်သည်။ “မဟာမိုးခြိမ်းသံကျောင်းတော်ကလည်း အထွတ်အမြတ်နယ်မြေတစ်ခု၊ တာအိုဂိုဏ်းကလည်း အထွတ်အမြတ်နယ်မြေတစ်ခု၊ ကျုပ်ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကလည်း အထွတ်အမြတ်နယ်မြေတစ်ခုပဲ… လင်ယွိရှ… တထာဂတနဲ့ တာအိုသခင်ကိုယ်တိုင် မလာတာတောင် သူတို့ရဲ့ အမိန့်စာလွှာကို ဒူးထောက်လက်ခံပြီးမှ အခု ကျုပ်ကိုယ်တိုင်လာတာကို  ဒူးထောက်မကြိုဆိုတော့ဘူးလား…”

“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်…”

ရုတ်တရက် ဂိုဏ်းခေါင်းဆောင်တစ်ဦးက ချင်မူ့ကို အသေသတ်ရန် ခုန်ဝင်လာ၏။ ဤအခိုက်၌ ချင်မူ့ဘေးတွင် အလံကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ထိုသူ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားဆီးလိုက်သည်။ ထိုအလံကြီး ပြန့်ပြေသွားသောအခါ ခပ်ထွားထွားလူကြီးတစ်ယောက် ဓားအိမ်တစ်လက်ကို ကိုင်ဆောင်၍ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ဓားရောင်တစ်ချက် လက်သွားပြီး ခုန်ဝင်လာသော ဂိုဏ်းခေါင်းဆောင်၏ ဦးခေါင်းကို ပိုင်းဖြတ်ပစ်သည်။

ဓားအိမ်ကိုင်ဆောင်လာသောလူက သူ၏ အလံကို ပြန်လိပ်၍ ခေါင်းပြတ်နှင့်အတူ ပျောက်ကွယ်သွား၏။ အခမ်းအနားတက် လူအုပ်ကြားထဲတွင်တော့ ခေါင်းမရှိသည့် ခန္ဓာကိုယ်ကြီးတစ်ခုသာ ယိမ်းထိုးကျန်ရစ်ပြီး ပြိုလဲကျသွားသည်။

ချင်မူက မည်သည်မျှ မဖြစ်ပွားခဲ့လေဟန်ဖြင့် ရှေ့ဆက် လျှောက်လှမ်းသွား၏။ အစောင့်အကြပ်များ လှုပ်ရှားမည်ပြင်တိုင်း အလံကြီးများ ရုတ်ခြည်း ပေါ်ထွက်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စံအိမ်သခင်များ၊ ဂိုဏ်းထိန်းအကြီးအကဲများ၊ ဂိုဏ်းအုပ်များ၊ ကောင်းကင်နတ်မင်းများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာသည်။ နေရာအနှံ့၌ အလံကြီးများ လူးလွန့်လှုပ်ရှား၍ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေ၏။ အားလုံး ပြန်လည် ပျောက်ကွယ်သွားသောအခါ ကြမ်းပြင်ပေါ်တွင် ခေါင်းမဲ့အလောင်းများသာ ကျန်ရစ်သည်။

ချင်မူက ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ကို ခေါ်ဆောင်၍ ရှေ့သို့ ဆက်သွား၏။ ဘေးနားတွင်တော့ အလံကြီးများ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်။ သူ့ကို တိုက်ခိုက်ရန် ကြိုးစားသူတိုင်း အညှာတာကင်းကင်း သတ်ဖြတ်ခံကြရ၏။

သူတို့ လျှောက်လှမ်းလာရာ လမ်းတစ်လျှောက်တွင် အလောင်းကောင်များ စီတန်းကျန်ရစ်ပြီး အလောင်းကောင်အားလုံး၌ ဦးခေါင်းများ မရှိတော့ချေ။

ချင်မူ ကောင်းကင်ကျောင်းဆောင်ရှေ့သို့ ရောက်ရှိလာပြီး လှေကားထစ်များအတိုင်း တက်တော့မည်ပြင်စဉ် ဒူးထောက်နေသော အိမ်ရှေ့မင်းသား၏မိဖုရားက ရုတ်တရက် ထရပ်လိုက်သည်။ သူ ထိုသို့ လှုပ်ရှားလိုက်သည်နှင့် ကြမ်းပြင်ပေါ်သို့ အလောင်းကောင်တစ်ကောင်အဖြစ် လဲကျသွားတော့၏။

သံတမန်များ၊ ဂိုဏ်းခေါင်းဆောင်များ၊ ဂိုဏ်းသခင်များ၊ ဩဇာကြီးမိသားစုခေါင်းဆောင်များအားလုံး ခေါင်းမွေးထောင်ထသွားကြသည်။ ထပ်၍ မလှုပ်ရှားရဲကြတော့။ ကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာလမ်းစဉ်၏ နံပါတ်တစ် အထွတ်အမြတ်နယ်မြေ ဖြစ်သည်။ ၎င်းတို့၏ နာမည်ဂုဏ်သတင်းကို ကြားဖူးသည်မှာ ကြာပြီဖြစ်သော်လည်း ယခုမှသာ မျက်ဝါးထင်ထင် မြင်တွေ့ရခြင်း ဖြစ်၏။

“ရှင်မ၊ မကြည့်နဲ့…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ဇနီးကို ပြောလိုက်သည်။

ချင်မူက ကောင်းကင်ကျောင်းတော်၏ လှေကားထစ်များကို စတင်တက်လှမ်းလိုက်၏။ ရဟန်းတစ်ပါးက ရုတ်တရက် အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ ငါတို့ မင်းကို စောင့်နေတာ အတော်ကြာပြီ… တာအိုရောင်းရင်းတို့၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို ဝိုင်းတိုက်ပြီး မိစ္ဆာနှိမ်နင်းကြစို့…”

ရဟန်းများက နန်းတွင်းအရာရှိဝတ်စုံများကို ဆွဲဖြဲ၍ ချွတ်လိုက်ပြီး တာအိုရသေ့များက သူတို့၏ ဓားစက်လုံးများကို ထုတ်ယူလိုက်ကြ၏။ တစ်ခဏအတွင်း၌ ကောင်းကင်ကျောင်းတော်၏ အထက်ကောင်းကင်သို့ သတ်ဖြတ်လိုသော အရှိန်အဝါအငွေ့အသက်များ ထိုးတက်သွားသည်။

ချင်မူက ရှေ့ဆက်လျှောက်မြဲ လျှောက်သွား၏။

ဝှစ်…၊ ဝှစ်…၊ ဝှစ်…။

ကြီးမားသော အလံသုံးရာကျော် ပေါ်ထွက်လာပြီး သုံးရာခြောက်ဆယ်သော စံအိမ်သခင်များ အတူတကွ ရောက်ရှိလာကြသည်။ ဂိုဏ်းထိန်းအကြီးအကဲဆယ့်နှစ်ယောက်၊ ကောင်းကင်နတ်မင်းနှစ်ပါးနှင့် ဂိုဏ်းအုပ်ရှစ်ဦးလည်း ပေါ်ထွက်လာ၏။

ကောင်းကင်ကျောင်းတော်၌ မာန်သွင်းသတ်ဖြတ်သံများ ဆူညံသွားသည်။ ဂိုဏ်းအုပ်ရှစ်ဦးက တိုက်ခိုက်ခြင်း မပြုဘဲ ချင်မူ့ပတ်ပတ်လည်တွင် နေရာယူလိုက်ကြ၏။

ဂိုဏ်းခေါင်းဆောင်အဆင့်များ၊ သေခြင်းရှင်ခြင်းအဆင့်၊ ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်များ တိုက်ခိုက်နေကြခြင်း ဖြစ်၍ ကောင်းကင်ကျောင်းတော်တစ်ခွင်လုံး သတ်ဖြတ်လိုသော အရှိန်အဝါအငွေ့အသက်များ ပြည့်နှက်ပြီး တဝုန်းဝုန်း ပေါက်ကွဲတုန်ခါနေသည်။ ကောင်းကင်ကျောင်းတော် အနီးတစ်ဝိုက်ရှိ နန်းဆောင်များအားလုံးမှာလည်း ပြိုပျက်ကျလုနီးပါးဖြစ်သွား၏။

နန်းတွင်းတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်၍ အစောင့်တပ်သားများ အပြေးအလွှား ရောက်ရှိလာသည်။ ရွှေမြို့တော်တစ်ခွင်တွင်လည်း လှုပ်လှုပ်ရှားရှား ဖြစ်၍ ငြိမ်သက်နေသော ဩဇာကြီးမိသားစုများအားလုံး အင်တိုက်အားတိုက် ပေါက်ကွဲလှုပ်ရှားလာ၏။ နန်းတွင်းကို ကူညီပံ့ပိုးရန် ရောက်ရှိနေကြသော ရဟန်းများ၊ တာအိုရသေ့များအားလုံးမှာ ထိုဩဇာကြီးမိသားစုများထံတွင် ပိတ်မိပြီး သတ်ဖြတ်ခံလိုက်ရသည်။

သေနင်္ဂဗျူဟာစစ်သူကြီးချင်ကျန့်၊ ပထမအဆင့်အရာရှိစုယွင်ကျစ်နှင့် ကျန်သူများ ထိုင်နေသော အချုပ်ခန်းတံခါးက ရုတ်တရက် ပွင့်ဟလာ၏။ အကျဉ်းထောင်အရာရှိက ပြုံး၍ ပြောလိုက်သည်။ “အရှင်မင်းကြီး ပြန်ရောက်လာပြီ၊ ကောင်းကင်ကျောင်းတော်မှာ…”

သေနင်္ဂဗျူဟာစစ်သူကြီးနှင့် ကျန်သူများမှာ အံ့ဩဝမ်းသာပြီး အချုပ်ခန်းထဲမှ ကမန်းကတန်း ထွက်၍ ကောင်းကင်ကျောင်းတော်ဆီသို့ အပြေးသွားလိုက်၏။

“ကောင်းကင်နတ်မင်းဝေ့ ဘယ်ရောက်နေလဲ…” ကောင်းကင်နတ်မင်းယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ကောင်းကင်နတ်မင်းဝေ့ ဒီမှာ…”

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံတစ်သံ မြို့တော်တစ်ခွင်လုံး ပျံ့နှံ့သွားပြီး နယ်စားစံအိမ်မှ နယ်စားဝေ့ ခုန်ထွက်လာကာ ကောင်းကင်ကျောင်းတော်ပေါ်သို့ ကျရောက်သွား၏။ သူက ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး စူးရဲသော သွင်ပြင်မူရာဖြင့် ရှိနေသည်။ “ဘယ်ကောင်သေချင်လဲဟေ့…”

