Lorem ipsum dolor sit amet, consectetur adipiscing elit. Test link

အခန်း ၂၆၅

 ဧကရာဇ်နှင့် ဧကရာဇ်အတိုင်ပင်ခံမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ ဤမိစ္ဆာဂိုဏ်းသခင်က အမှန်ပင် ရဲတင်းလှပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်ဟူ၍ ထိန်းထိန်းသိမ်းသိမ်း မရှိ။ ဧကရာဇ်နှင့် ဧကရာဇ်အတိုင်ပင်ခံကိုပင် သူ၏ ကောင်းကင်နတ်ဆိုးဂိုဏ်းအတွင်းသို့ ဆွဲသွင်းချင်နေသေး၏။

“ခင်ဗျားတို့ရဲ့ ဒဏ်ရာတွေ မသက်သာရင် ထီးနန်းကို ပြန်လုနိုင်မှာ မဟုတ်ဘူး… ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက လက်မှုပညာသင်ထားရင် အနည်းဆုံးတော့ မိသားစုစားဝတ်နေ ပြေလည်နိုင်ပါတယ်…” ချင်မူက သွေးဆောင်လိုက်သည်။ “ပြီးတော့ အခုချိန် ဂိုဏ်းထဲဝင်ရင် ကောင်းကင်နတ်မင်းလို၊ ဂိုဏ်းထိန်းအကြီးအကဲလို ရာထူးမြင့်မြင့် ပေးနိုင်သေးတယ်… လုံးဝဒုက္ခတဖြစ်ပြီး ကယ်မရကုမရဖြစ်မှဆိုရင် အလွန်ဆုံး စံအိမ်သခင်၊ လက်ထောက်စံအိမ်သခင်လောက်ပဲ ပေးနိုင်တော့မယ်… သခင်မ၊ ကျွန်တော့်ကို ကူပြောပေးပါဦး…”

ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ပြုံးရုံသာ ပြုံး၍ မည်သည်ကိုမျှ မပြောချေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မတုန်မလှုပ် ပြောလိုက်၏။ “ငါ ဂိုဏ်းထဲဝင်ရရင် ဂိုဏ်းသခင် လုပ်ရမှ ကျေနပ်နိုင်မယ်…”

ဧကရာဇ်ယန်ဖုန်းက ခေါင်းညိတ်လိုက်သည်။ “ငါရောပဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “အရှင်မင်းကြီး ဂိုဏ်းသခင်လုပ်ရင် ကျွန်တော်မျိုးက လက်ထောက်လုပ်မယ်…”

ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားသည်။ “ဧကရာဇ်က ဂိုဏ်းသခင် လုပ်ချင်တာလား…”

ဧကရာဇ်ယန်ဖုန်းမှာ အကြီးအကျယ် အံ့အားသင့်သွား၏။ ချင်မူက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် နေရာကို လက်လွတ်ဆုံးရှုံးခံနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားမိချေ။ ဧကရာဇ်သာ ကောင်ကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်ဖြစ်လာလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက သူ့ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အပိုင်ဖြစ်သွားမည် မဟုတ်လား။

ဤကိစ္စက အမှန်ပင် ဆုပ်လည်းစူး၊ စားလည်းရူးပင် ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာလည်း ခေါင်းခဲသွားပြီး ဧကရာဇ်ယန်ဖုန်းကို တိတ်တခိုး လှမ်းကြည့်၍ လက်မခံရန် အချက်ပြလိုက်၏။

ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ရယ်ရယ်မောမော ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ဂိုဏ်းထဲဝင်ဖို့ သူတို့ စိတ်မပါပေမဲ့ ကျွန်မ စိတ်ပါပါတယ်… ဂိုဏ်းသခင်အနေနဲ့ ကျွန်မကို ဘယ်လိုရာထူးမျိုး ပေးနိုင်မလဲ မသိဘူး…”

ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ဤအမျိုးသမီး၏ လိမ္မာပါးနပ်မှုကို အသံတိတ် ချီးကျူးလိုက်မိ၏။ သူက ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်တို့ ကိုးရိုးကားရား မဖြစ်ရလေအောင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ခြင်း ဖြစ်သည်။

“သခင်မ ဂိုဏ်းထဲဝင်ချင်တယ်ဆိုရင် ကျွန်တော့်အနေနဲ့ လွယ်လွယ်ကူကူအလုပ် ပေးနိုင်ပါတယ်…” ချင်မူက ပြုံးလိုက်၏။ “သခင်မ ချည်ထိုးပန်းထိုး တတ်တယ်မဟုတ်လား… ချည်ထိုးပန်းထိုးစံအိမ်ရဲ့ စံအိမ်သခင်ရာထူးဆိုရင် အဆင်ပြေနိုင်မလား…”

“အဆင်ပြေပါတယ်…” ထို့နောက် အမျိုးသမီးငယ်က ဧကရာဇ်အတိုင်ပင်ခံကို အခြားတစ်ဖက်သို့ ဆွဲခေါ်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “သခင်ကြီး၊ ဘာလို့ ဂိုဏ်းသခင်ချင်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်နေမှာလဲ… ဒီတစ်ခေါက် ရွှေမြို့တော်ကို အရှင်မင်းကြီးနဲ့ ပြန်သွားရင် အနိုင်ရနိုင်ခြေ ဘယ်လောက်ရှိမယ် ထင်လို့လဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တစ်ခဏမျှ တိတ်ကျသွား၏။ “တစ်ပြည်လုံးမှာရှိတဲ့ လူတွေအကုန်လုံးက ပြုပြင်ပြောင်းလဲမှုကို ထောက်ခံကြတယ်၊ နန်းတွင်းက အရပ်ဘက်၊ စစ်ဘက်အရာရှိတွေရဲ့ ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က အရှင်မင်းကြီးနဲ့ မောင်ကြီးရဲ့ လူတွေ… မောင်ကြီးတို့ ရွှေမြို့တော်ကို ပြန်ရောက်တာနဲ့ ပုန်ကန်သူတွေကို သုတ်သင်ပြီး ထီးနန်းကို သေချာပေါက် ပြန်သိမ်းပိုက်နိုင်မှာပါ…”

ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ပြုံးလိုက်သည်။ “တကယ်ပဲ အဲဒီလို ထင်လို့လား… မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ တာအိုဂိုဏ်းက သခင်ကြီးတို့ကို မတားဆီးတော့ဘူးတဲ့လား… သခင်ကြီးချည်းဆို တထာဂတနဲ့ တာအိုသခင်ကို ခုခံကာကွယ်နိုင်ပေမဲ့ အရှင်မင်းကြီးက ခုခံကာကွယ်နိုင်ပါ့မလား…”

ချင်မူက အသာအယာ ခေါင်းညိတ်၍ ပြုံးလိုက်၏။ “နယ်စားဘုရင်ခံတွေ၊ နယ်စားမင်းတွေ၊ ဝန်မင်းတွေအားလုံးရဲ့ အိမ်မှာ တာအိုရသေ့တွေ၊ ဘုန်းတော်ကြီးတွေ ဝင်နေပြီး တရားစာတွေ၊ တာအိုကျမ်းစာတွေ ရွတ်ဖတ်နေကြတယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ငြိမ်ကျသွားသည်။ သူ့ဇနီးက ချင်မူ့ကို အဝေးသို့ တွန်းထုတ်ပြီး လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်၏။ “တခြား အထွတ်အမြတ်နယ်မြေကြီးနှစ်ခုက သခင်ကြီးတို့လူတွေကို စောင့်ကြည့်နေတယ်၊ သခင်ကြီးတို့ရဲ့ လူရင်းတွေလည်း ထောင်ချတာ၊ နေအိမ်အကျယ်ချုပ်ထားတာ ခံနေရမှာပဲ… အခုချိန်မှာ သခင်ကြီးတို့အနေနဲ့ ဂိုဏ်းသခင်ချင်ဆီက အင်အားကို  ယူဖို့ပဲ ရှိတော့တယ်… သူများဆီက အင်အားကို အငှားယူရပြီဆိုရင် သူများကို စိတ်အေးအောင် ထားဖို့လိုမယ်လေ…”

ချင်မူက အနားတိုးကပ်လာပြီး တစ်ခုခုပြောတော့မည် ပြင်သဖြင့် ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက သူ့ကို အဝေးသို့ ထပ်တွန်းထုတ်လိုက်ရပြန်သည်။

ဧကရာဇ်အတိုင်ပင်ခံက အတန်ကြာအောင် စဉ်းစားနေပြီးမှ ချင်မူ့ထံ လျှောက်လှမ်းသွား၏။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ ကောင်းကင်နတ်မင်းနေရာ လွတ်နေတာလား…”

ချင်မူက ခေါင်းညိတ်လိုက်သည်။ “စတုတ္ထကောင်းကင်နတ်မင်းနေရာပဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “ငါ့ကို အဲဒီကောင်းကင်နတ်မင်းနေရာပဲ ထားလိုက်၊ ဒါပေမဲ့ အရှင်မင်းကြီးကိုတော့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ မပတ်သက်ခိုင်းရဘူး… အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဂိုဏ်းသခင်ချင်ရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ဝင်လိုက်ပါတော့မယ်…”

ဧကရာဇ်ယန်ဖုန်းမှာ မှင်တက်မိသွားသော်လည်း တစ်ခဏကြာသည့်အခါ ခပ်လေးလေး ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံကို ဒီလိုမျိုး ဒုက္ခခံခိုင်းရတာ စိတ်မကောင်းဖြစ်မိပါတယ်…”

