Lorem ipsum dolor sit amet, consectetur adipiscing elit. Test link

အခန်း ၂၆၄

ချင်မူ အဘွားစစ်ကို နှုတ်ဆက်၍ ဧကရာဇ်ကို ခေါ်ကာ ထွက်လာခဲ့၏။ နဂါးချီလင်က သူတို့နောက်မှ လိုက်လာသည်။ လမ်းတွင် ဧကရာဇ်ယန်ဖုန်းကို မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ ဝိညာဉ်ဖန်ဆင်းကျင့်စဉ်နှင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် သင်ပေးလိုက်၏။ “ဒီကျင့်စဉ်နှစ်ခုကို လမ်းလျှောက်ရင်း လေ့ကျင့်ခဲ့၊ အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်ကို သန်စွမ်းလာစေနိုင်သလို ဒဏ်ရာတွေအတွက်လည်း အထောက်အကူပြုတယ်…”

ဧကရာဇ်ယန်ဖုန်းက မယုံသင်္ကာဖြင့် ဝိညာဉ်ဖန်ဆင်းကျင့်စဉ်နှင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လေ့ကျင့်ကြည့်သည်။ သူ့အသားအရောင်က ပိုမိုကောင်းမွန်လာပြီး ပြုံးလိုက်၏။ “လမ်းလျှောက်ရင်းတောင် လေ့ကျင့်လို့ရတယ်ဆိုတော့ ဒီကျင့်စဉ်က တကယ်ကောင်းတာပဲ၊ ငါ့ခွန်အားလည်း ပြန်ပြည့်လာသလို ခံစားရတယ်…”

“ဒီအတိုင်း အရင်လေ့ကျင့်ထား၊ အရှင်မင်းကြီး နည်းနည်းလောက် ကျင့်စဉ်တိုးတက်အောင်မြင်လာရင် ဒဏ်ရာတွေ ကျက်ပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပိုသန်မာလာလိမ့်မယ်… အဲဒီအခါကျမှ အရှင်မင်းကြီးရဲ့ ယန်ဝိညာဉ် တည်ငြိမ်အောင် လေ့ကျင့်ဖို့ တစ္ဆေဖန်ဆင်းပညာ သင်ပေးမယ်… ယန်ဝိညာဉ်အားဖြည့်ဆေးပါ သုံးလိုက်ရင် နှစ်ဖက်ညှပ်ကုသလို ဖြစ်ပြီး ယန်ဝိညာဉ်က ဒဏ်ရာတွေ အလုံးစုံ ပျောက်ကင်းသွားနိုင်မှာပဲ…”

ချင်မူ ရုတ်တရက် အတွေးနက်သွားသည်။ ‘အခု ငါက ဧကရာဇ်ကို မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရဲ့ ပညာတွေ သင်ပေးနေတာဆိုတော့ သူ့အနေနဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ဝင်သင့်ပြီ မဟုတ်လား… အဲဒါဆို သူ့ကို ဘာရာထူးပေးရရင် ကောင်းမလဲ…”

သူက ဧကရာဇ်ယန်ဖုန်းကို စောင်းငဲ့ကြည့်ရင်း မကောင်းသည့် အတွေးအကြံများ ကြံစည်နေ၏။ ‘ငါတို့ဂိုဏ်းမှာ ကောင်းကင်နတ်မင်းတစ်ပါး လိုသေးတာပဲ… ဧကရာဇ်သာ ဂိုဏ်းထဲဝင်ပြီး ကောင်းကင်နတ်မင်း ဖြစ်လာရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အပိုင်ဖြစ်သွားပြီ မဟုတ်လား…”

ဧကရာဇ်ယန်ဖုန်းက ကြိုးစားပမ်းစား လေ့ကျင့်နေပြီး သူ့ခန္ဓာကိုယ်က တစ်စထက်တစ်စ ကြံ့ခိုင်သန်စွမ်းလာသည်။ ချီစွမ်းအင်အချို့ ရရှိလာသော်လည်း သူ့ကောင်းကင်ရတနာများက ပျက်စီးနေသည့်အတွက် ရှေ့ဆက်တက်လှမ်းနိုင်ခြင်း မရှိပေ။

ချင်မူသည်လည်း အေးအေးဆေးဆေး လေ့ကျင့်လိုက်ပါလာ၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်လည်လိုက်သောအခါ အလင်းတန်းငါးခုက ကောင်းကင်ယံမှ ကျဆင်းလာသည်။ ထိုအလင်းတန်းများက သူ့ခန္ဓာကိုယ်ရှိ ဓာတ်ကြီးငါးပါးနှင့် ကောင်းကင်ယံရှိ ဓာတ်ကြီးငါးပါး ကြယ်တာရာများကို ဆက်သွယ်ကာ ကြယ်တာရာစွမ်းအားများ စုပ်ယူ၍ ကျင့်စဉ်စွမ်းအင် လေ့ကျင့်နေခြင်း ဖြစ်၏။

ဧကရာဇ်ယန်ဖုန်းမှာ မှင်တက်မိသွားသည်။ ‘ဒီကောင်လေးက ဓာတ်ကြီးငါးပါးအဆင့်ပဲ ရှိသေးတာလား…’

ချင်မူ့ကို အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင် ဖြစ်နေပြီဟု တစ်ချိန်လုံး ထင်ခဲ့မိ၏။ ချင်မူ၏ ကျင့်စဉ်သိုင်းကွက်များက အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် တန်းတူလိုက်နိုင်ပြီး ကျင့်စဉ်စွမ်းအင်ကလည်း ထိုသူများအောက် မကျချေ။ ဓာတ်ကြီးငါးပါးအဆင့်တွင်သာ ရှိဦးမည်ဟု သူ မထင်ခဲ့မိ။

‘ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက တကယ့်ကို ထူးကဲတာပဲ…’ ဧကရာဇ်ယန်ဖုန်း စိတ်ထဲမှ ကျိတ်ချီးကျူးလိုက်မိသည်။ သို့သော်လည်း သူ မသိသည်မှာ ချင်မူ၏ ကျင့်စဉ်စွမ်းအင်က သူ ယခုလေ့ကျင့်နေသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်မှ အဓိက မြစ်ဖျားခံလာသည် ဆိုခြင်းပင် ဖြစ်၏။

ချင်မူ၏ ကျင့်စဉ်စွမ်းအင်က အမှန်ပင် ဓာတ်ကြီးငါးပါးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး အရပ်ခြောက်မျက်နှာအဆင့်နှင့် မဝေးတော့ချေ။ နောက်တစ်ဆင့်သို့ မတက်မီ ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်များ အခြေခိုင်အောင် စောင့်နေခြင်းသာ ဖြစ်သည်။

သူတို့နှစ်ယောက်သား လေးရက်တိတိ လမ်းလျှောက်ခရီးနှင်လာပြီး ညဘက်၌  ကွင်းပြင်ထဲတွင်သာ အိပ်စက်ခဲ့ရ၏။ နောက်တစ်မြို့သို့ ရာက်သောအခါ ချင်မူက မြို့ထဲသို့ ဝင်၍ ဆေးပင်များ ဝယ်ယူသည်။ ဧကရာဇ်ယန်ဖုန်းအတွက်တော့ ဤမျှဒုက္ခခံစားရသည်မှာ ဘဝတစ်လျှောက်တွင် ပထမဆုံး ဖြစ်၏။ သူ့ခြေထောက်နှစ်ဖက်စလုံး၌ ပွန်းပဲ့ရာများ၊ အရည်ကြည်ဖုများ ပြည့်နှက်နေသည်။

တည်းခိုဆောင်သို့ ရောက်သောအခါ ချင်မူက ဧကရာဇ်ယန်ဖုန်းကို သစ်သားဇလုံထဲ ဝင်ထိုင်ခိုင်း၍ တစ်ညလုံး ဆေးရည်စိမ်ထား၏။ ဧကရာဇ်ယန်ဖုန်းမှာ သစ်သားဇလုံထဲတွင်ပင် အိပ်ပျော်သွားသည်။ နောက်တစ်နေ့မနက် နိုးလာသောအခါ သူ့ခြေထောက်မှ အရည်ကြည်ဖုများအားလုံး ပျောက်ကင်းပြီး တစ်ကိုယ်လုံးပေါ့ပါးသွားသလို ခံစားရသဖြင့် တအံ့တဩ စုတ်သပ်လိုက်မိ၏။

သူတို့နှစ်ယောက်သား ခရီးဆက်၍ ချီပြည်နယ်အစပ်သို့ ရောက်ရှိလာသည်။ ထိုနေရာသို့ ရောက်သောအခါ  ကောင်းကင်နတ်သိုင်းပညာရှင် များစွာက ရွာသူရွာသားများကို အော်ဟစ်မောင်းနှင်နေကြောင်း တွေ့ရ၏။

“ဒီနေရာက ငါတို့ချီတောင်ဂိုဏ်း ပိုင်တာကွ…”

ထိုကောင်းကင်နတ်သိုင်းပညာရှင်များက ချီတောင်ဂိုဏ်းသားများ ဖြစ်ဟန်ရှိပြီး လျှပ်စီးသိုင်းပညာကို လေ့ကျင့်ထားကြသည်။ သူတို့က ဝင်္ကပါအစီအရင်တစ်ခုကို ထိန်းချုပ်၍ နေရာအနှံ့ လျှပ်စီးတန်းများ ပစ်ချပြီး ရွာသူရွာသားများကို တစ်နေရာတည်းသို့ စုစည်းနေကြ၏။

“ဧကရာဇ်က စနစ်ဟောင်းကို ပြန်အသက်သွင်းဖို့ အမိန့်ပေးလိုက်ပြီ… သိုင်းဂိုဏ်းတွေရဲ့ နယ်မြေက သိုင်းဂိုဏ်းတွေနဲ့ပဲ သက်ဆိုင်တော့မယ်… ဒီနေ့ကစပြီး နန်းတွင်းကို အခွန်ဆောင်စရာ မလိုတော့ဘူး၊ ငါတို့ ချီတောင်ဂိုဏ်းကိုပဲ ဆက်ကြေးပေးရမယ်…”

ရွာသားတစ်ယောက်က ထိုစကားကို လက်မခံဘဲ ငြင်းဆန်ရန် ပြင်လိုက်သည်။ သို့သော်လည်း သူထရပ်သည်နှင့် လျှပ်စီးတန်းတစ်ခု ကျရောက်လာပြီး နေရာတွင်ပင် အသက်ပျောက်သွား၏။

ချင်မူက ရပ်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဧကရာဇ်ယန်ဖုန်းမှာလည်း မျက်နှာတစ်ပြင်လုံး မည်းမှောင်၍ အေးစက်စက် ရေရွတ်လိုက်၏။ “ခေတ်နောက်ပြန် ဆွဲချင်နေတာပဲ…”

အခြားပြည်နယ်များသို့ ရောက်သောအခါတွင်လည်း သိုင်းဂိုဏ်းများ၏ ဩဇာအာဏာက ပြာပုံကြားမှ မီးထတောက်သကဲ့သို့ တဖြည်းဖြည်း  ပြန်လည် ကြီးထွားလာနေကြောင်း တွေ့ရသည်။ သူတို့က နယ်မြေများ အပိုင်စီး၍  စည်းစိမ်ဥစ္စာများ သိမ်းယူကြ၏။ သိုင်းဂိုဏ်းအချင်းချင်းလည်း နယ်မြေလုနေကြရာ နဂိုကတည်းက မတည်ငြိမ်သော နယ်မြေများမှာ ပို၍ ဆိုးရွားလာသည်။