ချင်မူက ကောင်းကင်ကျောင်းတော်ထိပ်သို့ အေးဆေးသက်သာစွာ တက်လှမ်းသွား၏။ အိမ်ရှေ့မင်းသား၏ မဟာအတိုင်ပင်ခံနှင့် ကျန်သူများက တစ်ဟုန်ထိုး ပြေးဝင်လာပြီး သူ့ကိုသတ်ရန် ပြင်လိုက်သော်လည်း အကျဉ်းထောင်မှ လွတ်မြောက်လာသည့် သေနင်္ဂဗျူဟာစစ်သူကြီးနှင့် ကျန်သူများ၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ချင်မူ့ကို ဟန့်တားမည့်သူ မည်သူမျှ မရှိတော့ချေ။

ကောင်းကင်ကျောင်းတော်ထက်တွင် လင်ယွိရှမှာ တုန်လှုပ်ချောက်ချားသည့် အမူအရာ ပေါ်ထွက်လာပြီး သူ၏ ဘယ်ညာနှစ်ဖက်ရှိ ရဟန်းနှင့်ရသေ့ကို ကြည့်လိုက်သည်။ ထိုနှစ်ပါးက တစ်မုဟုတ်ချင်း ရှေ့သို့ ခုန်ထွက်သွားသော်လည်း ကြမ်းပြင်သို့ ခြေချနိုင်ခြင်း မရှိမီမှာပင် ဂိုဏ်းအုပ်ရှစ်ဦး၏ သတ်ဖြတ်ခြင်းခံရပြီး သွေးစက်များ ပြန့်ကြဲသွား၏။

“အရပ်ဘက်၊ စစ်ဘက်အရာရှိတွေ၊ ငါကိုယ်တော်က ဧကရာဇ်ပဲ…” လင်ယွိရှက တင်းမာစွာ အော်ဟစ်လိုက်သည်။ “မင်းတို့က ဒီမိစ္ဆာဂိုဏ်းသားတွေနဲ့အတူတူ ပုန်ကန်ပြီး ငါ့အမိန့်ကို ဖီဆန်ချင်တာလား…”

“ဧကရာဇ်ဟုတ်လား…” ဧကရာဇ်ယန်ဖုန်းက နှာခေါင်းတစ်ချက် ရှုံ့၍ ချင်မူပေးထားသော ဆေးလုံးကို သောက်ချလိုက်၏။ တစ်မုဟုတ်ချင်း သူ့ဆံပင်များ ပြန်ပေါက်လာပြီး မျက်နှာပေါ်မှာ ဓားဒဏ်ရာ အမာရွတ်ကိုလည်း ဖျက်ပစ်လိုက်သည်။ ထို့နောက် တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်၏။ “ငါဘယ်သူလဲဆိုတာ ကြည့်စမ်းပါဦး…”

လင်ယွိရှ၏ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလည်း ဆေးလုံးကို သောက်ချလိုက်ပြီး သူ့ဆံပင်များ ပြန်ပေါက်လာ၏။ ထို့နောက် မျက်နှာပေါ်မှ အစိမ်းရောင်အမှတ်ကို ဖျက်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုအကဲခတ်လိုက်သည်။

အရပ်ဘက်၊ စစ်ဘက်အရာရှိများမှာ ဧကရာဇ်အသစ်၏ အမိန့်ကို ကြား၍ လှုပ်ရှားမည်ပြင်စဉ် ဧကရာဇ်ယန်ဖုန်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတို့ကို မြင်မိသောအခါ အားလုံး ဒူးထောက်အရိုအသေပြုလိုက်ကြ၏။

လင်ယွိရှက ဧကရာဇ်ယန်ဖုန်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံထံ ရူးသွပ်သူတစ်ယောက်သကဲ့သို့ အော်ဟစ်၍ ပြေးဝင်သွားသည်။ “ကျုပ်က ကောင်းကင်သားတော်၊ ကျုပ်က ဧကရာဇ်ပဲ…”

ဂိုဏ်းအုပ်ရှစ်ဦးက ဆတ်ခနဲ လှုပ်ရှား၍ လင်ယွိရှကို တစ်ချက်စီ ထိုးနှက်လိုက်ကြ၏။ လင်ယွိရှမှာ သွေးတစ်လုတ် အန်ထုတ်ပြီး ခန္ဓာကိုယ်ကို လှုပ်ခါ၍ နဂါးတစ်ကောင်အသွင်ပြောင်းကာ ကောင်းကင်ယံသို့ ပျံတက်ပြေးထွက်သွားတော့သည်။ ဂိုဏ်းအုပ်ရှစ်ဦးက သူတို့၏ ဝတ်ရုံများကို တစ်ချက်မ၍ ပျောက်ကွယ်သွား၏။ နောက်တစ်ခဏ၌ လင်ယွိရှမှာ ထိုရှစ်ဦး၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရပြီး ကောင်းကင်ကျောင်းတော်၏ အလယ်သို့ ဒူးထောက်လျက် ပြန်ကျလာသည်။

ဧကရာဇ်ယန်ဖုန်းက အရပ်ဘက်၊ စစ်ဘက်အရာရှိများကို ကြည့်၍ အော်ဟစ်လိုက်၏။ “မင်းတို့တတွေ ဘာလို့ ပုန်ကန်သူတွေကို မနှိမ်နင်းသေးတာလဲ… ဘာအတွက် အဲဒီရသေ့တွေ၊ ရဟန်းတွေကို မသတ်ဖြတ်သေးတာလဲ… ငါကိုယ်တိုင် လိုက်နှိမ်နင်းမှာကို စောင့်နေတာလား…”

အရပ်ဘက်၊ စစ်ဘက်အရာရှိများက ကမန်းကတန်း ခုန်ထ၍ မဟာမိုးခြိမ်းသံကျောင်းတော်နှင့် တာအိုဂိုဏ်းမှ ရဟန်းများ၊ ရသေ့များကို တိုက်ခိုက်သတ်ဖြတ်လိုက်ကြသည်။ အပြေးအလွှား ရောက်ရှိလာကြသော နန်းတွင်းအစောင့်တပ်သားများမှာလည်း ထိုရသေ့များ၊ ရဟန်းများကို လှည့်၍ တိုက်ခိုက်လိုက်ကြ၏။

ချင်မူ ကောင်းကင်ကျောင်းတော်ထိပ်သို့ ရောက်သောအခါ လင်ယွိရှက လှုပ်ရှားရုန်းကန်နိုင်ခြင်း မရှိဘဲ ကြမ်းပြင်ထက်တွင် ဒူးထောက်ကျနေသည်။

ချင်မူက ခန္ဓာကိုယ်ကို ကိုင်းညွတ်၍ လင်ယွိရှ၏ နားနားသို့ကပ်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “အရှင်သား၊ ဒါက ဧကရာဇ်ကို ကူညီဖို့အတွက် မဟုတ်ဘူး… ကျုပ်တို့နတ်ဂိုဏ်းရဲ့ ကောင်းကင်နတ်မင်းချမ်နဲ့ ကောင်းကင်နတ်မင်းလုအတွက်ပဲ…”

လင်ယွိရှမှာ ကျောက်ရုပ်သဖွယ် ဖြစ်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင်တော့ မယုံနိုင်သည့် အသွင်များ ဖုံးလွှမ်းနေ၏။ “မင်း…”

ချင်မူက အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ဆွဲထုတ်၍ သူ့ခေါင်းကို တစ်ချက်တည်း ဖြတ်ချလိုက်သည်။

ဓားသွားကျဆင်းလာပြီး လင်ယွိရှ၏ဦးခေါင်း လေပေါ်သို့ ပျံတက်သွားသည့်အချိန်တွင် ဧကရာဇ်ယန်ဖုန်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတို့ ကောင်းကင်ကျောင်းဆောင်ထိပ်သို့ ရောက်ရှိလာ၏။

ဧကရာဇ်ယန်ဖုန်းမှာ သူ့ရှေ့ရှိ လူငယ်လေး၏ ကျောပြင်ကို ကြည့်၍ ရင်ထဲတွင် ပြင်းစွာ တုန်လှုပ်သွားသည်။ ဓားပေါ်မှ သွေးစက်များကို ခါထုတ်၍ ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်သော ထိုလူငယ်လေး၏ ပုံရိပ်က သူ့ရင်ထဲသို့ အကြောက်တရားများ ရိုက်သွင်းသွား၏။


Zawgyi

ေရႊၿမိဳ႕ေတာ္ႏွင့္ နီးသည္ထက္ နီးလာေလေလ လမ္းတစ္ေလၽွာက္ရွိ ကင္းေထာက္အေရအတြက္က ပိုမ်ားလာေလေလ ျဖစ္၏။ အျပင္ေလာက၌ ကပ္ေဘးဆိုက္ေရာက္ေနေသာ္လည္း ၿမိဳ႕ေတာ္ႏွင့္ နီးကပ္ေသာ ေနရာမ်ားတြင္ေတာ့ တီးမႈတ္ကခုန္၍ ပြဲလမ္းသဘင္မ်ား ေအးေအးခ်မ္းခ်မ္း က်င္းပေနၾကသည္။ မ်ားစြာေသာ သစ္ပင္မ်ား၌ ပိုးပဝါအနီမ်ား စည္းေႏွာင္ထားၿပီး တိုင္းတစ္ပါးမွ သံတမန္မ်ားစြာလည္း ၿမိဳ႕ေတာ္ဆီသို႔ တက္သုတ္ရိုက္ ခရီးႏွင္ေနၾက၏။ 

ဧကရာဇ္အသစ္ နန္းတက္ပြဲမွာ ေသးငယ္ေသာ ကိစၥရပ္ မဟုတ္ေပ။ အထူးသျဖင့္ ဧကရာဇ္အသစ္က နန္းသိမ္းပြဲ မခံယူရေသးမီပင္ ယခင္ဧကရာဇ္ေဟာင္းႏွင့္ မတူညီေၾကာင္း ျပသ၍ တိုင္းတစ္ပါးနိုင္ငံမ်ားအေပၚ ညႇာတာၿပီး မဟာမိတ္ဖြဲ႕လိုေသာအခါမ်ိဳးတြင္ ျဖစ္သည္။

ၿပီးခဲ့သည့္ မင္းဆက္၌ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက အနီးအပါးတိုင္းနိုင္ငံငယ္မ်ားကို သိမ္းယူျခင္း၊ တိုင္းျပည္ႀကီးမ်ားကို မလွန္နိုင္ေအာင္ တိုက္ခိုက္၍ နယ္ေျမမ်ား ဖဲ့ယူသိမ္းပိုက္ျခင္း၊ အခ်ိဳ႕ကို အညံ့ခံ၍ ပဏၰာဆက္ေစျခင္းမ်ား ျပဳလုပ္ခဲ့၏။