ချင်မူက ဧကရာဇ်ယန်ဖုန်းကို ပြုံးပြလိုက်၏။ “အရှင်မင်းကြီးက ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို အထင်လွဲနေတဲ့ပုံပဲ… ကျွန်တော်တို့က အကိုးကွယ်ခံဂိုဏ်းတစ်ခု မဟုတ်ဘူး… ကျွန်တော်တို့ရဲ့ အယူဝါဒက သာမန်လူတွေအတွက် နိစ္စဓူဝအသုံးဝင်နိုင်ရေး၊ ကျွန်တော်တို့ အကောင်အထည်ဖော်နေတာက သူတော်စင်တန်ခိုးရှင်လမ်းစဉ်… အရှင်မင်းကြီးနဲ့ ဧကရာဇ်အတိုင်ပင်ခံတို့ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ တူညီတဲ့ စံသတ်မှတ်ချက်တွေ ရှိတယ်…”

ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ပြုံးလိုက်၏။ “ဂိုဏ်းသခင်၊ ကျွန်မတို့ ခရီးဆက်သင့်ပြီ၊ အရှင်မင်းကြီးက ကျွန်မတို့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ဝင်ဖို့မဖြစ်နိုင်တော့ သူ့ကို ဂိုဏ်းရဲ့ အယူဝါဒတွေ ပြောပြနေလည်း မထူးဘူး ထင်တယ်…”

ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက နဂါးချီလင်၏ ကျောပေါ်သို့ တက်ထိုင်ပြီး ချင်မူ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၊ ဧကရာဇ်တို့က အောက်မှ လမ်းလျှောက်လိုက်လာသည်။ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်တို့က ချီစွမ်းအင်အချို့ ပြန်ရအောင် ချင်မူ သင်ကြားပေးသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လေ့ကျင့်နေကြ၏။

ဤနှစ်ယောက်က သိက္ခာတော်ရ ရဟန်းနှစ်ပါးကဲ့သို့ ရှိနေသည်။ သူတို့၏ ခြေလှမ်းများက မြန်ဆန်ခြင်း မရှိဘဲ အားစိုက်လျှောက်လှမ်းနေရသဖြင့် သုံးရက်နီးပါး ခရီးနှင်ပြီးမှ ချင်ပြည်နယ်သို့ ရောက်ရှိ၏။

ချင်ပြည်နယ်ရှိ ကောင်းကင်နတ်ဆိုးဂိုဏ်းက ဆေးပင်များ ပြင်ဆင်ထားသဖြင့် ဧကရာဇ်ယန်ဖုန်း၏ ယန်ဝိညာဉ်မှ ဒဏ်ရာများကို ချင်မူ ကုသနိုင်ပြီ ဖြစ်သည်။ ဧကရာဇ်အတိုင်ပင်ခံ၏ ပြင်ပဒဏ်ရာများအားလုံးလည်း ပျောက်ကင်းသွားပြီ ဖြစ်ပြီး သူ့ခန္ဓာကိုယ်တွင်းရှိ နတ်ဘုရားကောင်းကင်နတ်သိုင်း အကြွင်းအကျန်များကတော့ ချင်မူ ဖယ်ရှားနိုင်သောအရာ မဟုတ်ပေ။

နတ်ဘုရားကောင်းကင်နတ်သိုင်း အကြွင်းအကျန်များက အလွန်တရာ စွမ်းအားကြီးမားလှ၏။ သို့သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသာ ထိုကောင်းကင်နတ်သိုင်း အကြွင်းအကျန်များကို သူ့ဖာသာ ချေဖျက်နိုင်လျှင် ချင်မူ့အတွက် ကုသရန် အခက်အခဲရှိတော့မည် မဟုတ်ချေ။ လက်ရှိအခြေအနေတွင်တော့ ဧကရာဇ်အတိုင်ပင်ခံက သူ၏ ချီစွမ်းအင်ကို စုစည်းအသုံးပြုနိုင်ခြင်း မရှိသေးပေ။ ထိုကောင်းကင်နတ်သိုင်း အကြွင်းအကျန်များက သူ့ခန္ဓာကိုယ်နှင့် ကောင်းကင်ရတနာများ အတွင်း၌ ခိုအောင်းနေသည် ဖြစ်၍ ကိုယ်ပိုင်ချီစွမ်းအင်ကို အသုံးပြုနိုင်မှသာ ဖိနှိမ်နိုင်ပေလိမ့်မည်။ အလွဲအချော် တစ်ခုခု ဖြစ်သည်နှင့် ထိုကောင်းကင်နတ်သိုင်း စွမ်းအားများ ပေါက်ကွဲထွက်သွားနိုင်၏။

‘ဧကရာဇ်ရော၊ ဧကရာဇ်အတိုင်ပင်ခံပါ တိုက်ခိုက်လို့ မရသေးဘူး…’ ချင်မူ စိတ်ထဲမှ တွေးရင်း သက်ပြင်းလေးလေး ချလိုက်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စွမ်းအားအကြီးဆုံး ပညာရှင်နှစ်ယောက်မှာ သူ၏ ကာကွယ်ကုသမှု လိုအပ်သော လူမမာနှစ်ယောက် ဖြစ်နေချေပြီ။

သူကိုယ်တိုင်လည်း မနားမနေ လေ့ကျင့်နေပြီး လမ်းလျှောက်သည်နှင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အလိုအလျောက် လေ့ကျင့်၍ ကြယ်တာရာစွမ်းအားများကို စုပ်ယူ၏။

ထို့ပြင် ရွာလူကြီး သင်ပေးထားသော ဓားသိုင်းနှစ်ကွက်ကိုလည်း ဟာကွက်မရှိအောင် ပြုပြင်ရန် ထပ်ခါထပ်ခါ လေ့ကျင့်သေးသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ဓားပန်းချီမှ ဓားသိုင်းနှစ်ကွက်ကို မြင်သောအခါ တအံ့တဩ ဖြစ်သွားပြီး နှစ်ခါပြန် ကြည့်မိ၏။ “ဂိုဏ်းသခင်၊ ဒီဓားကွက်က ဘယ်သူ သင်ပေးတာလဲ…”

“ကျွန်တော့်ရွာက ရွာလူကြီး၊ အကြီးဆုံးဘိုးဘိုးပါ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တစ်ခဏမျှ စဉ်းစား၍ ပြောလိုက်သည်။ “ဂိုဏ်းသခင်က ကျွန်တော်ဖန်တီးထားတဲ့ အခြေခံဓားချက်သုံးမျိုးကို အဲဒီဓားသိုင်း ကွက်တွေထဲ ထည့်သုံးဖို့ ကြိုးစားနေတာလား… ဒီဓားကွက်တွေက ဟာကွက်မရှိ ပြီးပြည့်စုံပြီးသားဆိုတော့ အခြေခံဓားချက်တွေ ထပ်ထည့်ရင် ဟန်ချက်ညီနေတာ ပျက်သွားလိမ့်မယ်၊ အားအဟုန် တိုးမြင့်လာနိုင်ပေမဲ့ ဟာကွက်တွေ အများကြီး ပေါ်လာမှာ၊ ဘာလို့ ဒီလိုလုပ်တာလဲ…”

ချင်မူက ‘ခိုင်ဧကရာဇ်ဓားတွင် သွေးပင်လယ်ဖြာသည်’ဟူသော ဓားကွက်ကို ထုတ်ဖော်ကစားလိုက်ပြီး ရုတ်တရက် ဝမ်းနည်းကြေကွဲသည့် ခံစားချက် ဖြစ်ပေါ်လာ၏။ “ခိုင်ဧကရာဇ်ရဲ့ဓားမှာ သွေးပင်လယ်ဖြာတယ်… တောင်တန်းနဲ့ မြစ်ပြင်တွေက တည်ရှိနေဆဲ၊ နှလုံးသားရင်ခွင်က အပြန့်ကျယ်တယ်… ဘေးဘီကို အကြည့်အရောက်မှာ ဇာတိမြေဟာ ရိုးရာဝတ်စုံကို မဆင်မြန်းတော့…” ဤသည်က ဇာတိမြေနှင့် ယုံကြည်ချက်အတွက် အသက်စွန့်သွားသူများကို အထီးကျန်စွာ လွမ်းဆွတ်တမ်းတနေခြင်း ဖြစ်၏။ သူရဲကောင်းတစ်ယောက်၏ စိတ်ထားနှင့် ဝမ်းနည်းကြေကွဲသည့် ခံစားချက်များ ရောထွေးပါဝင်နေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူလိုက်၏။ “ဂိုဏ်းသခင်ရဲ့ ဓားကွက်မှာ ဟာကွက်တွေ အများကြီး ရှိသေးတယ်… တစ်ကွက်နှစ်ကွက်လောက် ဖြည့်စွက်ပေးရမလား…”

ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြုံးလိုက်သည်။ “ကျေးဇူးပြုပြီး သင်ကြားပြသပေးပါ…”

“မခံယူဝံ့ပါဘူး…”

ချင်မူလည်း သစ်ကိုင်းတစ်ကိုင်း ကောက်ယူပြီး သူတို့နှစ်ယောက်သား သစ်ကိုင်းများကို ဓားသဖွယ် သဘောထား၍ ထိပ်တိုက်ရင်ဆိုင်လိုက်ကြ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တိုက်ခိုက်ပြီး ချင်မူက ဓားပန်းချီမှ ဓားကွက်များကို အသုံးပြု၍ ခုခံကာကွယ်သည်။ သို့သော်လည်း တစ်ခဏအတွင်း၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဟာကွက်တစ်ကွက်တွေ့ပြီး ‘တောင်တန်းနှင့်မြစ်ပြင်များကြားမှ ဖြတ်လျှောက်သွားသောဓား’ကို ဖျက်ဆီးပစ်၏။

ချင်မူက အတန်ကြာအောင် စဉ်းစားဆင်ခြင်လိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ထောက်ပြလိုက်သော ဟာကွက်က ရွာလူကြီး ထောက်ပြခဲ့သော ဟာကွက်နှင့် ခြားနားနေ၏။