ဆီးနှင်းကပ်ဘေးကြောင့်ပင် အတော်လေး ထိခိုက်ဆုံးရှုံးခဲ့ရပြီ ဖြစ်၏။ ယခုအခါ သိုင်းဂိုဏ်းများ တစ်စခန်းပြန်ထ၍ နယ်မြေသိမ်းယူခြင်း၊ အရပ်သားများကို လယ်ကျွန်၊ မြေကျွန်များအဖြစ် ဖမ်းဆီးခြင်းတို့ပါ ထပ်တိုးလာရာ မီးပုံထဲသို့ ဆီလောင်းထည့်သကဲ့သို့သာ ရှိတော့သည်။

နေရာအနှံ့ ကပ်ဘေးကယ်ဆယ်ရေး ပြုလုပ်နေသော အရာထမ်း၊ အမှုထမ်းများမှာလည်း ရပ်တန့်သွားပြီ ဖြစ်၏။ ငတ်ပြတ်အေးခဲ၍ သေဆုံးသူများမှာလည်း ရေတွက်မရသည်အထိ တိုးမြင့်လာ၏။

ဧကရာဇ်ယန်ဖုန်းမှာ အသံမထွက်တော့ချေ။ သူ၏ ကောင်းကင်ရတနာများကို ပြုပြင်ကုသပြီး နဂိုကျင့်စဉ်စွမ်းအင် ပြန်လည်ရရှိနိုင်အောင် အပတ်တကုပ် ကြိုးစားလေ့ကျင့်နေသည်။

သဟဇာတပြည်နယ်သို့ ရောက်သောအခါ ချင်မူက မြို့စားစံအိမ်သို့ သွားလိုက်၏။ သဟဇာတပြည်နယ်အကြီးအကဲက သူ့ကို ထွက်၍ ကြိုဆိုသည်။ ဧကရာဇ်ယန်ဖုန်းကို တစ်ချက် ကြည့်လိုက်သော်လည်း မှတ်မိခြင်း မရှိသဖြင့် သူ့အကြည့်က ချင်မူထံ ပြန်ရောက်လာ၏။ “ဂိုဏ်းသခင်…”

“အထဲမှာ ပြောမယ်…” ချင်မူက နဂါးချီလင်ကို အနားယူခိုင်းပြီး စံအိမ်အတွင်းသို့ လှမ်းဝင်လိုက်သည်။ ထိုအခိုက်၌ ဧကရာဇ်ယန်ဖုန်း၏ ဗိုက်မှ တဂွီဂွီအသံများ ကြားရသဖြင့် သဟဇာတပြည်နယ်အကြီးအကဲကို လှမ်းပြောလိုက်၏။ “ခဝါသည်စံအိမ်သခင်၊ ဒီခေါင်းတုံး… ဒီဆရာကြီးကို ထမင်းတစ်ပန်းကန်လောက် စားဖို့ပေးလိုက်ပါဦး…”

သဟဇာတပြည်နယ်အကြီးအကဲက ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ခဝါသည်စံအိမ်သခင် ဖြစ်ပြီး သွမ့်မူကျင့်ဟု ခေါ်တွင်သည်။ သူက အစေခံတစ်ယောက်ကို ဧကရာဇ်ယန်ဖုန်းအတွက် စားစရာယူလာပေးရန် စေခိုင်းလိုက်ပြီး အပြုံးတစ်ခုနှင့် မေး၏။ “ဂိုဏ်းသခင်က ရဟန်းအိုကြီးတစ်ပါးကို ဘာလို့ ခေါ်လာရတာလဲ…”

ချင်မူက ရှင်းမပြဘဲ မေးခွန်းထုတ်လိုက်သည်။ “ရွှေမြို့တော်မှာ ဘယ်လိုအခြေအနေ ရှိလဲ…”

“သိပ်မကောင်းဘူး…” သွမ့်မူကျင့်က ပြောလိုက်၏။ “တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ တာအိုရသေ့တွေ၊ ရဟန်းတွေ ရွှေမြို့တော်ကို ရောက်နေကြပြီ… တာအိုသခင်နဲ့ တထာဂတက အိမ်ရှေ့မင်းသားကို ငြိမ်းချမ်းရေးဧကရာဇ်အဖြစ် အပ်နှင်းတဲ့ အမိန့်စာလွှာတွေ ပို့ထားတယ်၊ သုံးလပိုင်း ခြောက်ရက်နေ့မှာ အိမ်ရှေ့မင်းသားက နန်းသိမ်းပွဲခံယူလိမ့်မယ်… အခုလောလောဆယ်တော့ အိမ်ရှေ့မင်းသားရဲ့ ကင်းထောက်တွေ နေရာအနှံ့ပဲ၊ ဧကရာဇ်နဲ့ ရုပ်တူတဲ့သူမှန်သမျှ လိုက်သတ်နေတာ…”

ချင်မူ ခေါင်းညိတ်လိုက်သည်။ ဤသည်က သူမှန်းထားသည်နှင့် များစွာ မကွာချေ။

သွမ့်မူကျင့်က ဆက်ပြော၏။ “ပြီးတော့ အခုလက်ရှိမှာ အိမ်ရှေ့မင်းသားက တိုင်းပြည်ကို အုပ်ချုပ်နေတဲ့အတွက် အာဏာအင်အား အတော်လေး ရထားတယ်၊ တချို့ ဩဇာကြီးမိသားစုတွေလည်း ဘက်ပြောင်းသွားပြီ… ဘက်မပြောင်းတဲ့ မိသားစုတွေအိမ်မှာတော့ ဘုန်းတော်ကြီးတွေနဲ့ တာအိုရသေ့တွေ အတင်းဝင်နေနေကြတယ်… အဲဒီမိသားစုကြီးတွေလည်း သူတို့နဲ့ ထိပ်တိုက် ရင်မဆိုင်ဝံ့လို့ နေခွင့်ပြုထားကြရတာ… လက်ရှိရွှေမြို့တော်က လူစုံဖြစ်နေပြီ၊ လူကောင်း လူဆိုး မကွဲတော့ဘူး… ဧကရာဇ်ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိတော့ဘူးလို့တောင် ပြောနိုင်တယ်…”

“အိမ်ရှေ့မင်းသားက ရှေးဘိုးဘေးတွေ လက်ထက်က စနစ်ဟောင်းကို ပြန်အသက်သွင်းပြီး ဟိုအရင် သိုင်းဂိုဏ်းတွေ ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေကို သူတို့လက်ထဲ ပြန်အပ်ဖို့ အမိန့်ထုတ်လိုက်တယ်… တခြားနယ်မြေတွေကိုပဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အပိုင်အဖြစ် သတ်မှတ်မယ်တဲ့… ပြီးတော့…”

သွမ့်မူကျင့်က ချီတုံချတုံ ဖြစ်သွားပြီးမှ ပြောလိုက်သည်။ “ဝံပုလွေအသိုက်နယ်မြေက နယ်စပ်စစ်ပွဲအကြောင်း၊ ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးဖို့ သံတမန်တစ်ယောက် စေလွှတ်လိုက်တယ်… အိမ်ရှေ့မင်းသားက ဝံပုလွေအသိုက်နယ်မြေကို ပြည်နယ်ဆယ်ခြောက်ခု ပြန်ပေးအပ်ဖို့ သဘောတူလိုက်ပြီ… မန်သီလူရိုင်းနယ်မြေကလည်း နယ်မြေပြန်တောင်းဖို့ သံတမန်တစ်ယောက် စေလွှတ်ထားသေးတယ်…”

“မိဘအမွေကို ဖြုန်းဖို့က တကယ်လွယ်တာပဲ…” ချင်မူ ပြုံးလိုက်၏။ “ဒီအိမ်ရှေ့မင်းသားက ဧကရာဇ်လုပ်မယ်ဆိုပြီး အတော်ကြောက်တတ်ပါလား…”

သွမ့်မူကျင့်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ ချင်မူက ဒေါသထွက်သည့် အမူအရာ မရှိဘဲ ခပ်အေးအေး ဖြစ်နေသည် မဟုတ်လား။ သူ မသိသည်မှာ ချင်မူက သူ့ကိုယ်သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူပြည်သားတစ်ယောက်အဖြစ် မည်သည့်အခါကမျှ ခံယူမထားခြင်း ဖြစ်၏။ အစကတည်းမှ ယခုအချိန်ထိ သူ့ကိုယ်သူ မဟာမြို့ပျက်၏ နတ်ဘုရားတို့ စွန့်ပစ်ခြင်းခံရသော စွန့်ပစ်ခံလူတစ်ယောက်အဖြစ်သာ မှတ်ယူထားသဖြင့် ဤကိစ္စကို ဒေါသထွက်စရာ အကြောင်းမရှိပေ။

‘သုံးလပိုင်း ခြောက်ရက်နေ့မှာ နန်းတက်မယ်ဆိုတော့… တကယ့်ကို နေ့ကောင်းရက်မြတ်ပဲ၊ လူသတ်ဖို့အတွက် သိပ်ကို သင့်တော်တယ်…’ ချင်မူက သွမ့်မူကျင့်ကို မေးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံနဲ့ ပတ်သက်တဲ့ သတင်းရော ဘာကြားသေးလဲ…”

“သူရှိတဲ့နေရာကို သိထားပါပြီ…”

ချင်မူ စိတ်အားတက်ကြွသွားပြီး စာရွက်အချို့ ထုတ်ယူလိုက်၏။ “စံအိမ်သခင်၊ ဒီစာရွက်ပေါ်မှာ ရေးထားတဲ့ ဆေးပင်တွေ ပြင်ဆင်ပြီး ချင်ပြည်နယ်မြို့တော်ဆီ ပို့ပေးပါ…”

သွမ့်မူကျင့်က ခေါင်းညိတ်၍ ဦးညွှတ်အရိုအသေပြုလိုက်သည်။

ထို့နောက် ချင်မူ ဧကရာဇ်ယန်ဖုန်းကို ခေါ်ယူ၍ နဂါးချီလင်ထံ လျှောက်လှမ်းသွား၏။

ဧကရာဇ်ယန်ဖုန်းက ကမန်းကတန်း ပြောလိုက်သည်။ “ငါ ဗိုက်ဝအောင်တောင် မစားရသေးဘူး…”

ချင်မူက ပြုံးလိုက်၏။ “အရှင်မင်းကြီးကို ဧကရာဇ်အတိုင်ပင်ခံနဲ့ တွေ့ရအောင် ခေါ်သွားမလို့ပါ… လမ်းရောက်မှ ထပ်စားကြတာပေါ့…”

ဧကရာဇ်ယန်ဖုန်းက လက်ထဲမှ ပေါက်စီကို အလျင်အမြန်ချ၍ တည်ကြည်လေးနက်သော အမူအရာ ဖြစ်သွားသည်။ သူ ဤလူငယ်လေးနောက်မှ တိတ်တဆိတ် လိုက်လာရင်း လှမ်းမေးလိုက်၏။ “ဒီရက်ပိုင်းတွေ သူဘယ်သွားနေတာလဲ ငါမေးရမယ်…”

ချင်မူက သူ့ကို နဂါးချီလင်၏ ကျောပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် သူကိုယ်တိုင်လည်း နဂါးချီလင်၏ ခေါင်းပေါ်သို့ ခုန်တက်လိုက်၏။

နဂါးချီလင်က မီးလျှံတိမ်တိုက်များပေါ် နင်းတက်၍ ကောင်းကင်ယံ၌ တစ်ဟုန်ထိုး ပြေးလွှားသွားသည်။ လေအေးများ တဝူးဝူး တိုက်ခိုက်နေသဖြင့် ဧကရာဇ်ယန်ဖုန်းမှာ အဆက်မပြတ် နှာချေတော့၏။ ရုတ်တရက် ချင်မူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် မီးတောက်မီးလျှံများ တရှိန်ရှိန် တောက်လောင်လာသည့်အခါမှသာ ဧကရာဇ်ယန်ဖုန်း နေသာထိုင်သာ ရှိသွားသည်။