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံ မဟာၿမိဳ႕ပ်က္သို႔ တိုက္ခိုက္ျခင္း မျပဳမီက ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ၏ တပ္ဖြဲ႕မွာ အင္အားအႀကီးမားဆုံး အခ်ိန္အခါ ျဖစ္ၿပီး တိုင္းျပည္ႀကီးငါးခုကို တစ္ၿပိဳင္နက္ စစ္ခင္းနိုင္သည္။ သို႔ေသာ္လည္း လုပ္ႀကံသတ္ျဖတ္သူမ်ားေၾကာင့္ ဧကရာဇ္အတိုင္ပင္ခံ ဒဏ္ရာရရွိၿပီးေနာက္ပိုင္းတြင္ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ၏ နယ္ေျမခ်ဲ႕ထြင္မႈက အရွိန္ေႏွးက်သြား၏။

သို႔ေသာ္လည္း ဧကရာဇ္အသစ္က ေမာက္မာဝင့္ႂကြားျခင္း မရွိဘဲ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ၏ သိုင္းဂိုဏ္းအားလုံးကို ညႇာတာသကဲ့သို႔ တိုင္းတစ္ပါးမွ သံတမန္မ်ားကိုလည္း အေလးတယူျပဳ ဆက္ဆံသည္။ မေကာင္းဆိုးဝါး ဧကရာဇ္အတိုင္ပင္ခံ သိမ္းယူခဲ့ေသာ နယ္ေျမမ်ားကို ပိုင္ရွင္အသီးသီးထံ ျပန္ေပးအပ္သည့္အျပင္ ေလ်ာ္ေၾကးေပးရန္ပင္ ကတိျပဳၿပီး ထိုတိုင္းနိုင္ငံမ်ားႏွင့္ ဆက္ဆံေရးေကာင္းမြန္ရန္ ဆႏၵရွိေတာ္မူ၏။

တိုင္းတစ္ပါးနိုင္ငံမ်ားအေနျဖင့္ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ၏ လက္ေအာက္ခံအျဖစ္ ေနထိုင္ရမည္ဟူေသာ စည္းမ်ဥ္းကိုလည္း ဧကရာဇ္အသစ္က ပယ္ဖ်က္လိုက္သျဖင့္ အားလုံး ဝမ္းသာေပ်ာ္ရႊင္ၿပီး အေတာမသတ္ေအာင္ ခ်ီးက်ဴးဂုဏ္ျပဳၾကသည္။ ဧကရာဇ္အသစ္ လင္ယြိရွက ဉာဏ္ပညာအေျမာ္အျမင္ႏွင့္ ျပည့္စုံၿပီး ၿပီးခဲ့သည့္ ႏွစ္ေပါင္း ေထာင့္ငါးရာအတြင္း ဤကဲ့သို႔ ဧကရာဇ္မ်ိဳး ရွားပါးလွသည္ဟု ဆိုၾက၏။

ထိုမၽွသာမက သိုင္းဂိုဏ္းအသီးသီးကိုလည္း နန္းတက္ပြဲအခမ္းအနားသို႔ ႂကြေရာက္ရန္ ဧကရာဇ္အသစ္က ဖိတ္ၾကားထားသည္။ ေကာလာဟလမ်ားအရ ၿပီးခဲ့သည့္ ႏွစ္မ်ားမွ ျပဳျပင္ေျပာင္းလဲမႈအတြက္ သူ၏ အျပစ္မ်ားကို ေရးခ်၍ ေကာင္းကင္ဘုံ၏ အမ်က္ေဒါသကို ခံယူကာ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာမွ ျပည္သူျပည္သားမ်ားကို ခြင့္လႊတ္ရန္ ေတာင္းပန္တိုးလၽွိုးမည္ဟု ဆို၏။

“ဒီအကြက္က တကယ့္ကို ရက္စက္တာပဲ…” ခ်င္မူက ခ်ီးက်ဴးမဆုံး ရွိသည္။ ဧကရာဇ္အတိုင္ပင္ခံႏွင့္ ဧကရာဇ္ကို ေျပာလိုက္၏။ “ခင္ဗ်ားတို႔က ဒီျပဳျပင္ေျပာင္းလဲမႈကို ႏွစ္ေပါင္းႏွစ္ရာတိတိ ႀကိဳးစားပမ္းစား တည္ေဆာက္ၿပီး မေကာင္းတဲ့ အစဥ္အလာေတြ ျဖဳတ္ခ်၊ တာအိုသေဘာတရား၊ က်င့္စဥ္၊ ေကာင္းကင္နတ္သိုင္းေတြ တိုးတက္လာေအာင္ တြန္းတင္ခဲ့ရတာ… ကိုယ့္ကိုယ္ကိုယ္ကို အေတာမသတ္ေအာင္ နာမည္အပ်က္ခံၿပီး မေရမတြက္နိုင္တဲ့ ေသြးေခၽြးေတြ ရင္းခဲ့ရတယ္… ခင္ဗ်ားတို႔ေခတ္ကလူေတြရဲ့ ေသြးစက္ေတြ အမ်ားႀကီးရင္းၿပီးမွ ဒီေန႔ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာဆိုတာ ျဖစ္လာတာ၊ အခုေတာ့ ဒီဧကရာဇ္အသစ္က အျပစ္ဝန္ခံပစ္ၿပီး ခင္ဗ်ားတို႔ ႏွစ္ႏွစ္ရာေက်ာ္ ႀကိဳးစားလာတာေတြ၊ ႏွစ္ႏွစ္ရာေက်ာ္ စြန႔္လႊတ္ခဲ့ရတဲ့ စစ္သည္ေတြရဲ့ အသက္ေတြ… အကုန္လုံးကို ဖ်က္ဆီးပစ္လိုက္တာပဲ… ဒီအကြက္က ရက္စက္တယ္၊ တကယ့္ကို ရက္စက္တယ္…”

ဧကရာဇ္ယန္ဖုန္းက ခပ္အုပ္အုပ္ ညည္းညဴလိုက္ၿပီး ရင္ဝဆီမွ စူးေအာင့္နာက်င္မႈကို ခံစားမိသည္။ သူ ငိုခ်င္ေသာ္လည္း မ်က္ရည္က ထြက္က်မလာေပ။ အက္ကြဲကြဲ ေလသံျဖင့္ ေရရြတ္လိုက္မိ၏။ “ယြီရွ၊ ေကာင္းလိုက္တဲ့သား… ငါ့ရင္ဝကို စိုက္တဲ့ ဓားတစ္ေခ်ာင္းလို႔ပဲ သတ္မွတ္ရေတာ့မယ္…”

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက အမူအရာကင္းမဲ့ေသာ မ်က္ႏွာျဖင့္သာ ရွိေနသည္။ “ၿမိဳ႕ေတာ္ကို ေရာက္တဲ့အခါ လူေဟာင္းေတြကို ဆက္သြယ္မယ္… နန္းတြင္းရဲ့ ဝန္မင္းအမ်ားစုကလည္း အရွင္မင္းႀကီးကို ေထာက္ခံမွာပဲ… နဂါးကိုးေကာင္သိုက္ထဲမွာ ပုန္းခိုေနတဲ့ နဂါးအေစာင့္လၽွို႔ဝွက္တပ္ဖြဲ႕နဲ႔ေရာဆို ေရႊၿမိဳ႕ေတာ္ကို ကၽြန္ေတာ္တို႔ အခ်ိန္မေရြး တိုက္ခိုက္လို႔ရတယ္… တစ္ခုတည္းေသာ ျပႆနာက မဟာမိုးၿခိမ္းသံေက်ာင္းေတာ္နဲ႔ တာအိုဂိုဏ္းက တာအိုရေသ့ေတြ၊ ရဟန္းေတြကို  နယ္စားဘုရင္ခံ၊ နယ္စား၊ ဝန္မင္းေတြရဲ့ ေနအိမ္မွာ ပို႔ထားတာပဲ… ဂိုဏ္းသခင္ခ်င္၊ ၿမိဳ႕ထဲဝင္ၿပီး သူတို႔နဲ႔ ေတြ႕ဆုံခြင့္ရေအာင္ ေကာင္းကင္နတ္ဆိုးဂိုဏ္းရဲ့ အင္အားကို ငါတို႔ အသုံးျပဳရလိမ့္မယ္…”

ခ်င္မူက ေခါင္းခါယမ္းလိုက္၏။ “အဲေလာက္ ဒုကၡခံစရာ မလိုပါဘူး…”

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံ မွင္တက္မိသြားသည္။

“မဟာမိုးၿခိမ္းသံေက်ာင္းေတာ္နဲ႔ တာအိုဂိုဏ္းရဲ့ အင္အားက ျပန႔္က်ဲေနတာ… အေျခအေနတစ္ခုလုံးကို ထိန္းခ်ဳပ္ခ်င္ေတာ့ ဟာကြက္ေတြ ျဖစ္ကုန္တာေပါ့…”

ခ်င္မူက ေျခလွမ္းမ်ား ရပ္တန႔္လိုက္၏။ လက္ရွိတြင္ သူတို႔က ဟို႔က်ီၿမိဳ႕သို႔ ေရာက္ရွိေနၿပီး ေရႊၿမိဳ႕ေတာ္ႏွင့္ မိုင္တစ္ရာခန႔္သာ ေဝးေတာ့သည္။ ေရွ႕တြင္ေတာ့ ေခါက္မုန႔္ဆိုင္တစ္ဆိုင္ ရွိေန၏။ “ဒီေခါက္မုန႔္လိုပဲ တအားျဖန႔္က်က္လြန္းရင္ တစ္ခ်က္ထိုးလိုက္တာနဲ႔ အကုန္ပဲ့က်သြားေရာ… သူတို႔ရဲ့ ေခါက္မုန႔္ကို ႀကီးႀကီးလုပ္ခ်င္ေလ၊ ပါးပါးေလးပဲ ရေလေပါ့… အိမ္ေရွ႕မင္းသား နန္းသိမ္းပြဲ ခံယူတဲ့အခါ သူ႔နားမွာ ေစာင့္ၾကပ္ဖို႔ အင္အားအလုံအေလာက္ ရွိေတာ့မွာ မဟုတ္ဘူး… အဲဒီအခ်ိန္က်ရင္ နယ္စားဘုရင္ခံ၊ နယ္စား၊ ဝန္မင္းေတြအိမ္မွာ ထားထားတဲ့ တာအိုရေသ့ေတြ၊ ဘုန္းေတာ္ႀကီးေတြ အကုန္လုံး အဲဒီနယ္စားဘုရင္ခံ၊ နယ္စား၊ ဝန္မင္းေတြရဲ့ ထိန္းခ်ဳပ္တာကို ျပန္ခံရလိမ့္မယ္… နန္းသိမ္းပြဲေနရာကို ကူညီဖို႔ ေရာက္ေအာင္ လာနိုင္ၾကမွာ မဟုတ္ဘူး…”