ဤနှစ်ယောက်စလုံးက ဓားသိုင်းအရာတွင် ဆရာများ ဖြစ်သော်လည်း လမ်းစဉ်မတူချေ။ ရွာလူကြီး၏ ဓားသိုင်း၌ စိတ်ခံစားချက်များ ပြင်းပြစွာ ကိန်းအောင်းပါဝင်သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားသိုင်းက တည်ငြိမ်အေးဆေးသည်။ ပြုပြင်ပြောင်းလဲမှုကို ဆောင်ကြဉ်း၍ အသိအမြင်သစ်များ လင်းပွင့်စေပြီး တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သကဲ့သို့ ရှိ၏။

သူတို့၏ အတွေးအခေါ်က ခြားနားသကဲ့သို့ ဓားသိုင်းကလည်း ခြားနားနေသည်။

နှစ်ယောက်စလုံး၏ လမ်းညွှန်ထောက်ပြမှု ခံရသဖြင့် ချင်မူ့အတွက် ကွဲပြားခြားနားသော အကျိုးကျေးဇူးများ ရရှိလာ၏။

ရွာလူကြီး၏ လမ်းညွှန်ထောက်ပြမှုက ချင်မူသိထားသမျှ တတ်ထားသမျှကို အကုန်အစင်အသုံးပြုစေပြီး ဤဓားကွက်နှစ်ကွက်ကို ထပ်၍ ပြုပြင်ပြောင်းလဲရန် မတတ်နိုင်တော့သည်အထိ တွန်းပို့ခဲ့၏။ သို့သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ လမ်းညွှန်ထောက်ပြမှုက သူ့ဓားသိုင်းကို ဆက်လက် ပြုပြင်မွမ်းမံနိုင်စေရန် လမ်းသစ်ဖွင့်ပေးခဲ့သည်။

သူတို့အားလုံး လမ်းလျှောက်ရင်း လေ့ကျင့်လာပြီး ချင်မူ၏ ဓားပညာအပေါ် ထိုးထွင်းနားလည်မှုက ပို၍ ပို၍ တိုးပွားလာ၏။

သူ့ဓားသိုင်းစွမ်းရည်က အခြားအဆင့်တစ်ခုသို့ ခုန်ကူးတော့မလို ခံစားလိုက်မိသည်။ သို့သော်လည်း မည်မျှပင် ကြိုးစားသည်ဖြစ်စေ အခြားတစ်ဖက်သို့ ခုန်မကူးနိုင်စေရန် အလွှာပါးတစ်ခု ကာဆီးထားသကဲ့သို့ ရှိနေ၏။

“ဆက်မလေ့ကျင့်နဲ့တော့… ဘယ်လောက်ပဲ လေ့ကျင့်ကျင့် ဒီထက် ပိုတိုးတက်လာနိုင်တော့မှာ မဟုတ်ဘူး…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။ “ဒီအဆင့်ကို ဖြတ်ကျော်တက်ချင်ရင် ကိုယ်ကိုယ်တိုင် ဉာဏ်အလင်းပွင့်သိမြင်ဖို့ လိုလိမ့်မယ်…”

ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ သို့သော်လည်း သူ့ဘေးမှ ဧကရာဇ်ယန်ဖုန်းက ဧကရာဇ်တိုင်ပင်ခံ၏ ဆိုလိုရင်းကို သဘောပေါက်ပြီး သက်ပြင်းချလိုက်သည်။ “နောက်တစ်ဆင့်သာ တက်နိုင်ရင် ဆရာတစ်ဆူ ဖြစ်လာတော့မယ်… ဝန်မင်းချင်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ထိ ရောက်နိုင်တာပဲ… ငါကိုယ်တော် အဲဒီအဆင့်ကို ရောက်တုန်းကဆိုရင် သက်တော်ငါးဆယ့်ခုနစ်နှစ် ရှိနေပြီ… နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို လေ့ကျင့်ပြီး နဂါးကိုးကောင်ချီစွမ်းအင်ကို စုပ်ယူစုစည်းလို့ အဆုံးအစမဲ့တဲ့ ချီစွမ်းအင်ကို ရရှိခဲ့ပေမဲ့ ကမ္ဘာမြေကြီးအောက်က နဂါးချီစွမ်းအင်ရဲ့ လှုပ်ရှားမှုနဲ့ မှန်းဆလို့မရအောင် စည်ကားသိုက်မြိုက်နေတဲ့ လောကကြီးရဲ့ သဘောသဘာဝကို ခံစားသိရှိတော့မှ တစ်ချီတည်း အဆင့်ကျော်ဖြတ်တက်နိုင်ခဲ့တာ… မင်းက ငါ့ထက် အနှစ်လေးဆယ်လောက် ပိုမြန်တာပဲ…”

ချင်မူက ပြုံးလိုက်၏။ “အရှင်မင်းကြီး၊ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ရဲ့ အားသာချက်က ဘာများလဲ…”

“နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ရဲ့ အားသာချက်က အသွင်ပြောင်းလဲနိုင်တာပဲ…” ဧကရာဇ်ယန်ဖုန်းက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “မင်းသင်ချင်ရင် ငါသင်ပေးလို့ရတယ်… ငါ့လက်ထက် မတိုင်ခင်က နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ဆိုတာ မှော်ပညာမှာ အစွမ်းထက်တဲ့ ကျင့်စဉ်တစ်မျိုးပဲ၊ ဒါပေမဲ့ ငါ့လက်ထဲ ရောက်လာတဲ့အချိန်မှာတော့ မှော်ပညာ၊ ဓားသိုင်း၊ ရုပ်ခန္ဓာကျင့်စဉ် ဘယ်လိုကောင်းကင်နတ်သိုင်းမျိုးကိုမဆို ထုတ်သုံးလို့ ရသွားတယ်… ဘာလို့လဲသိလား… နဂါးဆိုတာ အသွင်ပြောင်းလဲနိုင်စွမ်းကို ကိုယ်စားပြုတယ်၊ နဂါးတွေက ကြီးနိုင်သလို သေးနိုင်တယ်၊ မျက်စိနဲ့ မြင်နိုင်သလို မမြင်ရအောင်လည်း စွမ်းဆောင်နိုင်တယ်၊ ကောင်းကင်ပေါ်ကို ပျံတက်နိုင်သလို ပင်လယ်အောက်ထဲလည်း ငုပ်လျှိုးနိုင်တယ်၊ တိမ်တွေကို ဖယ်ရှားပြီး မိုးကို ရွာသွန်းစေနိုင်သလို ကောင်းကင်ကို မီးရှို့ပြာချပြီး လေပွေမုန်တိုင်းကိုလည်း ထိန်းချုပ်နိုင်တယ်… မင်း သင်ချင်သလား…”

ချင်မူက နာမည်ကျော် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ မိစ္ဆာဂိုဏ်းသခင်တစ်ယောက် ဖြစ်သည့်အတွက် ငြင်းဆိုလိမ့်မည်ဟု ထင်ထားသော်လည်း တစ်ချက်မစဉ်းစားဘဲ ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ သူ အငိုက်မိသွား၏။

ဧကရာဇ်ယန်ဖုန်းမှာ မှင်တက်မိပြီး တဟားဟား ရယ်မောလိုက်သည်။ “ကောင်းပြီ၊ ကောင်းပြီ… နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်က ငါတို့လင်မိသားစုရဲ့ ကျင့်စဉ်၊ အပြင်လူကို သင်ပေးမရဘူးလို့ ဘယ်သူပြောလဲ… မင်းကို ငါသင်ပေးမယ်…”

ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ဧကရာဇ်ယန်ဖုန်းကို တအံ့တဩကြည့်လိုက်မိ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကတော့ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ “အရှင်မင်းကြီးက ဒီလိုလူစားမျိုးပဲ… ရဲရင့်ပြီး ပွင့်လင်းတယ်… မဟုတ်ရင် မောင်ကြီးကို ဘယ်လိုလုပ် အသုံးချရဲမှာလဲ… မောင်ကြီးတောင် နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ် မူရင်းစာလိပ်ကို ဆယ်ကြိမ်မက မြင်ဖူးတယ်…”

ဧကရာဇ်ယန်ဖုန်းက ချင်မူ့ကို နဂါးကိုးကောင်းဧကရာဇ်ကျင့်စဉ် သင်ပေးပြီး ချီစွမ်းအင် မည်သို့လှည့်လည်ရမည်၊ နဂါးကိုးကောင်ချီစွမ်းအင်ကို မည်သို့ အသုံးပြုရမည် စသည်များပါ ပြောပြ၏။

ဤကျင့်စဉ်က လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နှင့် ကွဲပြားခြားနားပြီး ထုတ်ဖော်အသုံးပြုလျှင် ထည်ဝါခမ်းနားသော ချီစွမ်းအင်များ ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် အကွက်အပြောင်းအလဲ အမျိုးမျိုးကို ပြုလုပ်နိုင်ပြီး လှုပ်ရှားမှုတိုင်းတွင်လည်း မိုးအောက်မြေပြင်တစ်ခွင်မှ ကြီးမြတ်သောအားအင်များ ပါဝင်လာ၏။

“ကောင်းကင်ကိုးဆင့်နတ်နဂါးအကာအကွယ်က နဂါးအစစ်အမှန်ကိုးကောင်လို အသွင်ပြောင်းလဲ၊ တိမ်တိုက်ကြားမှာ ပုန်းကွယ်ပြီး ရန်သူကို တိုက်ခိုက်နိုင်တဲ့ မှော်ပညာပဲ… ဒီမှာကြည့်…”

ဧကရာဇ်ယန်ဖုန်းက သူ၏ ချီစွမ်းအင်ကို အသုံးပြုလိုက်ရာ လက်တစ်ဝါးအရွယ်ခန့်ရှိသော တိမ်တိုက်တစ်ခု သူ့ခေါင်းပေါ်တွင် ပေါ်ထွက်လာသည်။ တီကောင်ကဲ့သို့ သေးမျှင်သော နဂါးချီစွမ်းအင်အချို့က အစွယ်များ ဖြဲဟ၍ လက်သည်းများ ဝှေ့ယမ်းတိုက်ခိုက်လိုက်၏။