နဂါးချီလင်က နှစ်ရက်တိုင်တိုင် ပြေးလွှားနေ၏။ ရုတ်တရက် ချင်မူက ဤဆန်းကြယ်သားရဲကြီးကို အောက်သို့ဆင်းရန် အချက်ပြလိုက်သည်။ သူတို့ရောက်ရှိလာသည့် တောင်ကြားက ရေငွေ့များ တလူလူထွက်နေ၏။ တောင်ကြားအတွင်း၌ သက်တံရောင်အလင်းတန်းများ ရှိပြီး တောင်ကြားစမ်းချောင်းက ရေငွေ့ပျံ၍ ခြောက်ခန်းနေသည်။

“နတ်ဘုရားအလင်းတန်းတွေပါလား…” ဧကရာဇ်ယန်ဖုန်း၏ မျက်နှာတွင် အလေးအနက်အမူအရာ ပေါ်ထွက်လာပြီး လေထဲသို့ နှာခေါင်းရှုံ့ပွရှုံ့ပွ ရှူ၍ ပြောလိုက်၏။ “သွေးနံ… ဒီတောင်ကြားချိုင့်ဝှမ်းထဲမှာ နတ်ဘုရားတစ်ပါးရဲ့ သွေးနံ့ရနေတယ်…”

ချင်မူက သူ့ကို ရွာတစ်ရွာဆီသို့ ခေါ်သွားသည်။ ထိုနေရာ၌ အမှန်ပင် သွေးရေကန်တစ်ကန် ရှိနေ၏။ ရေကန်ဘေးတွင်တော့ သစ်သားအိမ်လေးတစ်လုံး ရှိပြီး အိမ်၏ နောက်ကျောဘက်၌ မြစ်ငယ်ကလေး ရှိသည်။ မြစ်ရေက နတ်ဘုရားသွေး၏ အပူရှိန်ကြောင့် အနည်းငယ်နွေးနေပြီး မြစ်ကမ်းဘေးတွင် အဖြူရောင်သားမွေးအင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရပ်နေ၏။ သူ၏ ဝမ်းဗိုက်က အနည်းငယ် ခပ်စူစူ ဖြစ်နေသည်။

ထိုအမျိုးသမီး၏ ခြေရင်းတွင်တော့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကျောက်ပြားပေါ်မှ အဝတ်များကို သစ်သားတုတ်တစ်ချောင်းဖြင့် ထုရိုက်လျှော်ဖွတ်နေ၏။ သူ့နောက်တွင် လျှော်ပြီးသားအဝတ်များ ထည့်ထားသည့် ဝါးခြင်းတောင်းတစ်တောင်း ရှိသည်။

ချင်မူက နဂါးချီလင်၏ ကျောပေါ်မှ ခုန်ချလိုက်ပြီး ဧကရာဇ်ယန်ဖုန်းလည်း သူ့နောက်မှ လိုက်လာ၏။ သို့သော်လည်း သူ့ခြေထောက်များက မခိုင်သည့်အတွက် ခြေကားရားလက်ကားရား ပစ်ကျသွားသည်။

မြစ်ကမ်းဘေးမှ စုံတွဲက ဆူဆူညံညံအသံများ ကြားပြီး လှည့်ကြည့်လာ၏။ ချင်မူက မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်း၍ သူတို့ထံ လျှောက်လှမ်းသွားသည်။

“မင်းငါ့ကို ထူသွားလို့ မရဘူးလားဟ…” ဧကရာဇ်ယန်ဖုန်းက သူ့ဖာသာ ထရပ်၍ ကသောကမျော လိုက်လာ၏။

သက်လတ်ပိုင်းအရွယ် အမျိုးသားက သစ်သားတုတ်ကို ချ၍ ရေစိုလက်များကို အင်္ကျီဖြင့် သုတ်လိုက်သည်။ ထို့နောက် အမျိုးသမီးဘေးတွင် ရပ်နေရင်းမှ ချင်မူနှင့် ဖြူဖျော့ဖျော့ မျက်နှာဖြင့် လျှောက်လာသော ဧကရာဇ်ကို ပြုံးပြလိုက်၏။

“ဧကရာဇ်အတိုင်ပင်ခံ…”

ဧကရာဇ်ယန်ဖုန်း၏ ခြေလှမ်းက မြန်သည်ထက် မြန်လာပြီး အပြစ်တင်ပြောဆိုတော့မည် ပြင်စဉ် ဧကရာဇ်အတိုင်ပင်ခံ၏ ရင်ဝ၌ စွန်းထင်းနေသော သွေးစက်များကို သတိပြုမိသွားသည်။ အသားအရောင်ကလည်း ကောင်းမွန်ခြင်းမရှိ။ ဧကရာဇ်၏ ရင်ထဲတွင် ပြင်းစွာ တုန်လှုပ်၍ မျက်ရည်များ စီးကျလာ၏။ “ကိုယ်တော့်ရဲ့ အတိုင်ပင်ခံ၊ ဘယ်လိုဖြစ်ပြီး ဒီအခြေအနေထိ ရောက်သွားရတာလဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဧကရာဇ်ယန်ဖုန်းကို ဆီးကြိုဖေးမလိုက်ပြီး ဧကရာဇ်၏ ကျင့်စဉ်စွမ်းအင်အားလုံး ဆုံးရှုံးနေကြောင်း သတိပြုမိသွားသည်။ သူ့ရင်ထဲတွင်လည်း ဧကရာဇ်နှင့် ထပ်တူ ဝမ်းနည်းကြေကွဲသွား၏။ “အရှင်မင်းကြီးလည်း ဘာလို့ ဒီလို ဖြစ်နေရတာလဲ…”

အမျိုးသမီးက ကမန်းကတန်း ပြောလိုက်သည်။ “သခင်ကြီးလည်း ဒဏ်ရာရထားတာ၊ စိတ်အခြေအနေ မဖောက်ပြားစေနဲ့…”

ချင်မူ မှင်တက်မိသွား၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စွမ်းအားအကြီးဆုံးဟူသည့် ပညာရှင်နှစ်ယောက်စလုံး ယခုတော့ ဒဏ်ရာပြင်းထန်စွာ ရထားသည်တဲ့လား။

“ဧကရာဇ်အတိုင်ပင်ခံကတော်ကို ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဂါရဝပြုနှုတ်ဆက်ပါတယ်…” ချင်မူ အမျိုးသမီးကို နှုတ်ဆက်လိုက်သည်။

ဧကရာဇ်အတိုင်ပင်ခံကတော်က ဧကရာဇ်၏ ခေါင်းတုံးပြောင်ပြောင်ကို မြင်သောအခါ ဇဝေဇဝါ ဖြစ်သွား၏။ ထို့နောက် ကမန်းကတန်း ပြောလိုက်သည်။ “အဲမှာ ရပ်မနေကြနဲ့လေ၊ အိမ်ထဲ ဝင်ထိုင်ကြ…”

“ကျောက်စိမ်းမြို့တော်ငယ်ကအပြန် ဆီးနှင်းကပ်ဘေးရဲ့ ဇာစ်မြစ်ကို စုံစမ်းရင်း ဗူးသီးခြောက်တစ်လုံး ကိုင်ထားတဲ့ နတ်ဘုရားတစ်ပါးနဲ့ ဆုံတွေ့ခဲ့ရတာပါ…” သစ်သားအိမ်လေးအတွင်းသို့ ရောက်သောအခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မည်သို့မျှ မဖြစ်လေသည့်ဟန်ဖြင့် ခပ်အေးအေး ပြောပြ၏။ “ဒီသဘာဝကပ်ဘေးက သူ့ဗူးသီးခြောက်ကနေ ထုတ်လွှတ်လိုက်တာ… ကျွန်တော်မျိုးနဲ့ တိုက်တဲ့တိုက်ပွဲမှာ အဲဒီနတ်ဘုရား ဒဏ်ရာရသွားပေမဲ့ ကျွန်တော့်ဒဏ်ရာတွေက သူ့ထက် ပိုပြင်းထန်တယ်… ဇနီးသည်ကလည်း ကိုယ်ဝန်ရှိသွားတာဆိုတော့ ဒီနေရာမှာ အချိန်တစ်ခုထိ နေဖို့ ဆုံးဖြတ်လိုက်ကြတာ…”

သူက ခပ်ရိုးရိုးသာ ပြောလိုက်သော်လည်း ထိုတိုက်ပွဲက မည်မျှ ပြင်းထန်မည်ဖြစ်ကြောင်း မှန်းဆကြည့်နိုင်သည်။

ဧကရာဇ်ယန်ဖုန်းက သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို စစ်ဆေးကြည့်ရှုရင်း ချင်မူ့ကို အကြည့်ဖြင့် လှမ်းမေးလိုက်၏။

ချင်မူက ဧကရာဇ်အတိုင်ပင်ခံကို စစ်ဆေးစမ်းသပ်ပြီးနောက် ခေါင်းခါယမ်းလိုက်သည်။ “နတ်ဘုရားတစ်ပါးကြောင့်ရတဲ့ ဒဏ်ရာတွေမှာ နတ်ဘုရားတစ်ပါးရဲ့ စိတ်အာရုံ ကိန်းအောင်းနေတယ်… ဒီဒဏ်ရာတွေရဲ့ ရင်းမြစ်ကို ကျွန်တော် မကုသနိုင်ဘူး… အမြစ်ပြတ်အောင် ကုချင်ရင်တော့ ရွာပြန်ပြီး ဘိုးဘိုးဆေးဆရာကို အကူအညီတောင်းမှ ရမယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “ဒီပြဿနာရဲ့ အရင်းအမြစ်ကို မင်း မကုသနိုင်ဘူးဆိုတာ ငါသိပါတယ်၊ အဲဒါကြောင့် လာမရှာတာပဲ… အခုရထားတဲ့ ဒဏ်ရာတွေက အတော်လေး ပြင်းထန်လို့ ရွှေမြို့တော်ကိုလည်း မပြန်တာ၊ ပြန်တာနဲ့ သေချာပေါက် သေမှာပဲ၊ ငါဒဏ်ရာရထားတယ်ဆိုတာ တခြားသူတွေကို ပေးသိလို့ မဖြစ်ဘူး… ဒါပေမဲ့ အရှင်မင်းကြီးလည်း ဒီလို ဖြစ်သွားလိမ့်မယ်တော့ မထင်လိုက်မိဘူး…”

သက်လတ်ပိုင်းအရွယ် ယောက်ျားကြီးနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တဟားဟား ရယ်မောလိုက်မိကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ရယ်မောရင်းနှင့် ချောင်းတဟွတ်ဟွတ် မနားတမ်း ဆိုးတော့၏။

ဧကရာဇ်ယန်ဖုန်းက အပြင်ဘက်သို့ ကြည့်၍ မေးလိုက်သည်။ “အပြင်ဘက်က သွေးကန်က…”

“အဲဒီနတ်ဘုရားဆီက ကျန်ခဲ့တာ… အတော်စွမ်းအားကြီးတဲ့ နတ်ဘုရားပဲ၊ အပေါ်ယံဒဏ်ရာ နည်းနည်းလေး ရသွားတာ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ရင်ဘတ်မှ ဒဏ်ရာများက ပွင့်ထွက်သွားသဖြင့် ချင်မူ နဂါးသွားရည်များ လိမ်းပေးလိုက်ရ၏။ သို့သော်လည်း အနာကျက်စအပြုတွင် ထိုနတ်ဘုရား ချန်ထားရစ်သော ကောင်းကင်နတ်သိုင်း အကြွင်းအကျန်ကြောင့် တဖန်ထပ်၍ ပွင့်ထွက်သွားပြန်သည်။