ေခါက္မုန႔္လုပ္ၿပီးသြားေသာအခါ ဆိုင္ရွင္က ဆီစိမ္စကၠဴျဖင့္ လိပ္ေပးလိုက္သည္။ ခ်င္မူ ဆိုင္ရွင္ထံမွ လွမ္းယူ၍ ဧကရာဇ္အတိုင္ပင္ခံ၏ ဇနီးကို ပထမဆုံး ကမ္းေပးလိုက္၏။

အတိုင္ပင္ခံကေတာ္က တစ္ကိုက္ကိုက္ၾကည့္ၿပီး ေတာက္ပေသာ မ်က္ဝန္းမ်ားျဖင့္ ေဘးဘီသို႔ လွည့္ပတ္ၾကည့္ရႈလိုက္သည္။ ထို႔ေနာက္ ေလသံတိုးတိုးျဖင့္ ေမးလိုက္၏။ “ဂိုဏ္းသခင္၊ သူမ်ားၾကားသြားမွာ မစိုးရိမ္ဘူးလား… ဒီလာတဲ့တစ္လမ္းလုံး အိမ္ေရွ႕မင္းသားရဲ့ ကင္းေထာက္ေတြ ဒီေလာက္အမ်ားႀကီး ေတြ႕ခဲ့တာကို…”

“စိုးရိမ္စရာ မရွိပါဘူး…” ခ်င္မူက အသာအယာ ျပဳံးလိုက္သည္။

႐ုတ္တရက္ ေဈးထဲရွိ လမ္းသြားလမ္းလာမ်ား၊ ကုန္သည္မ်ား၊ အသီးအရြက္ေရာင္းဝယ္သူမ်ား၊ သားသတ္သမားမ်ား၊ ေခါင္းရြက္ဗ်က္ထိုးေဈးသည္မ်ားအားလုံး ၿငိမ္က်သြားၿပီး သူတို႔ရွိရာဘက္သို႔ ေခါင္းလွည့္ၾကည့္လာၾက၏။

“ဂိုဏ္းသခင္…” ထိုလူမ်ားက တစ္ၿပိဳင္နက္ ေရရြတ္လိုက္ၾကသည္။

ခ်င္မူက လက္ေဝွ႕ယမ္း၍ ျပဳံးျပလိုက္၏။ “လုပ္စရာရွိတာ ဆက္လုပ္ၾက၊ ငါတို႔ကို မေႏွာင့္ယွက္နဲ႔…”

ဧကရာဇ္အတိုင္ပင္ခံ၏ ဇနီးမွာ အံ့ဩတုန္လႈပ္သြားၿပီး ဧကရာဇ္ယန္ဖုန္းက သက္ျပင္းခ်လိုက္သည္။ “စည္းမ်ဥ္းဥပေဒကို တစ္သေဝမတိမ္း လိုက္နာေအာင္ ေစခိုင္းနိုင္ရင္ ဘုရင္တစ္ပါး ျဖစ္လာတာပဲတဲ့… ဂိုဏ္းသခင္ခ်င္၊ မင္းက ငါ့ကို ထိတ္လန႔္ေစတယ္၊ မင္းရဲ့ ေကာင္းကင္နတ္ဆိုးဂိုဏ္းက ငါ့ကို ထိတ္လန႔္ေစတယ္…”

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက ဝင္ေျပာလိုက္၏။ “စည္းမ်ဥ္းဥပေဒကို တစ္သေဝမတိမ္း လိုက္နာၿပီး တစ္ညီတစ္ညြတ္တည္း လႈပ္ရွားေဆာင္ရြက္ေအာင္ ေစခိုင္းနိုင္တာဟာ ဧကရာဇ္တစ္ပါးရဲ့ အရည္အခ်င္းပါပဲ… အရွင္မင္းႀကီး စိတ္ပူသင့္ပါတယ္… ဒါေပမဲ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္းႏွစ္ေသာင္းေက်ာ္၊ ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းကို စတင္တည္ေထာင္ကတည္းက ကိုယ့္ကိုယ္ကိုယ္ ဧကရာဇ္လို႔ ရည္ညႊန္းတဲ့ ဂိုဏ္းသခင္ တစ္ေယာက္မွ မရွိခဲ့ဖူးပါဘူး… အရွင္မင္းႀကီး စိတ္ေအးေအး ထားပါ…”

ဧကရာဇ္ယန္ဖုန္းက ေဒါသတႀကီး ေျပာလိုက္သည္။ “မင္းတို႔အားလုံးက ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းရဲ့ လူေတြပဲ… မင္းတို႔ လင္မယားႏွစ္ေယာက္စလုံးက ေကာင္းကင္နတ္မင္းနဲ႔ စံအိမ္သခင္ မဟုတ္ဘူးလား… ဒီေနရာမွာ ငါတစ္ေယာက္ပဲ အျပင္လူရွိတာ… ငါ့ကို အ႐ူးလာလုပ္မေနနဲ႔…”

ခ်င္မူက ကမန္းကတန္း ေမးလိုက္၏။ “အဲဒါဆို အရွင္မင္းႀကီးေရာ ကၽြန္ေတာ္တို႔ဂိုဏ္းကို ဝင္ခ်င္ေသးလား…”

…။

“ၿမိဳ႕ထဲကို ငါတို႔ ဘယ္လို ဝင္ၾကမလဲ…”

ၿမိဳ႕ေတာ္ႏွင့္ နီးကပ္လာေသာအခါ ဧကရာဇ္ယန္ဖုန္းက အေစာင့္အၾကပ္ တင္းက်ပ္စြာ ခ်ထားေသာ ၿမိဳ႕ရိုးတံခါးကို လွမ္းေမၽွာ္ၾကည့္လိုက္သည္။ အေစာင့္မ်ားက ႏွိုက္ႏွိုက္ခၽြတ္ခၽြတ္ စစ္ေဆးေနသျဖင့္ ၿမိဳ႕ထဲသို႔ ဝင္ရန္မွာ ေကာင္းကင္ဘုံထိ ပ်ံတက္ရသကဲ့သို႔ ခက္ခဲေပလိမ့္မည္။ ယေန႔က အိမ္ေရွ႕မင္းသား နန္းတက္၍ ဧကရာဇ္အသစ္ ျဖစ္လာမည့္ေန႔ ျဖစ္၏။ ယေန႔တြင္ ဧကရာဇ္အသစ္က ေကာင္းကင္ေက်ာင္းေဆာင္၌ ေကာင္းကင္ဘုံ၏ အျပစ္ဒဏ္ခတ္မႈကို ခံယူမည္ ျဖစ္သည္။ အားလုံးေသာ သံတမန္မ်ား၊ ဂိုဏ္းသခင္မ်ား၊ ဂိုဏ္းခ်ဳပ္မ်ား၊ ဩဇာႀကီးမိသားစုေခါင္းေဆာင္မ်ားႏွင့္တကြ အရပ္ဘက္၊ စစ္ဘက္ နန္းတြင္းအရာရွိမ်ား နန္းတက္ပြဲသို႔ တက္ေရာက္ၾကမည္ ျဖစ္ရာ လုံျခဳံေရးက အထူးတင္းၾကပ္ေန၏။

ခ်င္မူက ေခါင္းခါယမ္းလိုက္သည္။ “ျပႆနာမရွိပါဘူး… ဒီအတိုင္းပဲ ဝင္သြားၾကတာေပါ့…”

ဧကရာဇ္ယန္ဖုန္းမွာ ေက်ာက္႐ုပ္သဖြယ္ ျဖစ္သြား၏။ ခ်င္မူက သူတို႔ကို ၿမိဳ႕ရိုးတံခါးသို႔ ေခၚေဆာင္သြားသည္။ အေစာင့္စစ္သည္မ်ားက သူတို႔ကို အေရးပင္မစိုက္ဘဲ ဝင္ခြင့္ျပဳလိုက္၏။

“သူတို႔လည္း ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းကပဲလား…” ဧကရာဇ္အတိုင္ပင္ခံ၏ ဇနီးက မွင္တက္မိေနၿပီး ခ်င္မူ႔ကို ေလသံတိုးတိုးျဖင့္ ေမးလိုက္သည္။ “ဧကရာဇ္ ရွိေနတာဆိုေတာ့ သိပ္ၿပီး ဟိတ္ဟန္မလုပ္နဲ႔… မဟုတ္ရင္ အရွင္မင္းႀကီးက ဂိုဏ္းသခင္ကို သကၤာမကင္းျဖစ္ၿပီး မနာလိုလိမ့္မယ္… သူက သိုင္းဂိုဏ္းအားလုံးရဲ့ အထက္မွာရွိတဲ့ တိုင္းျပည္တစ္ျပည္ ထူေထာင္ခ်င္တာ၊ တိုင္းျပည္ေတြရဲ့ အထက္မွာရွိတဲ့ သိုင္းဂိုဏ္းတစ္ဂိုဏ္းကို ဖန္တီးခ်င္တာ မဟုတ္ဘူး… နည္းနည္းဆင္ျခင္ပါ ဂိုဏ္းသခင္…”

ခ်င္မူ ဧကရာဇ္ယန္ဖုန္းကို လွမ္းၾကည့္လိုက္ေသာအခါ အမွန္ပင္ စိုးရိမ္ပူပန္သည့္ဟန္ ေပါက္ေနေၾကာင္း ေတြ႕ရ၏။ ဤသည္က ပုံမွန္ပင္ ျဖစ္သည္။ နန္းစိုက္ၿမိဳ႕ေတာ္၏ ၿမိဳ႕ရိုးတံခါးကို ေစာင့္ၾကပ္ရေသာ နန္းတြင္းအေစာင့္တပ္သားမ်ားက ေကာင္းကင္နတ္ဆိုးဂိုဏ္း၏ လူမ်ားျဖစ္ေနသည္ဆိုလၽွင္ အဘယ္သို႔ စိတ္ေအးနိုင္ပါမည္နည္း။

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက ေျပာလိုက္၏။ “အခု ၿမိဳ႕ထဲေရာက္ၿပီဆိုေတာ့ ဘာဆက္လုပ္ၾကမွာလဲ…”