ထို့နောက်တွင် ဧကရာဇ်ယန်ဖုန်း၏ ချီစွမ်းအင် ကုန်ခန်းပြီး တိမ်တိုက်နှင့်တကွ နဂါးချီစွမ်းအင်များ ပျောက်ကွယ်သွားသည်။ ဧကရာဇ်ယန်ဖုန်းက ဟောဟဲလိုက်၍ ဗလုံးဗထွေး ပြောလိုက်၏။ “ငါ့မှာ ချီစွမ်းအင် မကျန်တော့ဘူး၊ ငါပြချင်တာကိုတော့ မင်းမြင်လိုက်မှာပါ…”

ချင်မူက ခေါင်းညိတ်၍ သူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ထုတ်သုံးပြီး နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို လောကသခင်ချီစွမ်းအင်နှင့် ပေါင်းစည်းလိုက်သည်။ ရုတ်တရက် လေထုထဲ၌ နဂါးကိုးကောင်၏ပုံရိပ် ဝိုးတဝါး ပေါ်ထွက်လာပြီး လက်သည်းများ ဆန့်ထုတ်၍ တိုက်ခိုက်လိုက်ရာ သူတို့ဘေးနားရှိ တစ်ဒါဇင်ပတ်လည်ခန့်မှ ကျောက်တုံးကျောက်ခဲများ မွမွကြေသွား၏။

ဧကရာဇ်ယန်ဖုန်း မှင်တက်မိသွားသကဲ့သို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည်လည်း အံ့အားတကြီး ဖြစ်သွားသည်။ ကောင်းကင်ယံ၌ ဝဲလည်လှည့်နေသော နဂါးကိုးကောင်ကို သူတို့ မြင်ရ၏။ ထိုနဂါးများက ရုတ်တရက် မီးနဂါးများ အဖြစ်ပြောင်းလဲပြီး မီးလျှံလေပွေတစ်ခုဖြစ်အောင် လှည့်လည်ကာ လေပေါ်သို့ ပျံတက်သွားသည်။

ထို့နောက် မီးနဂါးများမှ ရေနဂါးများအဖြစ် ပြောင်းလဲပြီး ရေဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ပြီးသည့်နောက်တွင် လျှပ်စီးတန်းများ တစ်ဖျစ်ဖျစ်မြည်၍ နေရာအနှံ့ ပေါက်ကွဲကျရောက်သွားသည်။

ဧကရာဇ်ယန်ဖုန်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ အံ့အားသင့်သွားကြ၏။

ဤနဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ချင်မူ ယခုမှ သင်ယူခြင်း ဖြစ်သော်လည်း ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ခန့် လေ့ကျင့်ထားသကဲ့သို့ ရှိနေသည်။ နန်းတွင်းကောလိပ်၏ တော်ဝင်ခြံဝင်းရှိ မင်းသားအများစုထက်ပင် ပိုသာသေး၏။

ချင်မူက ကောင်းကင်ကိုးဆင့်နတ်နဂါးအကာအကွယ်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ဧကရာဇ်ယန်ဖုန်းက သူသိထားတတ်ထားသမျှကို ဆရာစားမချန် သင်ကြားပေး၏။ အဆုံး၌ သက်ပြင်းချလိုက်သည်။ “မင့်မျိုးရိုးနာမည်သာ လင်ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ…”

ရွှေမြို့တော်သို့ ရောက်ရှိရန် နှစ်ရက်၊ သုံးရက် ခရီးနှင်ရဦးမည် ဖြစ်၏။ အိမ်ရှေ့မင်းသား၏ နန်းတက်ပွဲကျင်းပမည့် သုံးလပိုင်း ခြောက်ရက်နေ့သို့ ရောက်ရှိရန်မှာလည်း သုံးရက်လိုသေးသည်။ ထိုအခိုက်၌ ငှက်ကြီးတစ်ကောင် တောင်ပံတဖျပ်ဖျပ် ခတ်၍ မြေပြင်ပေါ်သို့ သက်ဆင်းလာပြီး အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ယောက်အသွင် ပြောင်းလဲကာ သူတို့ကို ဦးညွှတ်အရိုအသေပြုလိုက်၏။ “အထွတ်အမြတ်ဆရာသခင်၊ အားလုံး ပြင်ဆင်ပြီးပါပြီ…”

ချင်မူ ခေါင်းညိတ်လိုက်သည်။ “မင်းတို့ အရင်သွားနှင့်…”

“အမိန့်အတိုင်းပါ…” ထိုအမျိုးသမီးက နောက်ပြန်လှည့်၍ ခြေနှစ်လှမ်းခန့်ပြေးကာ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါလိုက်သည်တွင် နောက်ကျော၌ အတောင်ပံတစ်စုံပေါက်လာပြီး လေပေါ်သို့ ပျံတက်သွား၏။

“မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ တာအိုဂိုဏ်းက ဧကရာဇ်ကို သတ်နိုင်တယ်ဆိုမှတော့ ငါ့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကလည်း သတ်နိုင်ရတော့မှာပေါ့… မဟုတ်ရင် မိစ္ဆာလမ်းစဉ်ရဲ့ နံပတ်တစ် အထွတ်အမြတ်နယ်မြေအဖြစ် ဘယ်လိုရပ်တည်နိုင်တော့မှာလဲ…” ချင်မူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မျက်မှောင်ကြုတ်လိုက်၏။ “မင်းက ဘယ်လိုလုပ်ဖို့ စီစဉ်ထားတာလဲ…”

“မြို့တော်ကို ဝင်ပြီး ဧကရာဇ်ကို သတ်မယ်…”


Zawgyi

ဧကရာဇ္ႏွင့္ ဧကရာဇ္အတိုင္ပင္ခံမွာ ရယ္ရမလို ငိုရမလို ျဖစ္သြားသည္။ ဤမိစၧာဂိုဏ္းသခင္က အမွန္ပင္ ရဲတင္းလွၿပီး ေကာင္းကင္နတ္ဆိုးဂိုဏ္း၏ ဂိုဏ္းသခင္ဟူ၍ ထိန္းထိန္းသိမ္းသိမ္း မရွိ။ ဧကရာဇ္ႏွင့္ ဧကရာဇ္အတိုင္ပင္ခံကိုပင္ သူ၏ ေကာင္းကင္နတ္ဆိုးဂိုဏ္းအတြင္းသို႔ ဆြဲသြင္းခ်င္ေနေသး၏။

“ခင္ဗ်ားတို႔ရဲ့ ဒဏ္ရာေတြ မသက္သာရင္ ထီးနန္းကို ျပန္လုနိုင္မွာ မဟုတ္ဘူး… ကၽြန္ေတာ္တို႔ ေကာင္းကင္နတ္ဆိုးဂိုဏ္းက လက္မႈပညာသင္ထားရင္ အနည္းဆုံးေတာ့ မိသားစုစားဝတ္ေန ေျပလည္နိုင္ပါတယ္…” ခ်င္မူက ေသြးေဆာင္လိုက္သည္။ “ၿပီးေတာ့ အခုခ်ိန္ ဂိုဏ္းထဲဝင္ရင္ ေကာင္းကင္နတ္မင္းလို၊ ဂိုဏ္းထိန္းအႀကီးအကဲလို ရာထူးျမင့္ျမင့္ ေပးနိုင္ေသးတယ္… လုံးဝဒုကၡတျဖစ္ၿပီး ကယ္မရကုမရျဖစ္မွဆိုရင္ အလြန္ဆုံး စံအိမ္သခင္၊ လက္ေထာက္စံအိမ္သခင္ေလာက္ပဲ ေပးနိုင္ေတာ့မယ္… သခင္မ၊ ကၽြန္ေတာ့္ကို ကူေျပာေပးပါဦး…”

ဧကရာဇ္အတိုင္ပင္ခံ၏ ဇနီးက ျပဳံး႐ုံသာ ျပဳံး၍ မည္သည္ကိုမၽွ မေျပာေခ်။

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက မတုန္မလႈပ္ ေျပာလိုက္၏။ “ငါ ဂိုဏ္းထဲဝင္ရရင္ ဂိုဏ္းသခင္ လုပ္ရမွ ေက်နပ္နိုင္မယ္…”

ဧကရာဇ္ယန္ဖုန္းက ေခါင္းညိတ္လိုက္သည္။ “ငါေရာပဲ…”

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက ေျပာလိုက္၏။ “အရွင္မင္းႀကီး ဂိုဏ္းသခင္လုပ္ရင္ ကၽြန္ေတာ္မ်ိဳးက လက္ေထာက္လုပ္မယ္…”

ခ်င္မူ၏ မ်က္လုံးမ်ား အေရာင္ေတာက္သြားသည္။ “ဧကရာဇ္က ဂိုဏ္းသခင္ လုပ္ခ်င္တာလား…”

ဧကရာဇ္ယန္ဖုန္းမွာ အႀကီးအက်ယ္ အံ့အားသင့္သြား၏။ ခ်င္မူက ေကာင္းကင္နတ္ဆိုးဂိုဏ္းသခင္ ေနရာကို လက္လြတ္ဆုံးရႈံးခံနိုင္လိမ့္မည္ဟု သူ ထင္မွတ္မထားမိေခ်။ ဧကရာဇ္သာ ေကာင္ကင္နတ္ဆိုးဂိုဏ္း၏ ဂိုဏ္းသခင္ျဖစ္လာလၽွင္ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာက သူ႔ေကာင္းကင္နတ္ဆိုးဂိုဏ္း၏ အပိုင္ျဖစ္သြားမည္ မဟုတ္လား။

ဤကိစၥက အမွန္ပင္ ဆုပ္လည္းစူး၊ စားလည္း႐ူးပင္ ျဖစ္သည္။

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံမွာလည္း ေခါင္းခဲသြားၿပီး ဧကရာဇ္ယန္ဖုန္းကို တိတ္တခိုး လွမ္းၾကည့္၍ လက္မခံရန္ အခ်က္ျပလိုက္၏။