ဤသို့သော ဒဏ်ရာမျိုးက ဆေးသက်သက်ဖြင့် ကုသ၍ မရတော့။ သေရွာမှ ပြန်ခေါ်နိုင်သော စွမ်းအင်ဆေးလုံးများပင် နတ်ဘုရားကောင်းကင်နတ်သိုင်း အကြွင်းအကျန်များကို ဖယ်ရှားပစ်နိုင်လိမ့်မည် မဟုတ်ချေ။

ချင်မူ တစ်ခဏမျှ စဉ်းစား၍ ရွှေအ သူ့ကို လက်ဆောင်ပေးလိုက်သော ဓားစက်လုံးကို ထုတ်ယူလိုက်သည်။ အသာအယာ တစ်ချက် လှုပ်ခါလိုက်သည်နှင့် ပြိုးပြိုးပြက်ပြက် ဓားရောင်များ ပေါ်ထွက်လာ၏။ ချင်မူက ထိုဓားရောင်များကို စုစည်း၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဒဏ်ရာပတ်ပတ်လည်တွင် ထိုးစိုက်လိုက်သည်။

ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ခပ်အုပ်အုပ် အော်ဟစ်လိုက်မိပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းတို့ကတော့ တုန်လှုပ်ခြင်းအလျဉ်း မရှိချေ။

ချင်မူက လက်ညှိုးတစ်ချောင်း ဆန့်ထုတ်လိုက်ပြီး သူ့လက်ချောင်းထိပ်၌ သိပ်သည်းသော ချီစွမ်းအင်များက တိမ်တိုက်တစ်ခုကဲ့သို့ ဝဲလည်လှည့်လာ၏။ ထို့နောက် ဓားစက်လုံးကို အသာအယာ တို့ထိလိုက်ရာ ရွှီးခနဲ အသံတစ်သံနှင့်အတူ ဓားစက်လုံးထံမှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အိမ်နံရံကို ထွင်းဖောက်၍ သွေးရေကန်ထဲသို့ ကျရောက်သွားသည်။

ဘုန်း…။

သွေးရေကန်က ပြင်းစွာ လှုပ်ခါ၍ ဘုန်းခနဲ ပေါက်ကွဲထွက်သွား၏။ သုံးကြိမ်သုံးခါတိတိ ပေါက်ကွဲအပြီးတွင်တော့ ဓားစက်လုံးမှ ဓားအလင်းတန်းက တုန်ခါမှုအရှိန်ဖြင့် ပြိုကွဲပျက်စီးပြီး သေးငယ်သွားသည်။

“နတ်ဆေးသမားတော်လေးကတော့ တကယ့်ကို ပါရမီရှင်ပါပဲ…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လေးစားချီးကျူးစွာ သက်ပြင်းချလိုက်၏။ “နတ်ဘုရားသွေးရဲ့ စွမ်းအားနဲ့ နတ်ဘုရားကောင်းကင်နတ်သိုင်း အကြွင်းအကျန်ကို တန်ပြန်ချေမှုန်းဖို့ကို တော်ရုံ စဉ်းစားမိမှာ မဟုတ်ဘူး…”

ချင်မူက နဂါးသွားရည်များ ထပ်လိမ်းပေးလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ဒဏ်ရာက ပြန်ပွင့်ထွက်ခြင်း မရှိတော့။ “တခြားကောင်းကင်နတ်သိုင်းတွေကိုတော့ ကျွန်တော့်အစွမ်းနဲ့ အပြင်ထုတ်မပေးနိုင်ဘူး… အရှင်မင်းကြီး၊ ဧကရာဇ်အတိုင်ပင်ခံ၊ အခုလောလောဆယ်အတွက် ရွေးစရာလမ်းနှစ်ခု ရှိတယ်… ပထမလမ်းက မဟာမြို့ပျက် ခေါ်သွားပြီး ဒဏ်ရာတွေ ကုပေးမယ်… ဒုတိယလမ်းကတော့ ရွှေမြို့တော်ကို သွားဖို့ပဲ… ကြိုက်ရာလမ်း ရွေးနိုင်တယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဧကရာဇ်ယန်ဖုန်းကို ကြည့်လိုက်၏။ သူတို့နှစ်ယောက်က တစ်ယောက်အတွေး တစ်ယောက်သိသည့်အလား တစ်ပြိုင်နက် ပြောလိုက်သည်။ “မြို့တော်ကို သွားမယ်…”

ချင်မူက သူ၏ ဝက်ခုတ်ဓားမကို ဆွဲထုတ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဦးခေါင်းကို စားပွဲပေါ် ဖိချလိုက်၏။ ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးမှာ အလန့်တကြား အော်ဟစ်လိုက်မိသည်။ “ဂိုဏ်းသခင်ချင်၊ ဘာလုပ်တာလဲ…”

ဧကရာဇ်ယန်ဖုန်းက သူ့ဦးပြည်းပြောင်ပြောင်ကို ပွတ်၍ ပြောလိုက်သည်။ “အတိုင်ပင်ခံကတော်၊ ကျုပ်ကို ကြည့်ရင် သိပါလိမ့်မယ်…”

ချင်မူ၏ လက်များက ပေါ့ပါးသွက်လက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဦးခေါင်းကို မျက်စိတစ်မှိတ်အတွင်း ခေါင်းတုံးဖြစ်အောင် ရိတ်ပစ်၏။ ထို့နောက် အမွှေးတိုင်တချို့ ထုတ်ယူ၍ မီးညှိပြီး ခေါင်းပေါ်တွင် အမာရွတ်များဖြစ်အောင် လုပ်လိုက်သည်။ ပြီးသည့်အခါ လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုကို လုပ်ရသကဲ့သို့ ထောင်ထျယ်အိတ်ထဲမှ အဝါရောင်သင်္ကန်းတစ်စုံ ထုတ်ယူလိုက်၏။ သူက တစ်ချက်ပြုံး၍ ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံအတွက် အပိုတစ်စုံ အသင့်ဆောင်ထားတာ အတော်ပဲ… ခဏလေးစောင့်၊ မျက်နှာတစ်ခြမ်းမှာ အစိမ်းရောင်အမှတ်တစ်ခု ဆွဲပေးဦးမယ်…”

ဧကရာဇ်အတိုင်ပင်ခံကို ပြင်ဆင်ပေးပြီးသောအခါ အတိုင်ပင်ခံကတော်ဘက်သို့ လှည့်လိုက်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကမန်းကတန်း ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ငါ့ဇနီးက ကိုယ်ဝန်ရှိနေတာဆိုတော့ ဒီလိုအေးခဲနေတဲ့ ရာသီဥတုမှာ ဆံပင်မရှိရင်…”

“အဲဒါဆို သူက တာအိုရသေ့မ လုပ်ပေါ့..” ချင်မူက တာအိုရသေ့ဝတ်စုံတစ်စုံ ထုတ်ယူ၍ အတိုင်ပင်ခံ၏ ဇနီးထံ ကမ်းပေးလိုက်သည်။ ထို့နောက် ရုတ်ခြည်းဆိုသလို မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ အားလုံးကို ပြုံးပြလိုက်၏။ “ဒါနဲ့ ခင်ဗျားတို့သုံးယောက် ကျွန်တော့်ဂိုဏ်းကိုများ ဝင်ချင်ကြလား… ကျွန်တော့်ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ဝင်ရင် စားဖို့အတွက် မပူရဘူး၊ ဘာပညာမှ မတတ်ရင် အသက်မွေးဝမ်းကြောင်းဖို့အတွက် လက်မှုပညာ သင်ပေးမယ်… ဂိုဏ်းထဲသာ ဝင်လိုက်၊ ငတ်မသေဖို့တော့ အာမခံတယ်…”


Zawgyi

ခ်င္မူ အဘြားစစ္ကို ႏႈတ္ဆက္၍ ဧကရာဇ္ကို ေခၚကာ ထြက္လာခဲ့၏။ နဂါးခ်ီလင္က သူတို႔ေနာက္မွ လိုက္လာသည္။ လမ္းတြင္ ဧကရာဇ္ယန္ဖုန္းကို မဟာဉာဏ္အလင္းဖြင့္ ေကာင္းကင္နတ္ဆိုးက်မ္းစာမွ ဝိညာဥ္ဖန္ဆင္းက်င့္စဥ္ႏွင့္ ေလာကသခင္ခႏၶာ အျမဳေတသုံးသြယ္က်င့္စဥ္ သင္ေပးလိုက္၏။ “ဒီက်င့္စဥ္ႏွစ္ခုကို လမ္းေလၽွာက္ရင္း ေလ့က်င့္ခဲ့၊ အရွင္မင္းႀကီးရဲ့ ခႏၶာကိုယ္ကို သန္စြမ္းလာေစနိုင္သလို ဒဏ္ရာေတြအတြက္လည္း အေထာက္အကူျပဳတယ္…”

ဧကရာဇ္ယန္ဖုန္းက မယုံသကၤာျဖင့္ ဝိညာဥ္ဖန္ဆင္းက်င့္စဥ္ႏွင့္ ေလာကသခင္ခႏၶာ အျမဳေတသုံးသြယ္က်င့္စဥ္ကို ေလ့က်င့္ၾကည့္သည္။ သူ႔အသားအေရာင္က ပိုမိုေကာင္းမြန္လာၿပီး ျပဳံးလိုက္၏။ “လမ္းေလၽွာက္ရင္းေတာင္ ေလ့က်င့္လို႔ရတယ္ဆိုေတာ့ ဒီက်င့္စဥ္က တကယ္ေကာင္းတာပဲ၊ ငါ့ခြန္အားလည္း ျပန္ျပည့္လာသလို ခံစားရတယ္…”

“ဒီအတိုင္း အရင္ေလ့က်င့္ထား၊ အရွင္မင္းႀကီး နည္းနည္းေလာက္ က်င့္စဥ္တိုးတက္ေအာင္ျမင္လာရင္ ဒဏ္ရာေတြ က်က္ၿပီး ခႏၶာကိုယ္ဖြဲ႕စည္းပုံ ပိုသန္မာလာလိမ့္မယ္… အဲဒီအခါက်မွ အရွင္မင္းႀကီးရဲ့ ယန္ဝိညာဥ္ တည္ၿငိမ္ေအာင္ ေလ့က်င့္ဖို႔ တေစၧဖန္ဆင္းပညာ သင္ေပးမယ္… ယန္ဝိညာဥ္အားျဖည့္ေဆးပါ သုံးလိုက္ရင္ ႏွစ္ဖက္ညႇပ္ကုသလို ျဖစ္ၿပီး ယန္ဝိညာဥ္က ဒဏ္ရာေတြ အလုံးစုံ ေပ်ာက္ကင္းသြားနိုင္မွာပဲ…”

ခ်င္မူ ႐ုတ္တရက္ အေတြးနက္သြားသည္။ ‘အခု ငါက ဧကရာဇ္ကို မဟာဉာဏ္အလင္းဖြင့္ ေကာင္းကင္နတ္ဆိုးက်မ္းစာရဲ့ ပညာေတြ သင္ေပးေနတာဆိုေတာ့ သူ႔အေနနဲ႔ ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းကို ဝင္သင့္ၿပီ မဟုတ္လား… အဲဒါဆို သူ႔ကို ဘာရာထူးေပးရရင္ ေကာင္းမလဲ…”

သူက ဧကရာဇ္ယန္ဖုန္းကို ေစာင္းငဲ့ၾကည့္ရင္း မေကာင္းသည့္ အေတြးအႀကံမ်ား ႀကံစည္ေန၏။ ‘ငါတို႔ဂိုဏ္းမွာ ေကာင္းကင္နတ္မင္းတစ္ပါး လိုေသးတာပဲ… ဧကရာဇ္သာ ဂိုဏ္းထဲဝင္ၿပီး ေကာင္းကင္နတ္မင္း ျဖစ္လာရင္ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာက ငါတို႔ ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းရဲ့ အပိုင္ျဖစ္သြားၿပီ မဟုတ္လား…”