ခ်င္မူက ေဆးလုံးႏွစ္လုံး ထုတ္ယူၿပီး ဧကရာဇ္ယန္ဖုန္းႏွင့္ ဧကရာဇ္အတိုင္ပင္ခံကို တစ္လုံးစီ ေပးလိုက္သည္။ “ေကာင္းကင္ေက်ာင္းေဆာင္ကို သြားၿပီး အိမ္ေရွ႕မင္းသားရဲ့ နန္းတက္ပြဲကို သြားၾကည့္ၾကမယ္…”

နန္းတြင္းညီလာခံခန္းမ၌ ႏႈတ္ခြန္းဆက္သသံ ေပၚထြက္လာ၏။

“အရွင္မင္းႀကီး သက္ေတာ္ရာေက်ာ္ ရွည္ပါေစ…”

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ အိမ္ေရွ႕မင္းသား လင္ယြိရွက နဂါးဝတ္႐ုံကို ဝတ္ဆင္၍ နဂါးပလႅင္ေပၚတြင္ ထိုင္ေနၿပီး သူ႔ေဘးတစ္ဖက္တစ္ခ်က္တြင္ ရဟန္းတစ္ပါးႏွင့္ ရေသ့တစ္ပါး မတ္တတ္ရပ္ေနသည္။ ေအာက္ဘက္တြင္ေတာ့ အရပ္ဘက္၊ စစ္ဘက္ နန္းတြင္းအရာရွိမ်ားက ဧကရာဇ္အသစ္ကို ဝပ္တြားႏႈတ္ဆက္ေနၾက၏။ ဤျမင္ကြင္းက လြန္စြာ ႀကီးက်ယ္ခမ္းနားလွသည္။ အရပ္ဘက္၊ စစ္ဘက္အရာရွိအေရအတြက္က အလြန္တရာ မ်ားျပားလွသျဖင့္ ညီလာခံခန္းမတစ္ခုလုံး ျပည့္လၽွံေနၿပီး ခန္းမအျပင္ဘက္ႏွင့္ ေလွကားထစ္မ်ားေပၚတြင္ပင္ ဒူးေထာက္ေနသူ အမ်ားအျပား ရွိ၏။

ခန္းမထဲတြင္ တိုင္းတစ္ပါးမွ သံတမန္မ်ားလည္း သက္ဆိုင္ရာ တိုင္းျပည္ကိုယ္စားျပဳ အလံမ်ားကို ကိုင္ေဆာင္၍ ေရာက္ရွိေနၾကသည္။ သူတို႔၏ အနီးတြင္ေတာ့ သိုင္းဂိုဏ္းေခါင္းေဆာင္မ်ား၊ ဂိုဏ္းသခင္မ်ား ရွိ၏။

ဧကရာဇ္အသစ္ နန္းတက္ပြဲအခမ္းအနားက အေတာ္ေလး ရႈပ္ေထြးလွသျဖင့္ အခမ္းအနား ၿပီးဆုံးေသာအခါ မြန္းလြဲလုၿပီ ျဖစ္သည္။

ေႏြဦး၏ ေနရွိန္က ျပင္းျပျခင္း မရွိလွ။ လင္ယြိရွက ေရွ႕ဆုံးမွ ေလၽွာက္လွမ္း၍ နန္းတြင္းအရာရွိမ်ားကို ဦးေဆာင္ကာ ခန္းမအျပင္ဘက္သို႔ ထြက္လာသည္။ သူတို႔၏ ေနာက္ဘက္တြင္ေတာ့ အခမ္းအနားေစာင့္တပ္ဖြဲ႕ ထက္ၾကပ္မကြာ လိုက္ပါလာ၏။ အေစာင့္တပ္ဖြဲ႕မွ အမ်ားစုမွာ ဘုန္းေတာ္ႀကီးမ်ား၊ ရေသ့မ်ား ျဖစ္ၿပီး တရားစာ၊ တာအိုက်မ္းစာမ်ား ပဲ့တင္ထပ္ေအာင္ ရြတ္ဖတ္ေနၾကသည္။ ေနာက္ဘက္တြင္ အိမ္ေရွ႕မင္းသား၏ မိဖုရားႏွင့္ နန္းတြင္းအပ်ိဳေတာ္တစ္သိုက္၊ ထို႔ေနာက္တြင္ တိုင္းတစ္ပါးမွ သံတမန္မ်ား လိုက္ပါလာ၏။ သိုင္းဂိုဏ္းမ်ား၊ ဩဇာႀကီးမိသားစုမ်ား၏ ေခါင္းေဆာင္မ်ားလည္း သူတို႔ေနာက္မွ ေကာင္းကင္ေက်ာင္းေဆာင္အထိ လိုက္ပါလာၿပီး လူအုပ္က ပို၍ ပို၍ မ်ားျပားလာသည္။

လင္ယြိရွ၏ ေနာက္တြင္ ရွိေနသည္က သူ၏ မဟာကိုယ္ရံေတာ္ႏွင့္ မဟာအတိုင္ပင္ခံ၊ အျခား ပထမအဆင့္ အျမင့္စံ နန္းတြင္းအရာရွိမ်ား ျဖစ္၏။ ထိုသူမ်ားက နန္းတြင္းမိသားစု၏ အမႈထမ္းမ်ား၊ အိမ္ေရွ႕မင္းသား၏ လက္႐ုံးမ်ား ျဖစ္ၿပီး အလြန္တရာ ျမင့္မားေသာ ရာထူးမ်ား ရွိၾကသည္။ ယခု ဧကရာဇ္က နတ္ရြာစံသြားသျဖင့္ ထီးနန္းကို ဆက္ခံရမည့္သူမွာ လင္ယြိရွသာ ျဖစ္၏။ နန္းတြင္း၌ ေျခကုပ္ရယူထားနိုင္သည့္ အင္အားက ခိုင္မာျခင္း မရွိေသးေၾကာင္း သိသျဖင့္ သူ႔အမိန႔္ကို မနာခံေသာ အရာရွိမ်ားကို ျဖဳတ္ခ်ၿပီး မဟာမိုးၿခိမ္းသံေက်ာင္းေတာ္ႏွင့္ တာအိုဂိုဏ္းမွ ရဟန္းမ်ား၊ ရေသ့မ်ား ဖိတ္ေခၚကာ ရာထူးမ်ား ေပးအပ္ထားသည္။

နန္းတြင္း၏ အရာရွိထက္ဝက္နီးပါးမွာ ရဟန္းမ်ား၊ ရေသ့မ်ား ျဖစ္သျဖင့္ က်မ္းစာရြတ္ဖတ္၍ ေကာင္းကင္ေက်ာင္းေဆာင္သို႔ ႂကြခ်ီၾကသည့္ ျမင္ကြင္းက အေတာ္ေလး ထူးဆန္းေန၏။

နယ္စားေဝ့၊ ထိုက္ေတာင္ဘုရင္၊ က်ဴးေကာစစ္သူႀကီးမ်ား၊ ေသနဂၤဗ်ဴဟာစစ္သူႀကီးႏွင့္ က်န္သူမ်ားကိုေတာ့ လင္ယြိရွက အသက္အရြယ္အရ အနားယူခြင့္ျပဳလိုက္သည္။ သူတို႔အေနျဖင့္ လတ္တေလာ၌ ၿမိဳ႕ေတာ္တြင္သာ ေနထိုင္၍ အခန္းအနားၿပီးမွ ဇာတိၿမိဳ႕မ်ားသို႔ ျပန္ရမည္ ျဖစ္၏။

နန္းတြင္း၏ အရာရွိတစ္ဝက္နီးပါးမွာ အသက္အရြယ္အရ အိမ္ျပန္အနားယူရမည္ ျဖစ္ၿပီး ထိုထဲမွ အခ်ိဳ႕မွာ အေတာ္ေလး ငယ္ရြယ္ေသးသည္။ ဤသည္က အေတာ္ေလး ထူးဆန္းေသာ ျဖစ္ရပ္ပင္ မဟုတ္ပါလား။

လင္ယြိရွမွာ ထိုအရာရွိမ်ားကို ရာထူး႐ုပ္သိမ္းလိုက္ေသာ္လည္း စိတ္မေအးနိုင္ေသးဘဲ ေတာ္လွန္ပုန္ကန္မည္စိုးသျဖင့္ ၿမိဳ႕ျပင္သို႔ ထြက္ခြင့္မျပဳဝံ့ေခ်။ သို႔ျဖစ္၍ ေနအိမ္မ်ားတြင္ အက်ယ္ခ်ဳပ္ထား၍ ရဟန္းမ်ားႏွင့္ တာအိုရေသ့မ်ားကို ေစာင့္ၾကပ္ၾကည့္ရႈခိုင္းထားသည္။ ထိုက္ေတာင္ဘုရင္၊ ေသနဂၤဗ်ဴဟာစစ္သူႀကီးႏွင့္ က်န္သူမ်ားကိုေတာ့ ေထာင္သြင္းအက်ဥ္းခ်ထား၏။

ေကာင္းကင္ေက်ာင္းေဆာင္သို႔ ေရာက္ေသာအခါ ရဟန္းမ်ားႏွင့္ တာအိုရေသ့မ်ားက ေလွကားထစ္မ်ား၏ ဘယ္ညာႏွစ္ဖက္တြင္ ခြဲရပ္လိုက္ၾကသည္။ လင္ယြိရွက နဂါးဝတ္႐ုံကို တရြတ္တိုက္ဆြဲ၍ ေလွကားထစ္မ်ားအတိုင္း တစ္ကိုယ္တည္း တက္သြား၏။ သူ၏ မိဖုရားႏွင့္ ေမာင္းမမိႆံမ်ားကေတာ့ ေလွကားေအာက္ေျခ၌ ဒူးေထာက္လ်က္သား က်န္ရစ္သည္။

ေလွကားထစ္မ်ားက လြန္စြာ ရွည္လ်ားၿပီး အထစ္ေပါင္း ကိုးရာကိုးဆယ့္ကိုးထစ္ ရွိ၏။ ေကာင္းကင္ေက်ာင္းေဆာင္ထိပ္သို႔ လင္ယြိရွ ေရာက္ရွိၿပီး ဒူးေထာက္ခ်ရန္ ျပင္လိုက္စဥ္ တည္ၾကည္ေလးနက္ေသာ အသံတစ္သံ ႐ုတ္တရက္ ေပၚထြက္လာသည္။ “မဟာမိုးၿခိမ္းသံေက်ာင္းေတာ္ရဲ့ တထာဂတ ဗုဒၶရွင္ေတာ္ျမတ္က အမိန႔္စာလႊာ ပို႔သလိုက္တယ္… အရွင္မင္းႀကီး အမိန႔္စာလႊာလက္ခံပါ…”