ဧကရာဇ္အတိုင္ပင္ခံ၏ ဇနီးက ရယ္ရယ္ေမာေမာ ေျပာလိုက္သည္။ “ဂိုဏ္းသခင္ခ်င္၊ ဂိုဏ္းထဲဝင္ဖို႔ သူတို႔ စိတ္မပါေပမဲ့ ကၽြန္မ စိတ္ပါပါတယ္… ဂိုဏ္းသခင္အေနနဲ႔ ကၽြန္မကို ဘယ္လိုရာထူးမ်ိဳး ေပးနိုင္မလဲ မသိဘူး…”

ခ်င္မူ၏ မ်က္လုံးမ်ား အေရာင္ေတာက္သြားၿပီး ဤအမ်ိဳးသမီး၏ လိမၼာပါးနပ္မႈကို အသံတိတ္ ခ်ီးက်ဴးလိုက္မိ၏။ သူက ဧကရာဇ္အတိုင္ပင္ခံႏွင့္ ဧကရာဇ္တို႔ ကိုးရိုးကားရား မျဖစ္ရေလေအာင္ တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္ျခင္း ျဖစ္သည္။

“သခင္မ ဂိုဏ္းထဲဝင္ခ်င္တယ္ဆိုရင္ ကၽြန္ေတာ့္အေနနဲ႔ လြယ္လြယ္ကူကူအလုပ္ ေပးနိုင္ပါတယ္…” ခ်င္မူက ျပဳံးလိုက္၏။ “သခင္မ ခ်ည္ထိုးပန္းထိုး တတ္တယ္မဟုတ္လား… ခ်ည္ထိုးပန္းထိုးစံအိမ္ရဲ့ စံအိမ္သခင္ရာထူးဆိုရင္ အဆင္ေျပနိုင္မလား…”

“အဆင္ေျပပါတယ္…” ထို႔ေနာက္ အမ်ိဳးသမီးငယ္က ဧကရာဇ္အတိုင္ပင္ခံကို အျခားတစ္ဖက္သို႔ ဆြဲေခၚ၍ ခပ္တိုးတိုး ေျပာလိုက္သည္။ “သခင္ႀကီး၊ ဘာလို႔ ဂိုဏ္းသခင္ခ်င္ရဲ့ ကမ္းလွမ္းခ်က္ကို ျငင္းပယ္ေနမွာလဲ… ဒီတစ္ေခါက္ ေရႊၿမိဳ႕ေတာ္ကို အရွင္မင္းႀကီးနဲ႔ ျပန္သြားရင္ အနိုင္ရနိုင္ေၿခ ဘယ္ေလာက္ရွိမယ္ ထင္လို႔လဲ…”

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက တစ္ခဏမၽွ တိတ္က်သြား၏။ “တစ္ျပည္လုံးမွာရွိတဲ့ လူေတြအကုန္လုံးက ျပဳျပင္ေျပာင္းလဲမႈကို ေထာက္ခံၾကတယ္၊ နန္းတြင္းက အရပ္ဘက္၊ စစ္ဘက္အရာရွိေတြရဲ့ ခုနစ္ဆယ္၊ ရွစ္ဆယ္ရာခိုင္ႏႈန္းေလာက္က အရွင္မင္းႀကီးနဲ႔ ေမာင္ႀကီးရဲ့ လူေတြ… ေမာင္ႀကီးတို႔ ေရႊၿမိဳ႕ေတာ္ကို ျပန္ေရာက္တာနဲ႔ ပုန္ကန္သူေတြကို သုတ္သင္ၿပီး ထီးနန္းကို ေသခ်ာေပါက္ ျပန္သိမ္းပိုက္နိုင္မွာပါ…”

ဧကရာဇ္အတိုင္ပင္ခံ၏ ဇနီးက ျပဳံးလိုက္သည္။ “တကယ္ပဲ အဲဒီလို ထင္လို႔လား… မဟာမိုးၿခိမ္းသံေက်ာင္းေတာ္နဲ႔ တာအိုဂိုဏ္းက သခင္ႀကီးတို႔ကို မတားဆီးေတာ့ဘူးတဲ့လား… သခင္ႀကီးခ်ည္းဆို တထာဂတနဲ႔ တာအိုသခင္ကို ခုခံကာကြယ္နိုင္ေပမဲ့ အရွင္မင္းႀကီးက ခုခံကာကြယ္နိုင္ပါ့မလား…”

ခ်င္မူက အသာအယာ ေခါင္းညိတ္၍ ျပဳံးလိုက္၏။ “နယ္စားဘုရင္ခံေတြ၊ နယ္စားမင္းေတြ၊ ဝန္မင္းေတြအားလုံးရဲ့ အိမ္မွာ တာအိုရေသ့ေတြ၊ ဘုန္းေတာ္ႀကီးေတြ ဝင္ေနၿပီး တရားစာေတြ၊ တာအိုက်မ္းစာေတြ ရြတ္ဖတ္ေနၾကတယ္…”

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံ ၿငိမ္က်သြားသည္။ သူ႔ဇနီးက ခ်င္မူ႔ကို အေဝးသို႔ တြန္းထုတ္ၿပီး ေလသံတိုးတိုးျဖင့္ ဆက္ေျပာလိုက္၏။ “တျခား အထြတ္အျမတ္နယ္ေျမႀကီးႏွစ္ခုက သခင္ႀကီးတို႔လူေတြကို ေစာင့္ၾကည့္ေနတယ္၊ သခင္ႀကီးတို႔ရဲ့ လူရင္းေတြလည္း ေထာင္ခ်တာ၊ ေနအိမ္အက်ယ္ခ်ဳပ္ထားတာ ခံေနရမွာပဲ… အခုခ်ိန္မွာ သခင္ႀကီးတို႔အေနနဲ႔ ဂိုဏ္းသခင္ခ်င္ဆီက အင္အားကို  ယူဖို႔ပဲ ရွိေတာ့တယ္… သူမ်ားဆီက အင္အားကို အငွားယူရၿပီဆိုရင္ သူမ်ားကို စိတ္ေအးေအာင္ ထားဖို႔လိုမယ္ေလ…”

ခ်င္မူက အနားတိုးကပ္လာၿပီး တစ္ခုခုေျပာေတာ့မည္ ျပင္သျဖင့္ ဧကရာဇ္အတိုင္ပင္ခံ၏ ဇနီးက သူ႔ကို အေဝးသို႔ ထပ္တြန္းထုတ္လိုက္ရျပန္သည္။

ဧကရာဇ္အတိုင္ပင္ခံက အတန္ၾကာေအာင္ စဥ္းစားေနၿပီးမွ ခ်င္မူ႔ထံ ေလၽွာက္လွမ္းသြား၏။ “ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းမွာ ေကာင္းကင္နတ္မင္းေနရာ လြတ္ေနတာလား…”

ခ်င္မူက ေခါင္းညိတ္လိုက္သည္။ “စတုတၳေကာင္းကင္နတ္မင္းေနရာပဲ…”

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက ေျပာလိုက္၏။ “ငါ့ကို အဲဒီေကာင္းကင္နတ္မင္းေနရာပဲ ထားလိုက္၊ ဒါေပမဲ့ အရွင္မင္းႀကီးကိုေတာ့ ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းနဲ႔ မပတ္သက္ခိုင္းရဘူး… အရွင္မင္းႀကီး၊ ကၽြန္ေတာ္မ်ိဳး ဂိုဏ္းသခင္ခ်င္ရဲ့ ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းကို ဝင္လိုက္ပါေတာ့မယ္…”

ဧကရာဇ္ယန္ဖုန္းမွာ မွင္တက္မိသြားေသာ္လည္း တစ္ခဏၾကာသည့္အခါ ခပ္ေလးေလး ေျပာလိုက္သည္။ “ဧကရာဇ္အတိုင္ပင္ခံကို ဒီလိုမ်ိဳး ဒုကၡခံခိုင္းရတာ စိတ္မေကာင္းျဖစ္မိပါတယ္…”

ခ်င္မူက ဧကရာဇ္ယန္ဖုန္းကို ျပဳံးျပလိုက္၏။ “အရွင္မင္းႀကီးက ကၽြန္ေတာ္တို႔ ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းကို အထင္လြဲေနတဲ့ပုံပဲ… ကၽြန္ေတာ္တို႔က အကိုးကြယ္ခံဂိုဏ္းတစ္ခု မဟုတ္ဘူး… ကၽြန္ေတာ္တို႔ရဲ့ အယူဝါဒက သာမန္လူေတြအတြက္ နိစၥဓူဝအသုံးဝင္နိုင္ေရး၊ ကၽြန္ေတာ္တို႔ အေကာင္အထည္ေဖာ္ေနတာက သူေတာ္စင္တန္ခိုးရွင္လမ္းစဥ္… အရွင္မင္းႀကီးနဲ႔ ဧကရာဇ္အတိုင္ပင္ခံတို႔ရဲ့ ျပဳျပင္ေျပာင္းလဲမႈနဲ႔ တူညီတဲ့ စံသတ္မွတ္ခ်က္ေတြ ရွိတယ္…”

ဧကရာဇ္အတိုင္ပင္ခံ၏ ဇနီးက ျပဳံးလိုက္၏။ “ဂိုဏ္းသခင္၊ ကၽြန္မတို႔ ခရီးဆက္သင့္ၿပီ၊ အရွင္မင္းႀကီးက ကၽြန္မတို႔ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းကို ဝင္ဖို႔မျဖစ္နိုင္ေတာ့ သူ႔ကို ဂိုဏ္းရဲ့ အယူဝါဒေတြ ေျပာျပေနလည္း မထူးဘူး ထင္တယ္…”

ဧကရာဇ္အတိုင္ပင္ခံ၏ ဇနီးက နဂါးခ်ီလင္၏ ေက်ာေပၚသို႔ တက္ထိုင္ၿပီး ခ်င္မူ၊ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံ၊ ဧကရာဇ္တို႔က ေအာက္မွ လမ္းေလၽွာက္လိုက္လာသည္။ ဧကရာဇ္အတိုင္ပင္ခံႏွင့္ ဧကရာဇ္တို႔က ခ်ီစြမ္းအင္အခ်ိဳ႕ ျပန္ရေအာင္ ခ်င္မူ သင္ၾကားေပးသည့္ ေလာကသခင္ခႏၶာ အျမဳေတသုံးသြယ္က်င့္စဥ္ကို ေလ့က်င့္ေနၾက၏။