ဧကရာဇ္ယန္ဖုန္းက ႀကိဳးစားပမ္းစား ေလ့က်င့္ေနၿပီး သူ႔ခႏၶာကိုယ္က တစ္စထက္တစ္စ ႀကံ့ခိုင္သန္စြမ္းလာသည္။ ခ်ီစြမ္းအင္အခ်ိဳ႕ ရရွိလာေသာ္လည္း သူ႔ေကာင္းကင္ရတနာမ်ားက ပ်က္စီးေနသည့္အတြက္ ေရွ႕ဆက္တက္လွမ္းနိုင္ျခင္း မရွိေပ။

ခ်င္မူသည္လည္း ေအးေအးေဆးေဆး ေလ့က်င့္လိုက္ပါလာ၏။ ေလာကသခင္ခႏၶာ အျမဳေတသုံးသြယ္က်င့္စဥ္ကို လွည့္လည္လိုက္ေသာအခါ အလင္းတန္းငါးခုက ေကာင္းကင္ယံမွ က်ဆင္းလာသည္။ ထိုအလင္းတန္းမ်ားက သူ႔ခႏၶာကိုယ္ရွိ ဓာတ္ႀကီးငါးပါးႏွင့္ ေကာင္းကင္ယံရွိ ဓာတ္ႀကီးငါးပါး ၾကယ္တာရာမ်ားကို ဆက္သြယ္ကာ ၾကယ္တာရာစြမ္းအားမ်ား စုပ္ယူ၍ က်င့္စဥ္စြမ္းအင္ ေလ့က်င့္ေနျခင္း ျဖစ္၏။

ဧကရာဇ္ယန္ဖုန္းမွာ မွင္တက္မိသြားသည္။ ‘ဒီေကာင္ေလးက ဓာတ္ႀကီးငါးပါးအဆင့္ပဲ ရွိေသးတာလား…’

ခ်င္မူ႔ကို အရပ္ေျခာက္မ်က္ႏွာအဆင့္ ေကာင္းကင္နတ္သိုင္းပညာရွင္ ျဖစ္ေနၿပီဟု တစ္ခ်ိန္လုံး ထင္ခဲ့မိ၏။ ခ်င္မူ၏ က်င့္စဥ္သိုင္းကြက္မ်ားက အရပ္ေျခာက္မ်က္ႏွာအဆင့္ ေကာင္းကင္နတ္သိုင္းပညာရွင္မ်ားႏွင့္ တန္းတူလိုက္နိုင္ၿပီး က်င့္စဥ္စြမ္းအင္ကလည္း ထိုသူမ်ားေအာက္ မက်ေခ်။ ဓာတ္ႀကီးငါးပါးအဆင့္တြင္သာ ရွိဦးမည္ဟု သူ မထင္ခဲ့မိ။

‘ေကာင္းကင္နတ္ဆိုးဂိုဏ္းရဲ့ မဟာဉာဏ္အလင္းဖြင့္ ေကာင္းကင္နတ္ဆိုးက်မ္းစာက တကယ့္ကို ထူးကဲတာပဲ…’ ဧကရာဇ္ယန္ဖုန္း စိတ္ထဲမွ က်ိတ္ခ်ီးက်ဴးလိုက္မိသည္။ သို႔ေသာ္လည္း သူ မသိသည္မွာ ခ်င္မူ၏ က်င့္စဥ္စြမ္းအင္က သူ ယခုေလ့က်င့္ေနသည့္ ေလာကသခင္ခႏၶာ အျမဳေတသုံးသြယ္က်င့္စဥ္မွ အဓိက ျမစ္ဖ်ားခံလာသည္ ဆိုျခင္းပင္ ျဖစ္၏။

ခ်င္မူ၏ က်င့္စဥ္စြမ္းအင္က အမွန္ပင္ ဓာတ္ႀကီးငါးပါးအဆင့္၏ အထြတ္အထိပ္သို႔ ေရာက္ရွိၿပီး အရပ္ေျခာက္မ်က္ႏွာအဆင့္ႏွင့္ မေဝးေတာ့ေခ်။ ေနာက္တစ္ဆင့္သို႔ မတက္မီ ဓာတ္ႀကီးငါးပါး ၾကယ္တာရာအရွင္သခင္မ်ား အေျခခိုင္ေအာင္ ေစာင့္ေနျခင္းသာ ျဖစ္သည္။

သူတို႔ႏွစ္ေယာက္သား ေလးရက္တိတိ လမ္းေလၽွာက္ခရီးႏွင္လာၿပီး ညဘက္၌  ကြင္းျပင္ထဲတြင္သာ အိပ္စက္ခဲ့ရ၏။ ေနာက္တစ္ၿမိဳ႕သို႔ ရာက္ေသာအခါ ခ်င္မူက ၿမိဳ႕ထဲသို႔ ဝင္၍ ေဆးပင္မ်ား ဝယ္ယူသည္။ ဧကရာဇ္ယန္ဖုန္းအတြက္ေတာ့ ဤမၽွဒုကၡခံစားရသည္မွာ ဘဝတစ္ေလၽွာက္တြင္ ပထမဆုံး ျဖစ္၏။ သူ႔ေျခေထာက္ႏွစ္ဖက္စလုံး၌ ပြန္းပဲ့ရာမ်ား၊ အရည္ၾကည္ဖုမ်ား ျပည့္ႏွက္ေနသည္။

တည္းခိုေဆာင္သို႔ ေရာက္ေသာအခါ ခ်င္မူက ဧကရာဇ္ယန္ဖုန္းကို သစ္သားဇလုံထဲ ဝင္ထိုင္ခိုင္း၍ တစ္ညလုံး ေဆးရည္စိမ္ထား၏။ ဧကရာဇ္ယန္ဖုန္းမွာ သစ္သားဇလုံထဲတြင္ပင္ အိပ္ေပ်ာ္သြားသည္။ ေနာက္တစ္ေန႔မနက္ နိုးလာေသာအခါ သူ႔ေျခေထာက္မွ အရည္ၾကည္ဖုမ်ားအားလုံး ေပ်ာက္ကင္းၿပီး တစ္ကိုယ္လုံးေပါ့ပါးသြားသလို ခံစားရသျဖင့္ တအံ့တဩ စုတ္သပ္လိုက္မိ၏။

သူတို႔ႏွစ္ေယာက္သား ခရီးဆက္၍ ခ်ီျပည္နယ္အစပ္သို႔ ေရာက္ရွိလာသည္။ ထိုေနရာသို႔ ေရာက္ေသာအခါ  ေကာင္းကင္နတ္သိုင္းပညာရွင္ မ်ားစြာက ရြာသူရြာသားမ်ားကို ေအာ္ဟစ္ေမာင္းႏွင္ေနေၾကာင္း ေတြ႕ရ၏။

“ဒီေနရာက ငါတို႔ခ်ီေတာင္ဂိုဏ္း ပိုင္တာကြ…”

ထိုေကာင္းကင္နတ္သိုင္းပညာရွင္မ်ားက ခ်ီေတာင္ဂိုဏ္းသားမ်ား ျဖစ္ဟန္ရွိၿပီး လၽွပ္စီးသိုင္းပညာကို ေလ့က်င့္ထားၾကသည္။ သူတို႔က ဝကၤပါအစီအရင္တစ္ခုကို ထိန္းခ်ဳပ္၍ ေနရာအႏွံ့ လၽွပ္စီးတန္းမ်ား ပစ္ခ်ၿပီး ရြာသူရြာသားမ်ားကို တစ္ေနရာတည္းသို႔ စုစည္းေနၾက၏။

“ဧကရာဇ္က စနစ္ေဟာင္းကို ျပန္အသက္သြင္းဖို႔ အမိန႔္ေပးလိုက္ၿပီ… သိုင္းဂိုဏ္းေတြရဲ့ နယ္ေျမက သိုင္းဂိုဏ္းေတြနဲ႔ပဲ သက္ဆိုင္ေတာ့မယ္… ဒီေန႔ကစၿပီး နန္းတြင္းကို အခြန္ေဆာင္စရာ မလိုေတာ့ဘူး၊ ငါတို႔ ခ်ီေတာင္ဂိုဏ္းကိုပဲ ဆက္ေၾကးေပးရမယ္…”

ရြာသားတစ္ေယာက္က ထိုစကားကို လက္မခံဘဲ ျငင္းဆန္ရန္ ျပင္လိုက္သည္။ သို႔ေသာ္လည္း သူထရပ္သည္ႏွင့္ လၽွပ္စီးတန္းတစ္ခု က်ေရာက္လာၿပီး ေနရာတြင္ပင္ အသက္ေပ်ာက္သြား၏။

ခ်င္မူက ရပ္ၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဧကရာဇ္ယန္ဖုန္းမွာလည္း မ်က္ႏွာတစ္ျပင္လုံး မည္းေမွာင္၍ ေအးစက္စက္ ေရရြတ္လိုက္၏။ “ေခတ္ေနာက္ျပန္ ဆြဲခ်င္ေနတာပဲ…”

အျခားျပည္နယ္မ်ားသို႔ ေရာက္ေသာအခါတြင္လည္း သိုင္းဂိုဏ္းမ်ား၏ ဩဇာအာဏာက ျပာပုံၾကားမွ မီးထေတာက္သကဲ့သို႔ တျဖည္းျဖည္း  ျပန္လည္ ႀကီးထြားလာေနေၾကာင္း ေတြ႕ရသည္။ သူတို႔က နယ္ေျမမ်ား အပိုင္စီး၍  စည္းစိမ္ဥစၥာမ်ား သိမ္းယူၾက၏။ သိုင္းဂိုဏ္းအခ်င္းခ်င္းလည္း နယ္ေျမလုေနၾကရာ နဂိုကတည္းက မတည္ၿငိမ္ေသာ နယ္ေျမမ်ားမွာ ပို၍ ဆိုးရြားလာသည္။

ဆီးႏွင္းကပ္ေဘးေၾကာင့္ပင္ အေတာ္ေလး ထိခိုက္ဆုံးရႈံးခဲ့ရၿပီ ျဖစ္၏။ ယခုအခါ သိုင္းဂိုဏ္းမ်ား တစ္စခန္းျပန္ထ၍ နယ္ေျမသိမ္းယူျခင္း၊ အရပ္သားမ်ားကို လယ္ကၽြန္၊ ေျမကၽြန္မ်ားအျဖစ္ ဖမ္းဆီးျခင္းတို႔ပါ ထပ္တိုးလာရာ မီးပုံထဲသို႔ ဆီေလာင္းထည့္သကဲ့သို႔သာ ရွိေတာ့သည္။

ေနရာအႏွံ့ ကပ္ေဘးကယ္ဆယ္ေရး ျပဳလုပ္ေနေသာ အရာထမ္း၊ အမႈထမ္းမ်ားမွာလည္း ရပ္တန႔္သြားၿပီ ျဖစ္၏။ ငတ္ျပတ္ေအးခဲ၍ ေသဆုံးသူမ်ားမွာလည္း ေရတြက္မရသည္အထိ တိုးျမင့္လာ၏။

ဧကရာဇ္ယန္ဖုန္းမွာ အသံမထြက္ေတာ့ေခ်။ သူ၏ ေကာင္းကင္ရတနာမ်ားကို ျပဳျပင္ကုသၿပီး နဂိုက်င့္စဥ္စြမ္းအင္ ျပန္လည္ရရွိနိုင္ေအာင္ အပတ္တကုပ္ ႀကိဳးစားေလ့က်င့္ေနသည္။