ရဟန္းတစ္ပါးက တည္ၾကည္ေလးနက္ေသာ အမူအရာျဖင့္ ေလၽွာက္လွမ္းထြက္လာ၏။ သူ၏ ေနာက္ေက်ာဘက္တြင္ ဗုဒၶေရာင္ျခည္အလင္းတန္းမ်ား လွည္းဘီးတစ္ခုအျဖစ္ ဖြဲ႕တည္၍ လက္ထဲတြင္ တထာဂတ၏ အမိန႔္စာလႊာကို ကိုင္ေဆာင္လာသည္။

လင္ယြိရွက ကမန္းကတန္း ဒူးေထာက္ထိုင္ခ်၍ အမိန႔္စာလႊာကို လက္ခံယူၿပီး ရိုေသေလးစားစြာ ေျပာၾကားလိုက္၏။ “အျပစ္သားကၽြန္ေတာ္မ်ိဳး သုံးေလာကထြတ္ထား တထာဂတအရွင္ဘုရားရဲ့ အမိန႔္စာလႊာကို နာခံပါမယ္…”

ေအာက္ဘက္ရွိ ယခင္ဝန္မင္းေဟာင္းမ်ားမွာ မ်က္ေမွာင္ၾကဳတ္သြားေသာ္လည္း မည္သည္ကိုမၽွ မဆိုဘဲ ေခါင္းငုံ႔ခ်လိုက္ၾကသည္။ ဗုဒၶဂိုဏ္းမွ ရဟန္းမ်ားျဖစ္သည့္ အျခားဝန္မင္းမ်ားကေတာ့ ဗုဒၶတရားစာမ်ားကို သံၿပိဳင္ရြတ္ဆိုလိုက္သျဖင့္ ဗုဒၶအရွိန္အဝါအေငြ႕အသက္မ်ား ပတ္ဝန္းက်င္တစ္ခြင္လုံး လႊမ္းျခဳံသြား၏။

မိုးေပၚမွ ေကာင္းကင္နတ္ပန္းမ်ား တဖြဲဖြဲ က်ဆင္း၍ နတ္ဘုရားႏွင့္ ဗုဒၶပုံရိပ္မ်ား ေပၚထြက္လာသည္။ ဤအခမ္းအနားကို နတ္ဘုရားမ်ား၊ ဗုဒၶမ်ားက ေကာင္းခ်ီးဩဘာေပးေနသကဲ့သို႔ပင္ ထင္လာရ၏။

မဟာမိုးၿခိမ္းသံေက်ာင္းေတာ္မွ ရဟန္းက တထာဂတ၏ အမိန႔္စာလႊာကို ဖတ္ရႈျပန္ၾကားသြားၿပီး အဓိကဆိုလိုရင္းမွာ ဧကရာဇ္ယန္ဖုန္းသည္ အာဏာရွင္တစ္ေယာက္ ျဖစ္ၿပီး သူ႔အတြက္ေၾကာင့္ ျပည္သူျပည္သားမ်ား ေကာင္းကင္ဘုံ၏ အမ်က္ကို ခံယူရျခင္း ျဖစ္ေၾကာင္း၊ ဧကရာဇ္အသစ္ကို မင္းက်င့္တရားငါးပါးႏွင့္အညီ ေတာ္တည့္ေျဖာင့္မွန္စြာ အုပ္ခ်ဳပ္ရန္ တိုက္တြန္းေၾကာင္း၊ ထိုသို႔ဆိုလၽွင္ နတ္ဘုရားမ်ား၊ ဗုဒၶမ်ားက ေကာင္းခ်ီးေပးၾကမည္ျဖစ္ေၾကာင္း အစရွိသျဖင့္ ေရးသားထားသည္။

လင္ယြိရွက အမိန႔္စာလႊာကို လက္ခံယူလိုက္၏။

ထို႔ေနာက္တြင္ တာအိုရေသ့တစ္ပါး တက္လာၿပီး သူ႔လက္ထဲ၌ တာအိုသခင္၏ အမိန႔္စာလႊာကို ကိုင္ေဆာင္လာသည္။ “တာအိုဂိုဏ္းရဲ့ တာအိုသခင္က အမိန႔္စာလႊာ ပါးလိုက္တယ္… အရွင္မင္းႀကီး လက္ခံယူပါ…”

လင္ယြိရွက ထပ္မံ၍ ဒူးေထာက္လိုက္သည္။ “အျပစ္သားကၽြန္ေတာ္မ်ိဳး တာအိုသခင္ရဲ့ အမိန႔္စာလႊာကို နာခံပါမယ္…”

နန္းတြင္းအရာရွိမ်ားၾကားမွ တာအိုရေသ့မ်ားကလည္း အညံ့မခံ၊ ခ်ီစြမ္းအင္မ်ား ထုတ္လႊတ္၍ ေကာင္းကင္ယံ၌ နဂါးမ်ား၊ ဖုန႔္ဟြမ္ငွက္မ်ား ပ်ံဝဲကခုန္ေနသည့္ ျမင္ကြင္းကို ဖန္ဆင္းလိုက္ၾက၏။

တာအိုသခင္၏ အမိန႔္စာလႊာတြင္လည္း ဧကရာဇ္အသစ္ကို ျပည္သူျပည္သားမ်ားအေပၚ ရင္ဝယ္သားသဖြယ္ သေဘာထားအုပ္ခ်ဳပ္ရန္၊ တိုင္းျပည္အေရးအတြက္ ႀကိဳးစားအားထုတ္ရန္၊ ျပဳျပင္ေျပာင္းလဲမႈကဲ့သို႔ေသာ ကိစၥရပ္မ်ားကို မျပဳလုပ္ရန္ တိုက္တြန္းထားျခင္းမ်ားမွလြဲ၍ အျခားမပါဝင္ေခ်။

အိမ္ေရွ႕မင္းသားက အမိန႔္စာလႊာကို လက္ခံယူ၍ ထရပ္လိုက္သည္။ ထို႔ေနာက္ သူ၏ ဝတ္႐ုံကို သပ္ရပ္ေအာင္ ျပဳျပင္ၿပီး ေကာင္းကင္ဘုံသို႔ ေတာင္းပန္တိုးလၽွိုးရန္ ဒူးေထာက္ေတာ့မည္ ျပင္လိုက္စဥ္ အေဝးဆီမွ လြင့္ပ်ံ႕လာေသာ ၾကည္လင္ပီသသည့္ အသံက်ယ္က်ယ္တစ္သံကို ၾကားလိုက္ရ၏။ “ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းရဲ့ ဂိုဏ္းသခင္အထြတ္အျမတ္ဆရာက သူ႔ရဲ့အမိန႔္ေတာ္ကို ကိုယ္တိုင္လာေရာက္ ပို႔ေဆာင္တယ္… အရွင္မင္းႀကီး လက္ခံယူပါ…”

ထိုအသံ ၾကားလိုက္ရေသာအခါ ေကာင္းကင္ေက်ာင္းေတာ္ ေအာက္ဘက္၌ တေဝါေဝါ ဆူညံသြားၿပီး အသံလာရာသို႔ လွမ္းၾကည့္လိုက္ၾကသည္။

လင္ယြိရွက ေကာင္းကင္ေက်ာင္းေတာ္၏ ေလွကားထစ္မ်ားထံ ျပန္ေလၽွာက္လာၿပီး ေအာက္သို႔ငုံ႔ၾကည့္လိုက္၏။ သူ႔ေနရာမွ ျမင္ကြင္းအရ လူငယ္ေလးတစ္ေယာက္က ရဟန္းႏွစ္ပါးႏွင့္ တာအိုရေသ့မတစ္ပါးကို ေခၚေဆာင္ၿပီး ေကာင္းကင္ေက်ာင္းေတာ္ဆီသို႔ ေလၽွာက္လွမ္းလာေၾကာင္း ေတြ႕ရသည္။ ထိုရဟန္းႏွစ္ပါး၏ ေျခလွမ္းမ်ားက အားအင္နည္းပါး၍ အေျခမခိုင္သကဲ့သို႔ ရေသ့မမွာလည္း ကိုယ္ဝန္ရွိေနသည့္ဟန္ရၿပီး သြားရလာရ အဆင္မေၿပ ျဖစ္ေန၏။

ခ်င္မူက ေကာင္းကင္ေက်ာင္းေတာ္ဆီသို႔ အျပဳံးတစ္ခုႏွင့္ ေလၽွာက္လွမ္းလာၿပီး ခပ္ေအးေအး ေျပာလိုက္သည္။ “မဟာမိုးၿခိမ္းသံေက်ာင္းေတာ္ကလည္း အထြတ္အျမတ္နယ္ေျမတစ္ခု၊ တာအိုဂိုဏ္းကလည္း အထြတ္အျမတ္နယ္ေျမတစ္ခု၊ က်ဳပ္ရဲ့ ေကာင္းကင္နတ္ဆိုးဂိုဏ္းကလည္း အထြတ္အျမတ္နယ္ေျမတစ္ခုပဲ… လင္ယြိရွ… တထာဂတနဲ႔ တာအိုသခင္ကိုယ္တိုင္ မလာတာေတာင္ သူတို႔ရဲ့ အမိန႔္စာလႊာကို ဒူးေထာက္လက္ခံၿပီးမွ အခု က်ဳပ္ကိုယ္တိုင္လာတာကို  ဒူးေထာက္မႀကိဳဆိုေတာ့ဘူးလား…”

“ေကာင္းကင္နတ္ဆိုးဂိုဏ္းသခင္…”

႐ုတ္တရက္ ဂိုဏ္းေခါင္းေဆာင္တစ္ဦးက ခ်င္မူ႔ကို အေသသတ္ရန္ ခုန္ဝင္လာ၏။ ဤအခိုက္၌ ခ်င္မူ႔ေဘးတြင္ အလံႀကီးတစ္ခု ႐ုတ္တရက္ ေပၚထြက္လာၿပီး ထိုသူ၏ တိုက္ခိုက္မႈကို ပိတ္ဆို႔ထားဆီးလိုက္သည္။ ထိုအလံႀကီး ျပန႔္ေျပသြားေသာအခါ ခပ္ထြားထြားလူႀကီးတစ္ေယာက္ ဓားအိမ္တစ္လက္ကို ကိုင္ေဆာင္၍ ထြက္ေပၚလာ၏။ ထို႔ေနာက္တြင္ ဓားေရာင္တစ္ခ်က္ လက္သြားၿပီး ခုန္ဝင္လာေသာ ဂိုဏ္းေခါင္းေဆာင္၏ ဦးေခါင္းကို ပိုင္းျဖတ္ပစ္သည္။