ဤႏွစ္ေယာက္က သိကၡာေတာ္ရ ရဟန္းႏွစ္ပါးကဲ့သို႔ ရွိေနသည္။ သူတို႔၏ ေျခလွမ္းမ်ားက ျမန္ဆန္ျခင္း မရွိဘဲ အားစိုက္ေလၽွာက္လွမ္းေနရသျဖင့္ သုံးရက္နီးပါး ခရီးႏွင္ၿပီးမွ ခ်င္ျပည္နယ္သို႔ ေရာက္ရွိ၏။

ခ်င္ျပည္နယ္ရွိ ေကာင္းကင္နတ္ဆိုးဂိုဏ္းက ေဆးပင္မ်ား ျပင္ဆင္ထားသျဖင့္ ဧကရာဇ္ယန္ဖုန္း၏ ယန္ဝိညာဥ္မွ ဒဏ္ရာမ်ားကို ခ်င္မူ ကုသနိုင္ၿပီ ျဖစ္သည္။ ဧကရာဇ္အတိုင္ပင္ခံ၏ ျပင္ပဒဏ္ရာမ်ားအားလုံးလည္း ေပ်ာက္ကင္းသြားၿပီ ျဖစ္ၿပီး သူ႔ခႏၶာကိုယ္တြင္းရွိ နတ္ဘုရားေကာင္းကင္နတ္သိုင္း အႂကြင္းအက်န္မ်ားကေတာ့ ခ်င္မူ ဖယ္ရွားနိုင္ေသာအရာ မဟုတ္ေပ။

နတ္ဘုရားေကာင္းကင္နတ္သိုင္း အႂကြင္းအက်န္မ်ားက အလြန္တရာ စြမ္းအားႀကီးမားလွ၏။ သို႔ေသာ္လည္း ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံသာ ထိုေကာင္းကင္နတ္သိုင္း အႂကြင္းအက်န္မ်ားကို သူ႔ဖာသာ ေခ်ဖ်က္နိုင္လၽွင္ ခ်င္မူ႔အတြက္ ကုသရန္ အခက္အခဲရွိေတာ့မည္ မဟုတ္ေခ်။ လက္ရွိအေျခအေနတြင္ေတာ့ ဧကရာဇ္အတိုင္ပင္ခံက သူ၏ ခ်ီစြမ္းအင္ကို စုစည္းအသုံးျပဳနိုင္ျခင္း မရွိေသးေပ။ ထိုေကာင္းကင္နတ္သိုင္း အႂကြင္းအက်န္မ်ားက သူ႔ခႏၶာကိုယ္ႏွင့္ ေကာင္းကင္ရတနာမ်ား အတြင္း၌ ခိုေအာင္းေနသည္ ျဖစ္၍ ကိုယ္ပိုင္ခ်ီစြမ္းအင္ကို အသုံးျပဳနိုင္မွသာ ဖိႏွိမ္နိုင္ေပလိမ့္မည္။ အလြဲအေခ်ာ္ တစ္ခုခု ျဖစ္သည္ႏွင့္ ထိုေကာင္းကင္နတ္သိုင္း စြမ္းအားမ်ား ေပါက္ကြဲထြက္သြားနိုင္၏။

‘ဧကရာဇ္ေရာ၊ ဧကရာဇ္အတိုင္ပင္ခံပါ တိုက္ခိုက္လို႔ မရေသးဘူး…’ ခ်င္မူ စိတ္ထဲမွ ေတြးရင္း သက္ျပင္းေလးေလး ခ်လိုက္သည္။

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ၏ စြမ္းအားအႀကီးဆုံး ပညာရွင္ႏွစ္ေယာက္မွာ သူ၏ ကာကြယ္ကုသမႈ လိုအပ္ေသာ လူမမာႏွစ္ေယာက္ ျဖစ္ေနေခ်ၿပီ။

သူကိုယ္တိုင္လည္း မနားမေန ေလ့က်င့္ေနၿပီး လမ္းေလၽွာက္သည္ႏွင့္ ေလာကသခင္ခႏၶာ အျမဳေတသုံးသြယ္က်င့္စဥ္ကို အလိုအေလ်ာက္ ေလ့က်င့္၍ ၾကယ္တာရာစြမ္းအားမ်ားကို စုပ္ယူ၏။

ထို႔ျပင္ ရြာလူႀကီး သင္ေပးထားေသာ ဓားသိုင္းႏွစ္ကြက္ကိုလည္း ဟာကြက္မရွိေအာင္ ျပဳျပင္ရန္ ထပ္ခါထပ္ခါ ေလ့က်င့္ေသးသည္။

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံမွာ ဓားပန္းခ်ီမွ ဓားသိုင္းႏွစ္ကြက္ကို ျမင္ေသာအခါ တအံ့တဩ ျဖစ္သြားၿပီး ႏွစ္ခါျပန္ ၾကည့္မိ၏။ “ဂိုဏ္းသခင္၊ ဒီဓားကြက္က ဘယ္သူ သင္ေပးတာလဲ…”

“ကၽြန္ေတာ့္ရြာက ရြာလူႀကီး၊ အႀကီးဆုံးဘိုးဘိုးပါ…”

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက တစ္ခဏမၽွ စဥ္းစား၍ ေျပာလိုက္သည္။ “ဂိုဏ္းသခင္က ကၽြန္ေတာ္ဖန္တီးထားတဲ့ အေျခခံဓားခ်က္သုံးမ်ိဳးကို အဲဒီဓားသိုင္း ကြက္ေတြထဲ ထည့္သုံးဖို႔ ႀကိဳးစားေနတာလား… ဒီဓားကြက္ေတြက ဟာကြက္မရွိ ၿပီးျပည့္စုံၿပီးသားဆိုေတာ့ အေျခခံဓားခ်က္ေတြ ထပ္ထည့္ရင္ ဟန္ခ်က္ညီေနတာ ပ်က္သြားလိမ့္မယ္၊ အားအဟုန္ တိုးျမင့္လာနိုင္ေပမဲ့ ဟာကြက္ေတြ အမ်ားႀကီး ေပၚလာမွာ၊ ဘာလို႔ ဒီလိုလုပ္တာလဲ…”

ခ်င္မူက ‘ခိုင္ဧကရာဇ္ဓားတြင္ ေသြးပင္လယ္ျဖာသည္’ဟူေသာ ဓားကြက္ကို ထုတ္ေဖာ္ကစားလိုက္ၿပီး ႐ုတ္တရက္ ဝမ္းနည္းေၾကကြဲသည့္ ခံစားခ်က္ ျဖစ္ေပၚလာ၏။ “ခိုင္ဧကရာဇ္ရဲ့ဓားမွာ ေသြးပင္လယ္ျဖာတယ္… ေတာင္တန္းနဲ႔ ျမစ္ျပင္ေတြက တည္ရွိေနဆဲ၊ ႏွလုံးသားရင္ခြင္က အျပန႔္က်ယ္တယ္… ေဘးဘီကို အၾကည့္အေရာက္မွာ ဇာတိေျမဟာ ရိုးရာဝတ္စုံကို မဆင္ျမန္းေတာ့…” ဤသည္က ဇာတိေျမႏွင့္ ယုံၾကည္ခ်က္အတြက္ အသက္စြန႔္သြားသူမ်ားကို အထီးက်န္စြာ လြမ္းဆြတ္တမ္းတေနျခင္း ျဖစ္၏။ သူရဲေကာင္းတစ္ေယာက္၏ စိတ္ထားႏွင့္ ဝမ္းနည္းေၾကကြဲသည့္ ခံစားခ်က္မ်ား ေရာေထြးပါဝင္ေနသည္။

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက သစ္ကိုင္းတစ္ကိုင္းကို ေကာက္ယူလိုက္၏။ “ဂိုဏ္းသခင္ရဲ့ ဓားကြက္မွာ ဟာကြက္ေတြ အမ်ားႀကီး ရွိေသးတယ္… တစ္ကြက္ႏွစ္ကြက္ေလာက္ ျဖည့္စြက္ေပးရမလား…”

ခ်င္မူ၏ မ်က္လုံးမ်ား အေရာင္ေတာက္သြားၿပီး ျပဳံးလိုက္သည္။ “ေက်းဇူးျပဳၿပီး သင္ၾကားျပသေပးပါ…”

“မခံယူဝံ့ပါဘူး…”

ခ်င္မူလည္း သစ္ကိုင္းတစ္ကိုင္း ေကာက္ယူၿပီး သူတို႔ႏွစ္ေယာက္သား သစ္ကိုင္းမ်ားကို ဓားသဖြယ္ သေဘာထား၍ ထိပ္တိုက္ရင္ဆိုင္လိုက္ၾက၏။ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက တိုက္ခိုက္ၿပီး ခ်င္မူက ဓားပန္းခ်ီမွ ဓားကြက္မ်ားကို အသုံးျပဳ၍ ခုခံကာကြယ္သည္။ သို႔ေသာ္လည္း တစ္ခဏအတြင္း၌ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက ဟာကြက္တစ္ကြက္ေတြ႕ၿပီး ‘ေတာင္တန္းႏွင့္ျမစ္ျပင္မ်ားၾကားမွ ျဖတ္ေလၽွာက္သြားေသာဓား’ကို ဖ်က္ဆီးပစ္၏။

ခ်င္မူက အတန္ၾကာေအာင္ စဥ္းစားဆင္ျခင္လိုက္သည္။ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံ ေထာက္ျပလိုက္ေသာ ဟာကြက္က ရြာလူႀကီး ေထာက္ျပခဲ့ေသာ ဟာကြက္ႏွင့္ ျခားနားေန၏။