သဟဇာတျပည္နယ္သို႔ ေရာက္ေသာအခါ ခ်င္မူက ၿမိဳ႕စားစံအိမ္သို႔ သြားလိုက္၏။ သဟဇာတျပည္နယ္အႀကီးအကဲက သူ႔ကို ထြက္၍ ႀကိဳဆိုသည္။ ဧကရာဇ္ယန္ဖုန္းကို တစ္ခ်က္ ၾကည့္လိုက္ေသာ္လည္း မွတ္မိျခင္း မရွိသျဖင့္ သူ႔အၾကည့္က ခ်င္မူထံ ျပန္ေရာက္လာ၏။ “ဂိုဏ္းသခင္…”

“အထဲမွာ ေျပာမယ္…” ခ်င္မူက နဂါးခ်ီလင္ကို အနားယူခိုင္းၿပီး စံအိမ္အတြင္းသို႔ လွမ္းဝင္လိုက္သည္။ ထိုအခိုက္၌ ဧကရာဇ္ယန္ဖုန္း၏ ဗိုက္မွ တဂြီဂြီအသံမ်ား ၾကားရသျဖင့္ သဟဇာတျပည္နယ္အႀကီးအကဲကို လွမ္းေျပာလိုက္၏။ “ခဝါသည္စံအိမ္သခင္၊ ဒီေခါင္းတုံး… ဒီဆရာႀကီးကို ထမင္းတစ္ပန္းကန္ေလာက္ စားဖို႔ေပးလိုက္ပါဦး…”

သဟဇာတျပည္နယ္အႀကီးအကဲက ေကာင္းကင္တန္ခိုးရွင္ဂိုဏ္း၏ ခဝါသည္စံအိမ္သခင္ ျဖစ္ၿပီး သြမ့္မူက်င့္ဟု ေခၚတြင္သည္။ သူက အေစခံတစ္ေယာက္ကို ဧကရာဇ္ယန္ဖုန္းအတြက္ စားစရာယူလာေပးရန္ ေစခိုင္းလိုက္ၿပီး အျပဳံးတစ္ခုႏွင့္ ေမး၏။ “ဂိုဏ္းသခင္က ရဟန္းအိုႀကီးတစ္ပါးကို ဘာလို႔ ေခၚလာရတာလဲ…”

ခ်င္မူက ရွင္းမျပဘဲ ေမးခြန္းထုတ္လိုက္သည္။ “ေရႊၿမိဳ႕ေတာ္မွာ ဘယ္လိုအေျခအေန ရွိလဲ…”

“သိပ္မေကာင္းဘူး…” သြမ့္မူက်င့္က ေျပာလိုက္၏။ “တာအိုဂိုဏ္းနဲ႔ မဟာမိုးၿခိမ္းသံေက်ာင္းေတာ္ရဲ့ တာအိုရေသ့ေတြ၊ ရဟန္းေတြ ေရႊၿမိဳ႕ေတာ္ကို ေရာက္ေနၾကၿပီ… တာအိုသခင္နဲ႔ တထာဂတက အိမ္ေရွ႕မင္းသားကို ၿငိမ္းခ်မ္းေရးဧကရာဇ္အျဖစ္ အပ္ႏွင္းတဲ့ အမိန႔္စာလႊာေတြ ပို႔ထားတယ္၊ သုံးလပိုင္း ေျခာက္ရက္ေန႔မွာ အိမ္ေရွ႕မင္းသားက နန္းသိမ္းပြဲခံယူလိမ့္မယ္… အခုေလာေလာဆယ္ေတာ့ အိမ္ေရွ႕မင္းသားရဲ့ ကင္းေထာက္ေတြ ေနရာအႏွံ့ပဲ၊ ဧကရာဇ္နဲ႔ ႐ုပ္တူတဲ့သူမွန္သမၽွ လိုက္သတ္ေနတာ…”

ခ်င္မူ ေခါင္းညိတ္လိုက္သည္။ ဤသည္က သူမွန္းထားသည္ႏွင့္ မ်ားစြာ မကြာေခ်။

သြမ့္မူက်င့္က ဆက္ေျပာ၏။ “ၿပီးေတာ့ အခုလက္ရွိမွာ အိမ္ေရွ႕မင္းသားက တိုင္းျပည္ကို အုပ္ခ်ဳပ္ေနတဲ့အတြက္ အာဏာအင္အား အေတာ္ေလး ရထားတယ္၊ တခ်ိဳ႕ ဩဇာႀကီးမိသားစုေတြလည္း ဘက္ေျပာင္းသြားၿပီ… ဘက္မေျပာင္းတဲ့ မိသားစုေတြအိမ္မွာေတာ့ ဘုန္းေတာ္ႀကီးေတြနဲ႔ တာအိုရေသ့ေတြ အတင္းဝင္ေနေနၾကတယ္… အဲဒီမိသားစုႀကီးေတြလည္း သူတို႔နဲ႔ ထိပ္တိုက္ ရင္မဆိုင္ဝံ့လို႔ ေနခြင့္ျပဳထားၾကရတာ… လက္ရွိေရႊၿမိဳ႕ေတာ္က လူစုံျဖစ္ေနၿပီ၊ လူေကာင္း လူဆိုး မကြဲေတာ့ဘူး… ဧကရာဇ္ရဲ့ အုပ္ခ်ဳပ္မႈေအာက္မွာ မရွိေတာ့ဘူးလို႔ေတာင္ ေျပာနိုင္တယ္…”

“အိမ္ေရွ႕မင္းသားက ေရွးဘိုးေဘးေတြ လက္ထက္က စနစ္ေဟာင္းကို ျပန္အသက္သြင္းၿပီး ဟိုအရင္ သိုင္းဂိုဏ္းေတြ ပိုင္ဆိုင္ခဲ့တဲ့ နယ္ေျမကို သူတို႔လက္ထဲ ျပန္အပ္ဖို႔ အမိန႔္ထုတ္လိုက္တယ္… တျခားနယ္ေျမေတြကိုပဲ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာရဲ့ အပိုင္အျဖစ္ သတ္မွတ္မယ္တဲ့… ၿပီးေတာ့…”

သြမ့္မူက်င့္က ခ်ီတုံခ်တုံ ျဖစ္သြားၿပီးမွ ေျပာလိုက္သည္။ “ဝံပုေလြအသိုက္နယ္ေျမက နယ္စပ္စစ္ပြဲအေၾကာင္း၊ ၿငိမ္းခ်မ္းေရးအေၾကာင္း ေဆြးေႏြးဖို႔ သံတမန္တစ္ေယာက္ ေစလႊတ္လိုက္တယ္… အိမ္ေရွ႕မင္းသားက ဝံပုေလြအသိုက္နယ္ေျမကို ျပည္နယ္ဆယ္ေျခာက္ခု ျပန္ေပးအပ္ဖို႔ သေဘာတူလိုက္ၿပီ… မန္သီလူရိုင္းနယ္ေျမကလည္း နယ္ေျမျပန္ေတာင္းဖို႔ သံတမန္တစ္ေယာက္ ေစလႊတ္ထားေသးတယ္…”

“မိဘအေမြကို ျဖဳန္းဖို႔က တကယ္လြယ္တာပဲ…” ခ်င္မူ ျပဳံးလိုက္၏။ “ဒီအိမ္ေရွ႕မင္းသားက ဧကရာဇ္လုပ္မယ္ဆိုၿပီး အေတာ္ေၾကာက္တတ္ပါလား…”

သြမ့္မူက်င့္မွာ ဇေဝဇဝါ ျဖစ္သြားသည္။ ခ်င္မူက ေဒါသထြက္သည့္ အမူအရာ မရွိဘဲ ခပ္ေအးေအး ျဖစ္ေနသည္ မဟုတ္လား။ သူ မသိသည္မွာ ခ်င္မူက သူ႔ကိုယ္သူ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ၏ ျပည္သူျပည္သားတစ္ေယာက္အျဖစ္ မည္သည့္အခါကမၽွ ခံယူမထားျခင္း ျဖစ္၏။ အစကတည္းမွ ယခုအခ်ိန္ထိ သူ႔ကိုယ္သူ မဟာၿမိဳ႕ပ်က္၏ နတ္ဘုရားတို႔ စြန႔္ပစ္ျခင္းခံရေသာ စြန႔္ပစ္ခံလူတစ္ေယာက္အျဖစ္သာ မွတ္ယူထားသျဖင့္ ဤကိစၥကို ေဒါသထြက္စရာ အေၾကာင္းမရွိေပ။

‘သုံးလပိုင္း ေျခာက္ရက္ေန႔မွာ နန္းတက္မယ္ဆိုေတာ့… တကယ့္ကို ေန႔ေကာင္းရက္ျမတ္ပဲ၊ လူသတ္ဖို႔အတြက္ သိပ္ကို သင့္ေတာ္တယ္…’ ခ်င္မူက သြမ့္မူက်င့္ကို ေမးလိုက္သည္။ “ဧကရာဇ္အတိုင္ပင္ခံနဲ႔ ပတ္သက္တဲ့ သတင္းေရာ ဘာၾကားေသးလဲ…”

“သူရွိတဲ့ေနရာကို သိထားပါၿပီ…”

ခ်င္မူ စိတ္အားတက္ႂကြသြားၿပီး စာရြက္အခ်ိဳ႕ ထုတ္ယူလိုက္၏။ “စံအိမ္သခင္၊ ဒီစာရြက္ေပၚမွာ ေရးထားတဲ့ ေဆးပင္ေတြ ျပင္ဆင္ၿပီး ခ်င္ျပည္နယ္ၿမိဳ႕ေတာ္ဆီ ပို႔ေပးပါ…”

သြမ့္မူက်င့္က ေခါင္းညိတ္၍ ဦးညႊတ္အရိုအေသျပဳလိုက္သည္။

ထို႔ေနာက္ ခ်င္မူ ဧကရာဇ္ယန္ဖုန္းကို ေခၚယူ၍ နဂါးခ်ီလင္ထံ ေလၽွာက္လွမ္းသြား၏။

ဧကရာဇ္ယန္ဖုန္းက ကမန္းကတန္း ေျပာလိုက္သည္။ “ငါ ဗိုက္ဝေအာင္ေတာင္ မစားရေသးဘူး…”

ခ်င္မူက ျပဳံးလိုက္၏။ “အရွင္မင္းႀကီးကို ဧကရာဇ္အတိုင္ပင္ခံနဲ႔ ေတြ႕ရေအာင္ ေခၚသြားမလို႔ပါ… လမ္းေရာက္မွ ထပ္စားၾကတာေပါ့…”

ဧကရာဇ္ယန္ဖုန္းက လက္ထဲမွ ေပါက္စီကို အလ်င္အျမန္ခ်၍ တည္ၾကည္ေလးနက္ေသာ အမူအရာ ျဖစ္သြားသည္။ သူ ဤလူငယ္ေလးေနာက္မွ တိတ္တဆိတ္ လိုက္လာရင္း လွမ္းေမးလိုက္၏။ “ဒီရက္ပိုင္းေတြ သူဘယ္သြားေနတာလဲ ငါေမးရမယ္…”

ခ်င္မူက သူ႔ကို နဂါးခ်ီလင္၏ ေက်ာေပၚသို႔ တင္ေပးလိုက္သည္။ ထို႔ေနာက္ သူကိုယ္တိုင္လည္း နဂါးခ်ီလင္၏ ေခါင္းေပၚသို႔ ခုန္တက္လိုက္၏။