ဓားအိမ္ကိုင္ေဆာင္လာေသာလူက သူ၏ အလံကို ျပန္လိပ္၍ ေခါင္းျပတ္ႏွင့္အတူ ေပ်ာက္ကြယ္သြား၏။ အခမ္းအနားတက္ လူအုပ္ၾကားထဲတြင္ေတာ့ ေခါင္းမရွိသည့္ ခႏၶာကိုယ္ႀကီးတစ္ခုသာ ယိမ္းထိုးက်န္ရစ္ၿပီး ၿပိဳလဲက်သြားသည္။

ခ်င္မူက မည္သည္မၽွ မျဖစ္ပြားခဲ့ေလဟန္ျဖင့္ ေရွ႕ဆက္ ေလၽွာက္လွမ္းသြား၏။ အေစာင့္အၾကပ္မ်ား လႈပ္ရွားမည္ျပင္တိုင္း အလံႀကီးမ်ား ႐ုတ္ျခည္း ေပၚထြက္ၿပီး ေကာင္းကင္နတ္ဆိုးဂိုဏ္း၏ စံအိမ္သခင္မ်ား၊ ဂိုဏ္းထိန္းအႀကီးအကဲမ်ား၊ ဂိုဏ္းအုပ္မ်ား၊ ေကာင္းကင္နတ္မင္းမ်ား တစ္ေယာက္ၿပီးတစ္ေယာက္ ေရာက္ရွိလာသည္။ ေနရာအႏွံ့၌ အလံႀကီးမ်ား လူးလြန႔္လႈပ္ရွား၍ ေပၚလာလိုက္၊ ေပ်ာက္သြားလိုက္ ျဖစ္ေန၏။ အားလုံး ျပန္လည္ ေပ်ာက္ကြယ္သြားေသာအခါ ၾကမ္းျပင္ေပၚတြင္ ေခါင္းမဲ့အေလာင္းမ်ားသာ က်န္ရစ္သည္။

ခ်င္မူက ဧကရာဇ္အတိုင္ပင္ခံႏွင့္ ဧကရာဇ္ကို ေခၚေဆာင္၍ ေရွ႕သို႔ ဆက္သြား၏။ ေဘးနားတြင္ေတာ့ အလံႀကီးမ်ား ေပၚလာလိုက္၊ ေပ်ာက္သြားလိုက္ ျဖစ္ေနသည္။ သူ႔ကို တိုက္ခိုက္ရန္ ႀကိဳးစားသူတိုင္း အညႇာတာကင္းကင္း သတ္ျဖတ္ခံၾကရ၏။

သူတို႔ ေလၽွာက္လွမ္းလာရာ လမ္းတစ္ေလၽွာက္တြင္ အေလာင္းေကာင္မ်ား စီတန္းက်န္ရစ္ၿပီး အေလာင္းေကာင္အားလုံး၌ ဦးေခါင္းမ်ား မရွိေတာ့ေခ်။

ခ်င္မူ ေကာင္းကင္ေက်ာင္းေဆာင္ေရွ႕သို႔ ေရာက္ရွိလာၿပီး ေလွကားထစ္မ်ားအတိုင္း တက္ေတာ့မည္ျပင္စဥ္ ဒူးေထာက္ေနေသာ အိမ္ေရွ႕မင္းသား၏မိဖုရားက ႐ုတ္တရက္ ထရပ္လိုက္သည္။ သူ ထိုသို႔ လႈပ္ရွားလိုက္သည္ႏွင့္ ၾကမ္းျပင္ေပၚသို႔ အေလာင္းေကာင္တစ္ေကာင္အျဖစ္ လဲက်သြားေတာ့၏။

သံတမန္မ်ား၊ ဂိုဏ္းေခါင္းေဆာင္မ်ား၊ ဂိုဏ္းသခင္မ်ား၊ ဩဇာႀကီးမိသားစုေခါင္းေဆာင္မ်ားအားလုံး ေခါင္းေမြးေထာင္ထသြားၾကသည္။ ထပ္၍ မလႈပ္ရွားရဲၾကေတာ့။ ေကာင္းကင္နတ္ဆိုးဂိုဏ္းက မိစၧာလမ္းစဥ္၏ နံပါတ္တစ္ အထြတ္အျမတ္နယ္ေၿမ ျဖစ္သည္။ ၎တို႔၏ နာမည္ဂုဏ္သတင္းကို ၾကားဖူးသည္မွာ ၾကာၿပီျဖစ္ေသာ္လည္း ယခုမွသာ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရျခင္း ျဖစ္၏။

“ရွင္မ၊ မၾကည့္နဲ႔…” ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက သူ႔ဇနီးကို ေျပာလိုက္သည္။

ခ်င္မူက ေကာင္းကင္ေက်ာင္းေတာ္၏ ေလွကားထစ္မ်ားကို စတင္တက္လွမ္းလိုက္၏။ ရဟန္းတစ္ပါးက ႐ုတ္တရက္ ေအာ္ဟစ္လိုက္သည္။ “ေကာင္းကင္နတ္ဆိုးဂိုဏ္းသခင္၊ ငါတို႔ မင္းကို ေစာင့္ေနတာ အေတာ္ၾကာၿပီ… တာအိုေရာင္းရင္းတို႔၊ ေကာင္းကင္နတ္ဆိုးဂိုဏ္းသခင္ကို ဝိုင္းတိုက္ၿပီး မိစၧာႏွိမ္နင္းၾကစို႔…”

ရဟန္းမ်ားက နန္းတြင္းအရာရွိဝတ္စုံမ်ားကို ဆြဲျဖဲ၍ ခၽြတ္လိုက္ၿပီး တာအိုရေသ့မ်ားက သူတို႔၏ ဓားစက္လုံးမ်ားကို ထုတ္ယူလိုက္ၾက၏။ တစ္ခဏအတြင္း၌ ေကာင္းကင္ေက်ာင္းေတာ္၏ အထက္ေကာင္းကင္သို႔ သတ္ျဖတ္လိုေသာ အရွိန္အဝါအေငြ႕အသက္မ်ား ထိုးတက္သြားသည္။

ခ်င္မူက ေရွ႕ဆက္ေလၽွာက္ျမဲ ေလၽွာက္သြား၏။

ဝွစ္…၊ ဝွစ္…၊ ဝွစ္…။

ႀကီးမားေသာ အလံသုံးရာေက်ာ္ ေပၚထြက္လာၿပီး သုံးရာေျခာက္ဆယ္ေသာ စံအိမ္သခင္မ်ား အတူတကြ ေရာက္ရွိလာၾကသည္။ ဂိုဏ္းထိန္းအႀကီးအကဲဆယ့္ႏွစ္ေယာက္၊ ေကာင္းကင္နတ္မင္းႏွစ္ပါးႏွင့္ ဂိုဏ္းအုပ္ရွစ္ဦးလည္း ေပၚထြက္လာ၏။

ေကာင္းကင္ေက်ာင္းေတာ္၌ မာန္သြင္းသတ္ျဖတ္သံမ်ား ဆူညံသြားသည္။ ဂိုဏ္းအုပ္ရွစ္ဦးက တိုက္ခိုက္ျခင္း မျပဳဘဲ ခ်င္မူ႔ပတ္ပတ္လည္တြင္ ေနရာယူလိုက္ၾက၏။

ဂိုဏ္းေခါင္းေဆာင္အဆင့္မ်ား၊ ေသျခင္းရွင္ျခင္းအဆင့္၊ ေကာင္းကင္နတ္အသြင္အဆင့္ ပညာရွင္မ်ား တိုက္ခိုက္ေနၾကျခင္း ျဖစ္၍ ေကာင္းကင္ေက်ာင္းေတာ္တစ္ခြင္လုံး သတ္ျဖတ္လိုေသာ အရွိန္အဝါအေငြ႕အသက္မ်ား ျပည့္ႏွက္ၿပီး တဝုန္းဝုန္း ေပါက္ကြဲတုန္ခါေနသည္။ ေကာင္းကင္ေက်ာင္းေတာ္ အနီးတစ္ဝိုက္ရွိ နန္းေဆာင္မ်ားအားလုံးမွာလည္း ၿပိဳပ်က္က်လုနီးပါးျဖစ္သြား၏။

နန္းတြင္းတစ္ခုလုံး ဝ႐ုန္းသုန္းကား ျဖစ္၍ အေစာင့္တပ္သားမ်ား အေျပးအလႊား ေရာက္ရွိလာသည္။ ေရႊၿမိဳ႕ေတာ္တစ္ခြင္တြင္လည္း လႈပ္လႈပ္ရွားရွား ျဖစ္၍ ၿငိမ္သက္ေနေသာ ဩဇာႀကီးမိသားစုမ်ားအားလုံး အင္တိုက္အားတိုက္ ေပါက္ကြဲလႈပ္ရွားလာ၏။ နန္းတြင္းကို ကူညီပံ့ပိုးရန္ ေရာက္ရွိေနၾကေသာ ရဟန္းမ်ား၊ တာအိုရေသ့မ်ားအားလုံးမွာ ထိုဩဇာႀကီးမိသားစုမ်ားထံတြင္ ပိတ္မိၿပီး သတ္ျဖတ္ခံလိုက္ရသည္။

ေသနဂၤဗ်ဴဟာစစ္သူႀကီးခ်င္က်န႔္၊ ပထမအဆင့္အရာရွိစုယြင္က်စ္ႏွင့္ က်န္သူမ်ား ထိုင္ေနေသာ အခ်ဳပ္ခန္းတံခါးက ႐ုတ္တရက္ ပြင့္ဟလာ၏။ အက်ဥ္းေထာင္အရာရွိက ျပဳံး၍ ေျပာလိုက္သည္။ “အရွင္မင္းႀကီး ျပန္ေရာက္လာၿပီ၊ ေကာင္းကင္ေက်ာင္းေတာ္မွာ…”

ေသနဂၤဗ်ဴဟာစစ္သူႀကီးႏွင့္ က်န္သူမ်ားမွာ အံ့ဩဝမ္းသာၿပီး အခ်ဳပ္ခန္းထဲမွ ကမန္းကတန္း ထြက္၍ ေကာင္းကင္ေက်ာင္းေတာ္ဆီသို႔ အေျပးသြားလိုက္၏။

“ေကာင္းကင္နတ္မင္းေဝ့ ဘယ္ေရာက္ေနလဲ…” ေကာင္းကင္နတ္မင္းယြီက က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္သည္။

“ေကာင္းကင္နတ္မင္းေဝ့ ဒီမွာ…”