ဤႏွစ္ေယာက္စလုံးက ဓားသိုင္းအရာတြင္ ဆရာမ်ား ျဖစ္ေသာ္လည္း လမ္းစဥ္မတူေခ်။ ရြာလူႀကီး၏ ဓားသိုင္း၌ စိတ္ခံစားခ်က္မ်ား ျပင္းျပစြာ ကိန္းေအာင္းပါဝင္ေသာ္လည္း ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံ၏ ဓားသိုင္းက တည္ၿငိမ္ေအးေဆးသည္။ ျပဳျပင္ေျပာင္းလဲမႈကို ေဆာင္ၾကဥ္း၍ အသိအျမင္သစ္မ်ား လင္းပြင့္ေစၿပီး တံခါးတစ္ခ်ပ္ကို တြန္းဖြင့္လိုက္သကဲ့သို႔ ရွိ၏။

သူတို႔၏ အေတြးအေခၚက ျခားနားသကဲ့သို႔ ဓားသိုင္းကလည္း ျခားနားေနသည္။

ႏွစ္ေယာက္စလုံး၏ လမ္းညႊန္ေထာက္ျပမႈ ခံရသျဖင့္ ခ်င္မူ႔အတြက္ ကြဲျပားျခားနားေသာ အက်ိဳးေက်းဇူးမ်ား ရရွိလာ၏။

ရြာလူႀကီး၏ လမ္းညႊန္ေထာက္ျပမႈက ခ်င္မူသိထားသမၽွ တတ္ထားသမၽွကို အကုန္အစင္အသုံးျပဳေစၿပီး ဤဓားကြက္ႏွစ္ကြက္ကို ထပ္၍ ျပဳျပင္ေျပာင္းလဲရန္ မတတ္နိုင္ေတာ့သည္အထိ တြန္းပို႔ခဲ့၏။ သို႔ေသာ္လည္း ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံ၏ လမ္းညႊန္ေထာက္ျပမႈက သူ႔ဓားသိုင္းကို ဆက္လက္ ျပဳျပင္မြမ္းမံနိုင္ေစရန္ လမ္းသစ္ဖြင့္ေပးခဲ့သည္။

သူတို႔အားလုံး လမ္းေလၽွာက္ရင္း ေလ့က်င့္လာၿပီး ခ်င္မူ၏ ဓားပညာအေပၚ ထိုးထြင္းနားလည္မႈက ပို၍ ပို၍ တိုးပြားလာ၏။

သူ႔ဓားသိုင္းစြမ္းရည္က အျခားအဆင့္တစ္ခုသို႔ ခုန္ကူးေတာ့မလို ခံစားလိုက္မိသည္။ သို႔ေသာ္လည္း မည္မၽွပင္ ႀကိဳးစားသည္ျဖစ္ေစ အျခားတစ္ဖက္သို႔ ခုန္မကူးနိုင္ေစရန္ အလႊာပါးတစ္ခု ကာဆီးထားသကဲ့သို႔ ရွိေန၏။

“ဆက္မေလ့က်င့္နဲ႔ေတာ့… ဘယ္ေလာက္ပဲ ေလ့က်င့္က်င့္ ဒီထက္ ပိုတိုးတက္လာနိုင္ေတာ့မွာ မဟုတ္ဘူး…” ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက ေျပာလိုက္သည္။ “ဒီအဆင့္ကို ျဖတ္ေက်ာ္တက္ခ်င္ရင္ ကိုယ္ကိုယ္တိုင္ ဉာဏ္အလင္းပြင့္သိျမင္ဖို႔ လိုလိမ့္မယ္…”

ခ်င္မူ ဇေဝဇဝါ ျဖစ္သြား၏။ သို႔ေသာ္လည္း သူ႔ေဘးမွ ဧကရာဇ္ယန္ဖုန္းက ဧကရာဇ္တိုင္ပင္ခံ၏ ဆိုလိုရင္းကို သေဘာေပါက္ၿပီး သက္ျပင္းခ်လိုက္သည္။ “ေနာက္တစ္ဆင့္သာ တက္နိုင္ရင္ ဆရာတစ္ဆူ ျဖစ္လာေတာ့မယ္… ဝန္မင္းခ်င္၊ ငယ္ငယ္ရြယ္ရြယ္နဲ႔ ဒီအဆင့္ထိ ေရာက္နိုင္တာပဲ… ငါကိုယ္ေတာ္ အဲဒီအဆင့္ကို ေရာက္တုန္းကဆိုရင္ သက္ေတာ္ငါးဆယ့္ခုနစ္ႏွစ္ ရွိေနၿပီ… နဂါးကိုးေကာင္ဧကရာဇ္က်င့္စဥ္ကို ေလ့က်င့္ၿပီး နဂါးကိုးေကာင္ခ်ီစြမ္းအင္ကို စုပ္ယူစုစည္းလို႔ အဆုံးအစမဲ့တဲ့ ခ်ီစြမ္းအင္ကို ရရွိခဲ့ေပမဲ့ ကမၻာေျမႀကီးေအာက္က နဂါးခ်ီစြမ္းအင္ရဲ့ လႈပ္ရွားမႈနဲ႔ မွန္းဆလို႔မရေအာင္ စည္ကားသိုက္ၿမိဳက္ေနတဲ့ ေလာကႀကီးရဲ့ သေဘာသဘာဝကို ခံစားသိရွိေတာ့မွ တစ္ခ်ီတည္း အဆင့္ေက်ာ္ျဖတ္တက္နိုင္ခဲ့တာ… မင္းက ငါ့ထက္ အႏွစ္ေလးဆယ္ေလာက္ ပိုျမန္တာပဲ…”

ခ်င္မူက ျပဳံးလိုက္၏။ “အရွင္မင္းႀကီး၊ နဂါးကိုးေကာင္ဧကရာဇ္က်င့္စဥ္ရဲ့ အားသာခ်က္က ဘာမ်ားလဲ…”

“နဂါးကိုးေကာင္ဧကရာဇ္က်င့္စဥ္ရဲ့ အားသာခ်က္က အသြင္ေျပာင္းလဲနိုင္တာပဲ…” ဧကရာဇ္ယန္ဖုန္းက တည္ၾကည္ေလးနက္စြာ ေျပာလိုက္သည္။ “မင္းသင္ခ်င္ရင္ ငါသင္ေပးလို႔ရတယ္… ငါ့လက္ထက္ မတိုင္ခင္က နဂါးကိုးေကာင္ဧကရာဇ္က်င့္စဥ္ဆိုတာ ေမွာ္ပညာမွာ အစြမ္းထက္တဲ့ က်င့္စဥ္တစ္မ်ိဳးပဲ၊ ဒါေပမဲ့ ငါ့လက္ထဲ ေရာက္လာတဲ့အခ်ိန္မွာေတာ့ ေမွာ္ပညာ၊ ဓားသိုင္း၊ ႐ုပ္ခႏၶာက်င့္စဥ္ ဘယ္လိုေကာင္းကင္နတ္သိုင္းမ်ိဳးကိုမဆို ထုတ္သုံးလို႔ ရသြားတယ္… ဘာလို႔လဲသိလား… နဂါးဆိုတာ အသြင္ေျပာင္းလဲနိုင္စြမ္းကို ကိုယ္စားျပဳတယ္၊ နဂါးေတြက ႀကီးနိုင္သလို ေသးနိုင္တယ္၊ မ်က္စိနဲ႔ ျမင္နိုင္သလို မျမင္ရေအာင္လည္း စြမ္းေဆာင္နိုင္တယ္၊ ေကာင္းကင္ေပၚကို ပ်ံတက္နိုင္သလို ပင္လယ္ေအာက္ထဲလည္း ငုပ္လၽွိုးနိုင္တယ္၊ တိမ္ေတြကို ဖယ္ရွားၿပီး မိုးကို ရြာသြန္းေစနိုင္သလို ေကာင္းကင္ကို မီးရွို႔ျပာခ်ၿပီး ေလေပြမုန္တိုင္းကိုလည္း ထိန္းခ်ဳပ္နိုင္တယ္… မင္း သင္ခ်င္သလား…”

ခ်င္မူက နာမည္ေက်ာ္ ေကာင္းကင္နတ္ဆိုးဂိုဏ္း၏ မိစၧာဂိုဏ္းသခင္တစ္ေယာက္ ျဖစ္သည့္အတြက္ ျငင္းဆိုလိမ့္မည္ဟု ထင္ထားေသာ္လည္း တစ္ခ်က္မစဥ္းစားဘဲ ေခါင္းညိတ္လိုက္သည္ကို ျမင္ေသာအခါ သူ အငိုက္မိသြား၏။

ဧကရာဇ္ယန္ဖုန္းမွာ မွင္တက္မိၿပီး တဟားဟား ရယ္ေမာလိုက္သည္။ “ေကာင္းၿပီ၊ ေကာင္းၿပီ… နဂါးကိုးေကာင္ဧကရာဇ္က်င့္စဥ္က ငါတို႔လင္မိသားစုရဲ့ က်င့္စဥ္၊ အျပင္လူကို သင္ေပးမရဘူးလို႔ ဘယ္သူေျပာလဲ… မင္းကို ငါသင္ေပးမယ္…”

ဧကရာဇ္အတိုင္ပင္ခံ၏ ဇနီးက ဧကရာဇ္ယန္ဖုန္းကို တအံ့တဩၾကည့္လိုက္မိ၏။ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံကေတာ့ တည္တည္ၿငိမ္ၿငိမ္ ရွိေနသည္။ “အရွင္မင္းႀကီးက ဒီလိုလူစားမ်ိဳးပဲ… ရဲရင့္ၿပီး ပြင့္လင္းတယ္… မဟုတ္ရင္ ေမာင္ႀကီးကို ဘယ္လိုလုပ္ အသုံးခ်ရဲမွာလဲ… ေမာင္ႀကီးေတာင္ နဂါးကိုးေကာင္ဧကရာဇ္က်င့္စဥ္ မူရင္းစာလိပ္ကို ဆယ္ႀကိမ္မက ျမင္ဖူးတယ္…”