နဂါးခ်ီလင္က မီးလၽွံတိမ္တိုက္မ်ားေပၚ နင္းတက္၍ ေကာင္းကင္ယံ၌ တစ္ဟုန္ထိုး ေျပးလႊားသြားသည္။ ေလေအးမ်ား တဝူးဝူး တိုက္ခိုက္ေနသျဖင့္ ဧကရာဇ္ယန္ဖုန္းမွာ အဆက္မျပတ္ ႏွာေခ်ေတာ့၏။ ႐ုတ္တရက္ ခ်င္မူ၏ ခႏၶာကိုယ္တစ္ဝိုက္တြင္ မီးေတာက္မီးလၽွံမ်ား တရွိန္ရွိန္ ေတာက္ေလာင္လာသည့္အခါမွသာ ဧကရာဇ္ယန္ဖုန္း ေနသာထိုင္သာ ရွိသြားသည္။

နဂါးခ်ီလင္က ႏွစ္ရက္တိုင္တိုင္ ေျပးလႊားေန၏။ ႐ုတ္တရက္ ခ်င္မူက ဤဆန္းၾကယ္သားရဲႀကီးကို ေအာက္သို႔ဆင္းရန္ အခ်က္ျပလိုက္သည္။ သူတို႔ေရာက္ရွိလာသည့္ ေတာင္ၾကားက ေရေငြ႕မ်ား တလူလူထြက္ေန၏။ ေတာင္ၾကားအတြင္း၌ သက္တံေရာင္အလင္းတန္းမ်ား ရွိၿပီး ေတာင္ၾကားစမ္းေခ်ာင္းက ေရေငြ႕ပ်ံ၍ ေျခာက္ခန္းေနသည္။

“နတ္ဘုရားအလင္းတန္းေတြပါလား…” ဧကရာဇ္ယန္ဖုန္း၏ မ်က္ႏွာတြင္ အေလးအနက္အမူအရာ ေပၚထြက္လာၿပီး ေလထဲသို႔ ႏွာေခါင္းရႈံ႔ပြရႈံ႔ပြ ရႉ၍ ေျပာလိုက္၏။ “ေသြးနံ… ဒီေတာင္ၾကားခ်ိဳင့္ဝွမ္းထဲမွာ နတ္ဘုရားတစ္ပါးရဲ့ ေသြးနံ့ရေနတယ္…”

ခ်င္မူက သူ႔ကို ရြာတစ္ရြာဆီသို႔ ေခၚသြားသည္။ ထိုေနရာ၌ အမွန္ပင္ ေသြးေရကန္တစ္ကန္ ရွိေန၏။ ေရကန္ေဘးတြင္ေတာ့ သစ္သားအိမ္ေလးတစ္လုံး ရွိၿပီး အိမ္၏ ေနာက္ေက်ာဘက္၌ ျမစ္ငယ္ကေလး ရွိသည္။ ျမစ္ေရက နတ္ဘုရားေသြး၏ အပူရွိန္ေၾကာင့္ အနည္းငယ္ေႏြးေနၿပီး ျမစ္ကမ္းေဘးတြင္ အျဖဴေရာင္သားေမြးအကၤ်ီကို ဝတ္ဆင္ထားေသာ အမ်ိဳးသမီးတစ္ဦး ရပ္ေန၏။ သူ၏ ဝမ္းဗိုက္က အနည္းငယ္ ခပ္စူစူ ျဖစ္ေနသည္။

ထိုအမ်ိဳးသမီး၏ ေျခရင္းတြင္ေတာ့ သက္လတ္ပိုင္းအရြယ္ အမ်ိဳးသားတစ္ဦးက ေက်ာက္ျပားေပၚမွ အဝတ္မ်ားကို သစ္သားတုတ္တစ္ေခ်ာင္းျဖင့္ ထုရိုက္ေလၽွာ္ဖြတ္ေန၏။ သူ႔ေနာက္တြင္ ေလၽွာ္ၿပီးသားအဝတ္မ်ား ထည့္ထားသည့္ ဝါးျခင္းေတာင္းတစ္ေတာင္း ရွိသည္။

ခ်င္မူက နဂါးခ်ီလင္၏ ေက်ာေပၚမွ ခုန္ခ်လိုက္ၿပီး ဧကရာဇ္ယန္ဖုန္းလည္း သူ႔ေနာက္မွ လိုက္လာ၏။ သို႔ေသာ္လည္း သူ႔ေျခေထာက္မ်ားက မခိုင္သည့္အတြက္ ေျခကားရားလက္ကားရား ပစ္က်သြားသည္။

ျမစ္ကမ္းေဘးမွ စုံတြဲက ဆူဆူညံညံအသံမ်ား ၾကားၿပီး လွည့္ၾကည့္လာ၏။ ခ်င္မူက မ်က္ႏွာထက္တြင္ အျပဳံးတစ္ခု ဆင္ျမန္း၍ သူတို႔ထံ ေလၽွာက္လွမ္းသြားသည္။

“မင္းငါ့ကို ထူသြားလို႔ မရဘူးလားဟ…” ဧကရာဇ္ယန္ဖုန္းက သူ႔ဖာသာ ထရပ္၍ ကေသာကေမ်ာ လိုက္လာ၏။

သက္လတ္ပိုင္းအရြယ္ အမ်ိဳးသားက သစ္သားတုတ္ကို ခ်၍ ေရစိုလက္မ်ားကို အကၤ်ီျဖင့္ သုတ္လိုက္သည္။ ထို႔ေနာက္ အမ်ိဳးသမီးေဘးတြင္ ရပ္ေနရင္းမွ ခ်င္မူႏွင့္ ျဖဴေဖ်ာ့ေဖ်ာ့ မ်က္ႏွာျဖင့္ ေလၽွာက္လာေသာ ဧကရာဇ္ကို ျပဳံးျပလိုက္၏။

“ဧကရာဇ္အတိုင္ပင္ခံ…”

ဧကရာဇ္ယန္ဖုန္း၏ ေျခလွမ္းက ျမန္သည္ထက္ ျမန္လာၿပီး အျပစ္တင္ေျပာဆိုေတာ့မည္ ျပင္စဥ္ ဧကရာဇ္အတိုင္ပင္ခံ၏ ရင္ဝ၌ စြန္းထင္းေနေသာ ေသြးစက္မ်ားကို သတိျပဳမိသြားသည္။ အသားအေရာင္ကလည္း ေကာင္းမြန္ျခင္းမရွိ။ ဧကရာဇ္၏ ရင္ထဲတြင္ ျပင္းစြာ တုန္လႈပ္၍ မ်က္ရည္မ်ား စီးက်လာ၏။ “ကိုယ္ေတာ့္ရဲ့ အတိုင္ပင္ခံ၊ ဘယ္လိုျဖစ္ၿပီး ဒီအေျခအေနထိ ေရာက္သြားရတာလဲ…”

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက ဧကရာဇ္ယန္ဖုန္းကို ဆီးႀကိဳေဖးမလိုက္ၿပီး ဧကရာဇ္၏ က်င့္စဥ္စြမ္းအင္အားလုံး ဆုံးရႈံးေနေၾကာင္း သတိျပဳမိသြားသည္။ သူ႔ရင္ထဲတြင္လည္း ဧကရာဇ္ႏွင့္ ထပ္တူ ဝမ္းနည္းေၾကကြဲသြား၏။ “အရွင္မင္းႀကီးလည္း ဘာလို႔ ဒီလို ျဖစ္ေနရတာလဲ…”

အမ်ိဳးသမီးက ကမန္းကတန္း ေျပာလိုက္သည္။ “သခင္ႀကီးလည္း ဒဏ္ရာရထားတာ၊ စိတ္အေျခအေန မေဖာက္ျပားေစနဲ႔…”

ခ်င္မူ မွင္တက္မိသြား၏။ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ၏ စြမ္းအားအႀကီးဆုံးဟူသည့္ ပညာရွင္ႏွစ္ေယာက္စလုံး ယခုေတာ့ ဒဏ္ရာျပင္းထန္စြာ ရထားသည္တဲ့လား။

“ဧကရာဇ္အတိုင္ပင္ခံကေတာ္ကို ေကာင္းကင္နတ္ဆိုးဂိုဏ္းသခင္ ဂါရဝျပဳႏႈတ္ဆက္ပါတယ္…” ခ်င္မူ အမ်ိဳးသမီးကို ႏႈတ္ဆက္လိုက္သည္။

ဧကရာဇ္အတိုင္ပင္ခံကေတာ္က ဧကရာဇ္၏ ေခါင္းတုံးေျပာင္ေျပာင္ကို ျမင္ေသာအခါ ဇေဝဇဝါ ျဖစ္သြား၏။ ထို႔ေနာက္ ကမန္းကတန္း ေျပာလိုက္သည္။ “အဲမွာ ရပ္မေနၾကနဲ႔ေလ၊ အိမ္ထဲ ဝင္ထိုင္ၾက…”

“ေက်ာက္စိမ္းၿမိဳ႕ေတာ္ငယ္ကအျပန္ ဆီးႏွင္းကပ္ေဘးရဲ့ ဇာစ္ျမစ္ကို စုံစမ္းရင္း ဗူးသီးေျခာက္တစ္လုံး ကိုင္ထားတဲ့ နတ္ဘုရားတစ္ပါးနဲ႔ ဆုံေတြ႕ခဲ့ရတာပါ…” သစ္သားအိမ္ေလးအတြင္းသို႔ ေရာက္ေသာအခါ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက မည္သို႔မၽွ မျဖစ္ေလသည့္ဟန္ျဖင့္ ခပ္ေအးေအး ေျပာျပ၏။ “ဒီသဘာဝကပ္ေဘးက သူ႔ဗူးသီးေျခာက္ကေန ထုတ္လႊတ္လိုက္တာ… ကၽြန္ေတာ္မ်ိဳးနဲ႔ တိုက္တဲ့တိုက္ပြဲမွာ အဲဒီနတ္ဘုရား ဒဏ္ရာရသြားေပမဲ့ ကၽြန္ေတာ့္ဒဏ္ရာေတြက သူ႔ထက္ ပိုျပင္းထန္တယ္… ဇနီးသည္ကလည္း ကိုယ္ဝန္ရွိသြားတာဆိုေတာ့ ဒီေနရာမွာ အခ်ိန္တစ္ခုထိ ေနဖို႔ ဆုံးျဖတ္လိုက္ၾကတာ…”

သူက ခပ္ရိုးရိုးသာ ေျပာလိုက္ေသာ္လည္း ထိုတိုက္ပြဲက မည္မၽွ ျပင္းထန္မည္ျဖစ္ေၾကာင္း မွန္းဆၾကည့္နိုင္သည္။

ဧကရာဇ္ယန္ဖုန္းက သူ႔ခႏၶာကိုယ္ေပၚမွ ဒဏ္ရာမ်ားကို စစ္ေဆးၾကည့္ရႈရင္း ခ်င္မူ႔ကို အၾကည့္ျဖင့္ လွမ္းေမးလိုက္၏။

ခ်င္မူက ဧကရာဇ္အတိုင္ပင္ခံကို စစ္ေဆးစမ္းသပ္ၿပီးေနာက္ ေခါင္းခါယမ္းလိုက္သည္။ “နတ္ဘုရားတစ္ပါးေၾကာင့္ရတဲ့ ဒဏ္ရာေတြမွာ နတ္ဘုရားတစ္ပါးရဲ့ စိတ္အာ႐ုံ ကိန္းေအာင္းေနတယ္… ဒီဒဏ္ရာေတြရဲ့ ရင္းျမစ္ကို ကၽြန္ေတာ္ မကုသနိုင္ဘူး… အျမစ္ျပတ္ေအာင္ ကုခ်င္ရင္ေတာ့ ရြာျပန္ၿပီး ဘိုးဘိုးေဆးဆရာကို အကူအညီေတာင္းမွ ရမယ္…”