မိုးၿခိမ္းသံကဲ့သို႔ က်ယ္ေလာင္ေသာအသံတစ္သံ ၿမိဳ႕ေတာ္တစ္ခြင္လုံး ပ်ံ႕ႏွံ့သြားၿပီး နယ္စားစံအိမ္မွ နယ္စားေဝ့ ခုန္ထြက္လာကာ ေကာင္းကင္ေက်ာင္းေတာ္ေပၚသို႔ က်ေရာက္သြား၏။ သူက ဝတ္စုံျပည့္ ဝတ္ဆင္ထားၿပီး စူးရဲေသာ သြင္ျပင္မူရာျဖင့္ ရွိေနသည္။ “ဘယ္ေကာင္ေသခ်င္လဲေဟ့…”

ခ်င္မူက ေကာင္းကင္ေက်ာင္းေတာ္ထိပ္သို႔ ေအးေဆးသက္သာစြာ တက္လွမ္းသြား၏။ အိမ္ေရွ႕မင္းသား၏ မဟာအတိုင္ပင္ခံႏွင့္ က်န္သူမ်ားက တစ္ဟုန္ထိုး ေျပးဝင္လာၿပီး သူ႔ကိုသတ္ရန္ ျပင္လိုက္ေသာ္လည္း အက်ဥ္းေထာင္မွ လြတ္ေျမာက္လာသည့္ ေသနဂၤဗ်ဴဟာစစ္သူႀကီးႏွင့္ က်န္သူမ်ား၏ တားဆီးျခင္းကို ခံလိုက္ရသည္။ ခ်င္မူ႔ကို ဟန႔္တားမည့္သူ မည္သူမၽွ မရွိေတာ့ေခ်။

ေကာင္းကင္ေက်ာင္းေတာ္ထက္တြင္ လင္ယြိရွမွာ တုန္လႈပ္ေခ်ာက္ခ်ားသည့္ အမူအရာ ေပၚထြက္လာၿပီး သူ၏ ဘယ္ညာႏွစ္ဖက္ရွိ ရဟန္းႏွင့္ရေသ့ကို ၾကည့္လိုက္သည္။ ထိုႏွစ္ပါးက တစ္မုဟုတ္ခ်င္း ေရွ႕သို႔ ခုန္ထြက္သြားေသာ္လည္း ၾကမ္းျပင္သို႔ ေျခခ်နိုင္ျခင္း မရွိမီမွာပင္ ဂိုဏ္းအုပ္ရွစ္ဦး၏ သတ္ျဖတ္ျခင္းခံရၿပီး ေသြးစက္မ်ား ျပန႔္ၾကဲသြား၏။

“အရပ္ဘက္၊ စစ္ဘက္အရာရွိေတြ၊ ငါကိုယ္ေတာ္က ဧကရာဇ္ပဲ…” လင္ယြိရွက တင္းမာစြာ ေအာ္ဟစ္လိုက္သည္။ “မင္းတို႔က ဒီမိစၧာဂိုဏ္းသားေတြနဲ႔အတူတူ ပုန္ကန္ၿပီး ငါ့အမိန႔္ကို ဖီဆန္ခ်င္တာလား…”

“ဧကရာဇ္ဟုတ္လား…” ဧကရာဇ္ယန္ဖုန္းက ႏွာေခါင္းတစ္ခ်က္ ရႈံ႔၍ ခ်င္မူေပးထားေသာ ေဆးလုံးကို ေသာက္ခ်လိုက္၏။ တစ္မုဟုတ္ခ်င္း သူ႔ဆံပင္မ်ား ျပန္ေပါက္လာၿပီး မ်က္ႏွာေပၚမွာ ဓားဒဏ္ရာ အမာရြတ္ကိုလည္း ဖ်က္ပစ္လိုက္သည္။ ထို႔ေနာက္ တည္ၾကည္ေလးနက္ေသာ ေလသံျဖင့္ ေျပာလိုက္၏။ “ငါဘယ္သူလဲဆိုတာ ၾကည့္စမ္းပါဦး…”

လင္ယြိရွ၏ အမူအရာ အႀကီးအက်ယ္ ပ်က္ယြင္းသြားသည္။ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံလည္း ေဆးလုံးကို ေသာက္ခ်လိုက္ၿပီး သူ႔ဆံပင္မ်ား ျပန္ေပါက္လာ၏။ ထို႔ေနာက္ မ်က္ႏွာေပၚမွ အစိမ္းေရာင္အမွတ္ကို ဖ်က္ကာ ပတ္ဝန္းက်င္ကို ၾကည့္ရႈအကဲခတ္လိုက္သည္။

အရပ္ဘက္၊ စစ္ဘက္အရာရွိမ်ားမွာ ဧကရာဇ္အသစ္၏ အမိန႔္ကို ၾကား၍ လႈပ္ရွားမည္ျပင္စဥ္ ဧကရာဇ္ယန္ဖုန္းႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံတို႔ကို ျမင္မိေသာအခါ အားလုံး ဒူးေထာက္အရိုအေသျပဳလိုက္ၾက၏။

လင္ယြိရွက ဧကရာဇ္ယန္ဖုန္းႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံထံ ႐ူးသြပ္သူတစ္ေယာက္သကဲ့သို႔ ေအာ္ဟစ္၍ ေျပးဝင္သြားသည္။ “က်ဳပ္က ေကာင္းကင္သားေတာ္၊ က်ဳပ္က ဧကရာဇ္ပဲ…”

ဂိုဏ္းအုပ္ရွစ္ဦးက ဆတ္ခနဲ လႈပ္ရွား၍ လင္ယြိရွကို တစ္ခ်က္စီ ထိုးႏွက္လိုက္ၾက၏။ လင္ယြိရွမွာ ေသြးတစ္လုတ္ အန္ထုတ္ၿပီး ခႏၶာကိုယ္ကို လႈပ္ခါ၍ နဂါးတစ္ေကာင္အသြင္ေျပာင္းကာ ေကာင္းကင္ယံသို႔ ပ်ံတက္ေျပးထြက္သြားေတာ့သည္။ ဂိုဏ္းအုပ္ရွစ္ဦးက သူတို႔၏ ဝတ္႐ုံမ်ားကို တစ္ခ်က္မ၍ ေပ်ာက္ကြယ္သြား၏။ ေနာက္တစ္ခဏ၌ လင္ယြိရွမွာ ထိုရွစ္ဦး၏ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္း ခံရၿပီး ေကာင္းကင္ေက်ာင္းေတာ္၏ အလယ္သို႔ ဒူးေထာက္လ်က္ ျပန္က်လာသည္။

ဧကရာဇ္ယန္ဖုန္းက အရပ္ဘက္၊ စစ္ဘက္အရာရွိမ်ားကို ၾကည့္၍ ေအာ္ဟစ္လိုက္၏။ “မင္းတို႔တေတြ ဘာလို႔ ပုန္ကန္သူေတြကို မႏွိမ္နင္းေသးတာလဲ… ဘာအတြက္ အဲဒီရေသ့ေတြ၊ ရဟန္းေတြကို မသတ္ျဖတ္ေသးတာလဲ… ငါကိုယ္တိုင္ လိုက္ႏွိမ္နင္းမွာကို ေစာင့္ေနတာလား…”

အရပ္ဘက္၊ စစ္ဘက္အရာရွိမ်ားက ကမန္းကတန္း ခုန္ထ၍ မဟာမိုးၿခိမ္းသံေက်ာင္းေတာ္ႏွင့္ တာအိုဂိုဏ္းမွ ရဟန္းမ်ား၊ ရေသ့မ်ားကို တိုက္ခိုက္သတ္ျဖတ္လိုက္ၾကသည္။ အေျပးအလႊား ေရာက္ရွိလာၾကေသာ နန္းတြင္းအေစာင့္တပ္သားမ်ားမွာလည္း ထိုရေသ့မ်ား၊ ရဟန္းမ်ားကို လွည့္၍ တိုက္ခိုက္လိုက္ၾက၏။

ခ်င္မူ ေကာင္းကင္ေက်ာင္းေတာ္ထိပ္သို႔ ေရာက္ေသာအခါ လင္ယြိရွက လႈပ္ရွား႐ုန္းကန္နိုင္ျခင္း မရွိဘဲ ၾကမ္းျပင္ထက္တြင္ ဒူးေထာက္က်ေနသည္။

ခ်င္မူက ခႏၶာကိုယ္ကို ကိုင္းညြတ္၍ လင္ယြိရွ၏ နားနားသို႔ကပ္ၿပီး ေလသံတိုးတိုးျဖင့္ ေျပာလိုက္၏။ “အရွင္သား၊ ဒါက ဧကရာဇ္ကို ကူညီဖို႔အတြက္ မဟုတ္ဘူး… က်ဳပ္တို႔နတ္ဂိုဏ္းရဲ့ ေကာင္းကင္နတ္မင္းခ်မ္နဲ႔ ေကာင္းကင္နတ္မင္းလုအတြက္ပဲ…”

လင္ယြိရွမွာ ေက်ာက္႐ုပ္သဖြယ္ ျဖစ္သြားၿပီး ေခါင္းေမာ့ၾကည့္လိုက္သည္။ သူ႔မ်က္ဝန္းမ်ားထဲတြင္ေတာ့ မယုံနိုင္သည့္ အသြင္မ်ား ဖုံးလႊမ္းေန၏။ “မင္း…”

ခ်င္မူက အိမ္ေရွ႕စံကိုယ္ရံေတာ္ဓားကို ဆြဲထုတ္၍ သူ႔ေခါင္းကို တစ္ခ်က္တည္း ျဖတ္ခ်လိုက္သည္။

ဓားသြားက်ဆင္းလာၿပီး လင္ယြိရွ၏ဦးေခါင္း ေလေပၚသို႔ ပ်ံတက္သြားသည့္အခ်ိန္တြင္ ဧကရာဇ္ယန္ဖုန္းႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံတို႔ ေကာင္းကင္ေက်ာင္းေဆာင္ထိပ္သို႔ ေရာက္ရွိလာ၏။

ဧကရာဇ္ယန္ဖုန္းမွာ သူ႔ေရွ႕ရွိ လူငယ္ေလး၏ ေက်ာျပင္ကို ၾကည့္၍ ရင္ထဲတြင္ ျပင္းစြာ တုန္လႈပ္သြားသည္။ ဓားေပၚမွ ေသြးစက္မ်ားကို ခါထုတ္၍ ဓားအိမ္ထဲသို႔ ျပန္သြင္းလိုက္ေသာ ထိုလူငယ္ေလး၏ ပုံရိပ္က သူ႔ရင္ထဲသို႔ အေၾကာက္တရားမ်ား ရိုက္သြင္းသြား၏။

LOGIN
Novel Translator

إرسال تعليق

© ‧ THG. All rights reserved. Distributed by Pixabin