ဧကရာဇ္ယန္ဖုန္းက ခ်င္မူ႔ကို နဂါးကိုးေကာင္းဧကရာဇ္က်င့္စဥ္ သင္ေပးၿပီး ခ်ီစြမ္းအင္ မည္သို႔လွည့္လည္ရမည္၊ နဂါးကိုးေကာင္ခ်ီစြမ္းအင္ကို မည္သို႔ အသုံးျပဳရမည္ စသည္မ်ားပါ ေျပာျပ၏။

ဤက်င့္စဥ္က ေလာကသခင္ခႏၶာ အျမဳေတသုံးသြယ္က်င့္စဥ္ႏွင့္ ကြဲျပားျခားနားၿပီး ထုတ္ေဖာ္အသုံးျပဳလၽွင္ ထည္ဝါခမ္းနားေသာ ခ်ီစြမ္းအင္မ်ား ေပၚထြက္လာသည္။ တစ္ခ်ိန္တည္းမွာပင္ အကြက္အေျပာင္းအလဲ အမ်ိဳးမ်ိဳးကို ျပဳလုပ္နိုင္ၿပီး လႈပ္ရွားမႈတိုင္းတြင္လည္း မိုးေအာက္ေျမျပင္တစ္ခြင္မွ ႀကီးျမတ္ေသာအားအင္မ်ား ပါဝင္လာ၏။

“ေကာင္းကင္ကိုးဆင့္နတ္နဂါးအကာအကြယ္က နဂါးအစစ္အမွန္ကိုးေကာင္လို အသြင္ေျပာင္းလဲ၊ တိမ္တိုက္ၾကားမွာ ပုန္းကြယ္ၿပီး ရန္သူကို တိုက္ခိုက္နိုင္တဲ့ ေမွာ္ပညာပဲ… ဒီမွာၾကည့္…”

ဧကရာဇ္ယန္ဖုန္းက သူ၏ ခ်ီစြမ္းအင္ကို အသုံးျပဳလိုက္ရာ လက္တစ္ဝါးအရြယ္ခန႔္ရွိေသာ တိမ္တိုက္တစ္ခု သူ႔ေခါင္းေပၚတြင္ ေပၚထြက္လာသည္။ တီေကာင္ကဲ့သို႔ ေသးမၽွင္ေသာ နဂါးခ်ီစြမ္းအင္အခ်ိဳ႕က အစြယ္မ်ား ျဖဲဟ၍ လက္သည္းမ်ား ေဝွ႕ယမ္းတိုက္ခိုက္လိုက္၏။

ထို႔ေနာက္တြင္ ဧကရာဇ္ယန္ဖုန္း၏ ခ်ီစြမ္းအင္ ကုန္ခန္းၿပီး တိမ္တိုက္ႏွင့္တကြ နဂါးခ်ီစြမ္းအင္မ်ား ေပ်ာက္ကြယ္သြားသည္။ ဧကရာဇ္ယန္ဖုန္းက ေဟာဟဲလိုက္၍ ဗလုံးဗေထြး ေျပာလိုက္၏။ “ငါ့မွာ ခ်ီစြမ္းအင္ မက်န္ေတာ့ဘူး၊ ငါျပခ်င္တာကိုေတာ့ မင္းျမင္လိုက္မွာပါ…”

ခ်င္မူက ေခါင္းညိတ္၍ သူ၏ ေလာကသခင္ခႏၶာ အျမဳေတသုံးသြယ္က်င့္စဥ္ကို ထုတ္သုံးၿပီး နဂါးကိုးေကာင္ဧကရာဇ္က်င့္စဥ္ကို ေလာကသခင္ခ်ီစြမ္းအင္ႏွင့္ ေပါင္းစည္းလိုက္သည္။ ႐ုတ္တရက္ ေလထုထဲ၌ နဂါးကိုးေကာင္၏ပုံရိပ္ ဝိုးတဝါး ေပၚထြက္လာၿပီး လက္သည္းမ်ား ဆန႔္ထုတ္၍ တိုက္ခိုက္လိုက္ရာ သူတို႔ေဘးနားရွိ တစ္ဒါဇင္ပတ္လည္ခန႔္မွ ေက်ာက္တုံးေက်ာက္ခဲမ်ား မြမြေၾကသြား၏။

ဧကရာဇ္ယန္ဖုန္း မွင္တက္မိသြားသကဲ့သို႔ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံသည္လည္း အံ့အားတႀကီး ျဖစ္သြားသည္။ ေကာင္းကင္ယံ၌ ဝဲလည္လွည့္ေနေသာ နဂါးကိုးေကာင္ကို သူတို႔ ျမင္ရ၏။ ထိုနဂါးမ်ားက ႐ုတ္တရက္ မီးနဂါးမ်ား အျဖစ္ေျပာင္းလဲၿပီး မီးလၽွံေလေပြတစ္ခုျဖစ္ေအာင္ လွည့္လည္ကာ ေလေပၚသို႔ ပ်ံတက္သြားသည္။

ထို႔ေနာက္ မီးနဂါးမ်ားမွ ေရနဂါးမ်ားအျဖစ္ ေျပာင္းလဲၿပီး ေရဝဲကေတာ့ႀကီးတစ္ခု ျဖစ္ေပၚလာ၏။ ၿပီးသည့္ေနာက္တြင္ လၽွပ္စီးတန္းမ်ား တစ္ဖ်စ္ဖ်စ္ျမည္၍ ေနရာအႏွံ့ ေပါက္ကြဲက်ေရာက္သြားသည္။

ဧကရာဇ္ယန္ဖုန္းႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံတို႔မွာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္၍ အံ့အားသင့္သြားၾက၏။

ဤနဂါးကိုးေကာင္ဧကရာဇ္က်င့္စဥ္ကို ခ်င္မူ ယခုမွ သင္ယူျခင္း ျဖစ္ေသာ္လည္း ဆယ္ႏွစ္၊ အႏွစ္ႏွစ္ဆယ္ခန႔္ ေလ့က်င့္ထားသကဲ့သို႔ ရွိေနသည္။ နန္းတြင္းေကာလိပ္၏ ေတာ္ဝင္ၿခံဝင္းရွိ မင္းသားအမ်ားစုထက္ပင္ ပိုသာေသး၏။

ခ်င္မူက ေကာင္းကင္ကိုးဆင့္နတ္နဂါးအကာအကြယ္ကို ျပန္႐ုပ္သိမ္းလိုက္သည္။ ဧကရာဇ္ယန္ဖုန္းက သူသိထားတတ္ထားသမၽွကို ဆရာစားမခ်န္ သင္ၾကားေပး၏။ အဆုံး၌ သက္ျပင္းခ်လိုက္သည္။ “မင့္မ်ိဳးရိုးနာမည္သာ လင္ျဖစ္ရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ…”

ေရႊၿမိဳ႕ေတာ္သို႔ ေရာက္ရွိရန္ ႏွစ္ရက္၊ သုံးရက္ ခရီးႏွင္ရဦးမည္ ျဖစ္၏။ အိမ္ေရွ႕မင္းသား၏ နန္းတက္ပြဲက်င္းပမည့္ သုံးလပိုင္း ေျခာက္ရက္ေန႔သို႔ ေရာက္ရွိရန္မွာလည္း သုံးရက္လိုေသးသည္။ ထိုအခိုက္၌ ငွက္ႀကီးတစ္ေကာင္ ေတာင္ပံတဖ်ပ္ဖ်ပ္ ခတ္၍ ေျမျပင္ေပၚသို႔ သက္ဆင္းလာၿပီး အစိမ္းေရာင္ဝတ္စုံဝတ္ အမ်ိဳးသမီးတစ္ေယာက္အသြင္ ေျပာင္းလဲကာ သူတို႔ကို ဦးညႊတ္အရိုအေသျပဳလိုက္၏။ “အထြတ္အျမတ္ဆရာသခင္၊ အားလုံး ျပင္ဆင္ၿပီးပါၿပီ…”

ခ်င္မူ ေခါင္းညိတ္လိုက္သည္။ “မင္းတို႔ အရင္သြားႏွင့္…”

“အမိန႔္အတိုင္းပါ…” ထိုအမ်ိဳးသမီးက ေနာက္ျပန္လွည့္၍ ေျခႏွစ္လွမ္းခန႔္ေျပးကာ ခႏၶာကိုယ္ကို တစ္ခ်က္လႈပ္ခါလိုက္သည္တြင္ ေနာက္ေက်ာ၌ အေတာင္ပံတစ္စုံေပါက္လာၿပီး ေလေပၚသို႔ ပ်ံတက္သြား၏။

“မဟာမိုးၿခိမ္းသံေက်ာင္းေတာ္နဲ႔ တာအိုဂိုဏ္းက ဧကရာဇ္ကို သတ္နိုင္တယ္ဆိုမွေတာ့ ငါ့ရဲ့ ေကာင္းကင္နတ္ဆိုးဂိုဏ္းကလည္း သတ္နိုင္ရေတာ့မွာေပါ့… မဟုတ္ရင္ မိစၧာလမ္းစဥ္ရဲ့ နံပတ္တစ္ အထြတ္အျမတ္နယ္ေျမအျဖစ္ ဘယ္လိုရပ္တည္နိုင္ေတာ့မွာလဲ…” ခ်င္မူက ခပ္တိုးတိုး ေရရြတ္လိုက္သည္။

ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ ဧကရာဇ္အတိုင္ပင္ခံက မ်က္ေမွာင္ၾကဳတ္လိုက္၏။ “မင္းက ဘယ္လိုလုပ္ဖို႔ စီစဥ္ထားတာလဲ…”

“ၿမိဳ႕ေတာ္ကို ဝင္ၿပီး ဧကရာဇ္ကို သတ္မယ္…”

Novel Translator

Post a Comment

© ‧ THG. All rights reserved. Distributed by Pixabin