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက ေျပာလိုက္၏။ “ဒီျပႆနာရဲ့ အရင္းအျမစ္ကို မင္း မကုသနိုင္ဘူးဆိုတာ ငါသိပါတယ္၊ အဲဒါေၾကာင့္ လာမရွာတာပဲ… အခုရထားတဲ့ ဒဏ္ရာေတြက အေတာ္ေလး ျပင္းထန္လို႔ ေရႊၿမိဳ႕ေတာ္ကိုလည္း မျပန္တာ၊ ျပန္တာနဲ႔ ေသခ်ာေပါက္ ေသမွာပဲ၊ ငါဒဏ္ရာရထားတယ္ဆိုတာ တျခားသူေတြကို ေပးသိလို႔ မျဖစ္ဘူး… ဒါေပမဲ့ အရွင္မင္းႀကီးလည္း ဒီလို ျဖစ္သြားလိမ့္မယ္ေတာ့ မထင္လိုက္မိဘူး…”

သက္လတ္ပိုင္းအရြယ္ ေယာက္်ားႀကီးႏွစ္ေယာက္မွာ တစ္ေယာက္ကို တစ္ေယာက္ၾကည့္ရင္း တဟားဟား ရယ္ေမာလိုက္မိၾကသည္။ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံမွာ ရယ္ေမာရင္းႏွင့္ ေခ်ာင္းတဟြတ္ဟြတ္ မနားတမ္း ဆိုးေတာ့၏။

ဧကရာဇ္ယန္ဖုန္းက အျပင္ဘက္သို႔ ၾကည့္၍ ေမးလိုက္သည္။ “အျပင္ဘက္က ေသြးကန္က…”

“အဲဒီနတ္ဘုရားဆီက က်န္ခဲ့တာ… အေတာ္စြမ္းအားႀကီးတဲ့ နတ္ဘုရားပဲ၊ အေပၚယံဒဏ္ရာ နည္းနည္းေလး ရသြားတာ…”

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံ၏ ရင္ဘတ္မွ ဒဏ္ရာမ်ားက ပြင့္ထြက္သြားသျဖင့္ ခ်င္မူ နဂါးသြားရည္မ်ား လိမ္းေပးလိုက္ရ၏။ သို႔ေသာ္လည္း အနာက်က္စအျပဳတြင္ ထိုနတ္ဘုရား ခ်န္ထားရစ္ေသာ ေကာင္းကင္နတ္သိုင္း အႂကြင္းအက်န္ေၾကာင့္ တဖန္ထပ္၍ ပြင့္ထြက္သြားျပန္သည္။

ဤသို႔ေသာ ဒဏ္ရာမ်ိဳးက ေဆးသက္သက္ျဖင့္ ကုသ၍ မရေတာ့။ ေသရြာမွ ျပန္ေခၚနိုင္ေသာ စြမ္းအင္ေဆးလုံးမ်ားပင္ နတ္ဘုရားေကာင္းကင္နတ္သိုင္း အႂကြင္းအက်န္မ်ားကို ဖယ္ရွားပစ္နိုင္လိမ့္မည္ မဟုတ္ေခ်။

ခ်င္မူ တစ္ခဏမၽွ စဥ္းစား၍ ေရႊအ သူ႔ကို လက္ေဆာင္ေပးလိုက္ေသာ ဓားစက္လုံးကို ထုတ္ယူလိုက္သည္။ အသာအယာ တစ္ခ်က္ လႈပ္ခါလိုက္သည္ႏွင့္ ၿပိဳးၿပိဳးျပက္ျပက္ ဓားေရာင္မ်ား ေပၚထြက္လာ၏။ ခ်င္မူက ထိုဓားေရာင္မ်ားကို စုစည္း၍ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံ၏ ဒဏ္ရာပတ္ပတ္လည္တြင္ ထိုးစိုက္လိုက္သည္။

ဧကရာဇ္အတိုင္ပင္ခံ၏ ဇနီးက ခပ္အုပ္အုပ္ ေအာ္ဟစ္လိုက္မိၿပီး ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံႏွင့္ ဧကရာဇ္ယန္ဖုန္းတို႔ကေတာ့ တုန္လႈပ္ျခင္းအလ်ဥ္း မရွိေခ်။

ခ်င္မူက လက္ညႇိုးတစ္ေခ်ာင္း ဆန႔္ထုတ္လိုက္ၿပီး သူ႔လက္ေခ်ာင္းထိပ္၌ သိပ္သည္းေသာ ခ်ီစြမ္းအင္မ်ားက တိမ္တိုက္တစ္ခုကဲ့သို႔ ဝဲလည္လွည့္လာ၏။ ထို႔ေနာက္ ဓားစက္လုံးကို အသာအယာ တို႔ထိလိုက္ရာ ရႊီးခနဲ အသံတစ္သံႏွင့္အတူ ဓားစက္လုံးထံမွ ဓားအလင္းတန္းတစ္ခု ထြက္ေပၚလာၿပီး အိမ္နံရံကို ထြင္းေဖာက္၍ ေသြးေရကန္ထဲသို႔ က်ေရာက္သြားသည္။

ဘုန္း…။

ေသြးေရကန္က ျပင္းစြာ လႈပ္ခါ၍ ဘုန္းခနဲ ေပါက္ကြဲထြက္သြား၏။ သုံးႀကိမ္သုံးခါတိတိ ေပါက္ကြဲအၿပီးတြင္ေတာ့ ဓားစက္လုံးမွ ဓားအလင္းတန္းက တုန္ခါမႈအရွိန္ျဖင့္ ၿပိဳကြဲပ်က္စီးၿပီး ေသးငယ္သြားသည္။

“နတ္ေဆးသမားေတာ္ေလးကေတာ့ တကယ့္ကို ပါရမီရွင္ပါပဲ…” ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက ေလးစားခ်ီးက်ဴးစြာ သက္ျပင္းခ်လိုက္၏။ “နတ္ဘုရားေသြးရဲ့ စြမ္းအားနဲ႔ နတ္ဘုရားေကာင္းကင္နတ္သိုင္း အႂကြင္းအက်န္ကို တန္ျပန္ေခ်မႈန္းဖို႔ကို ေတာ္႐ုံ စဥ္းစားမိမွာ မဟုတ္ဘူး…”

ခ်င္မူက နဂါးသြားရည္မ်ား ထပ္လိမ္းေပးလိုက္သည္။ ဤတစ္ႀကိမ္တြင္ေတာ့ ဒဏ္ရာက ျပန္ပြင့္ထြက္ျခင္း မရွိေတာ့။ “တျခားေကာင္းကင္နတ္သိုင္းေတြကိုေတာ့ ကၽြန္ေတာ့္အစြမ္းနဲ႔ အျပင္ထုတ္မေပးနိုင္ဘူး… အရွင္မင္းႀကီး၊ ဧကရာဇ္အတိုင္ပင္ခံ၊ အခုေလာေလာဆယ္အတြက္ ေရြးစရာလမ္းႏွစ္ခု ရွိတယ္… ပထမလမ္းက မဟာၿမိဳ႕ပ်က္ ေခၚသြားၿပီး ဒဏ္ရာေတြ ကုေပးမယ္… ဒုတိယလမ္းကေတာ့ ေရႊၿမိဳ႕ေတာ္ကို သြားဖို႔ပဲ… ႀကိဳက္ရာလမ္း ေရြးနိုင္တယ္…”

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက ဧကရာဇ္ယန္ဖုန္းကို ၾကည့္လိုက္၏။ သူတို႔ႏွစ္ေယာက္က တစ္ေယာက္အေတြး တစ္ေယာက္သိသည့္အလား တစ္ၿပိဳင္နက္ ေျပာလိုက္သည္။ “ၿမိဳ႕ေတာ္ကို သြားမယ္…”

ခ်င္မူက သူ၏ ဝက္ခုတ္ဓားမကို ဆြဲထုတ္၍ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံ၏ ဦးေခါင္းကို စားပြဲေပၚ ဖိခ်လိုက္၏။ ဧကရာဇ္အတိုင္ပင္ခံ၏ ဇနီးမွာ အလန႔္တၾကား ေအာ္ဟစ္လိုက္မိသည္။ “ဂိုဏ္းသခင္ခ်င္၊ ဘာလုပ္တာလဲ…”

ဧကရာဇ္ယန္ဖုန္းက သူ႔ဦးျပည္းေျပာင္ေျပာင္ကို ပြတ္၍ ေျပာလိုက္သည္။ “အတိုင္ပင္ခံကေတာ္၊ က်ဳပ္ကို ၾကည့္ရင္ သိပါလိမ့္မယ္…”

ခ်င္မူ၏ လက္မ်ားက ေပါ့ပါးသြက္လက္ၿပီး ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံ၏ ဦးေခါင္းကို မ်က္စိတစ္မွိတ္အတြင္း ေခါင္းတုံးျဖစ္ေအာင္ ရိတ္ပစ္၏။ ထို႔ေနာက္ အေမႊးတိုင္တခ်ိဳ႕ ထုတ္ယူ၍ မီးညႇိၿပီး ေခါင္းေပၚတြင္ အမာရြတ္မ်ားျဖစ္ေအာင္ လုပ္လိုက္သည္။ ၿပီးသည့္အခါ လုပ္ရိုးလုပ္စဥ္ အလုပ္တစ္ခုကို လုပ္ရသကဲ့သို႔ ေထာင္ထ်ယ္အိတ္ထဲမွ အဝါေရာင္သကၤန္းတစ္စုံ ထုတ္ယူလိုက္၏။ သူက တစ္ခ်က္ျပဳံး၍ ေျပာလိုက္သည္။ “ဧကရာဇ္အတိုင္ပင္ခံအတြက္ အပိုတစ္စုံ အသင့္ေဆာင္ထားတာ အေတာ္ပဲ… ခဏေလးေစာင့္၊ မ်က္ႏွာတစ္ျခမ္းမွာ အစိမ္းေရာင္အမွတ္တစ္ခု ဆြဲေပးဦးမယ္…”

ဧကရာဇ္အတိုင္ပင္ခံကို ျပင္ဆင္ေပးၿပီးေသာအခါ အတိုင္ပင္ခံကေတာ္ဘက္သို႔ လွည့္လိုက္၏။ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက ကမန္းကတန္း ေျပာလိုက္သည္။ “ဂိုဏ္းသခင္ခ်င္၊ ငါ့ဇနီးက ကိုယ္ဝန္ရွိေနတာဆိုေတာ့ ဒီလိုေအးခဲေနတဲ့ ရာသီဥတုမွာ ဆံပင္မရွိရင္…”

“အဲဒါဆို သူက တာအိုရေသ့မ လုပ္ေပါ့..” ခ်င္မူက တာအိုရေသ့ဝတ္စုံတစ္စုံ ထုတ္ယူ၍ အတိုင္ပင္ခံ၏ ဇနီးထံ ကမ္းေပးလိုက္သည္။ ထို႔ေနာက္ ႐ုတ္ျခည္းဆိုသလို မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ လုပ္၍ အားလုံးကို ျပဳံးျပလိုက္၏။ “ဒါနဲ႔ ခင္ဗ်ားတို႔သုံးေယာက္ ကၽြန္ေတာ့္ဂိုဏ္းကိုမ်ား ဝင္ခ်င္ၾကလား… ကၽြန္ေတာ့္ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းကို ဝင္ရင္ စားဖို႔အတြက္ မပူရဘူး၊ ဘာပညာမွ မတတ္ရင္ အသက္ေမြးဝမ္းေၾကာင္းဖို႔အတြက္ လက္မႈပညာ သင္ေပးမယ္… ဂိုဏ္းထဲသာ ဝင္လိုက္၊ ငတ္မေသဖို႔ေတာ့ အာမခံတယ္…”

Novel Translator

Post a Comment

© ‧ THG. All rights reserved. Distributed by Pixabin