Lorem ipsum dolor sit amet, consectetur adipiscing elit. Test link

အခန်း ၂၆၃

 သူတို့နှစ်ယောက်သား တထာဂတနှင့် တာအိုသခင်တို့ ချန်ထားရစ်သည့် ကောင်းကင်နတ်သိုင်း အကြွင်းအကျန်များအားလုံး ရှင်းလင်းပြီးသောအခါ ချင်မူ ဧကရာဇ်ယန်ဖုန်းကို မည်သို့မည်ပုံ ကုသရမည်နည်းဟု စဉ်းစားလိုက်သည်။ အတန်ကြာ တွက်ချက်ပြီးနောက် တီးတိုးရေရွတ်လိုက်၏။ “ကောင်းကင်နတ်သိုင်းအကြွင်းအကျန်တွေ မရှိတော့ဘူးဆိုတော့ ယန်ဝိညာဉ်နဲ့ ယင်ဝိညာဉ်တွေ တည်ငြိမ်သွားပြီ… ဧကရာဇ်ရဲ့ ကောင်းကင်ရတနာတွေက ပျက်စီးပြိုကျနေပေမဲ့ စွမ်းအင်ဆေးဝါး လုံလုံလောက်လောက်ရှိရင် တစ္ဆေအရိပ်ကျင့်စဉ်နဲ့ ကောင်းကင်မုန်ညင်းစေ့ကျင့်စဉ်ကို သုံးပြီး အထဲဝင်ကုလို့ရတယ်… ဒါပေမဲ့…”

သူအနေဖြင့် ဤကဲ့သို့ ထိခိုက်ဒဏ်ရာများကို ယခင်က ကုသဖူးခြင်း မရှိပေ။ သို့ဖြစ်၍ ကုသမှု ကျိန်းသေအောင်မြင်နိုင်မည်ဟု ယုံကြည်ချက်မရှိ။

ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်ရတနာများက အက်ကွဲပျက်စီးရုံဆိုလျှင် ကုသ၍ ရနိုင်သေးသည်။ သို့သော်လည်း ၎င်းတို့က ပြိုပျက်ကျအောင် ဖျက်ဆီးခံထားရ၏။ ဆေးဆရာက သူ့ကို ဆေးပညာရပ်များစွာ သင်ကြားပေးခဲ့သော်လည်း ထိုထဲတွင် ဤကဲ့သို့ ဒဏ်ရာများကို ကုသပုံကုသနည်း မပါဝင်ချေ။

သို့သော်လည်း ကောင်းကင်ရတနာများကို ကုသနိုင်သော ဆေးပင်များ ရှိသကဲ့သို့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာတွင်လည်း ကောင်းကင်ရတနာများကို သန်မာအားကောင်းစေနိုင်သော ကျင့်စဉ်ပညာရပ်များ ပါရှိသည်။ ၎င်းတို့ကို အတူတကွ ပေါင်းစည်းအသုံးပြုလျှင် ပျောက်ကင်းနိုင်ချေ ရှိမည်ဟု ချင်မူ ခံစားမိ၏။

သူတို့နှစ်ယောက် ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်ရတနာများမှ ထွက်ခွာလာသောအခါ ကောင်းကင်ယံက နံနက်မိုးသောက်တော့မည် ဖြစ်သည်။ အဘွားစစ် နိုးထလာပြီး လီထျန်းရှင် အိပ်မောကျသွား၏။

ချင်မူက ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာကို ပြန်ရုပ်သိမ်းပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ဆေးပင်တွေ သွားဝယ်ရဦးမှာမို့လို့ သုံးလေးငါးရက်လောက် ကျွန်တော် အပြင်ထွက်ဦးမယ်… ဒီအတောအတွင်း အခန်းအပြင်ကို လုံးဝ မထွက်ပါနဲ့… အရှင်မင်းကြီး စားဖို့သောက်ဖို့အတွက် တံခါးပေါက်အရောက် လာပို့ပေးပါလိမ့်မယ်… ညရောက်ပြီဆိုရင်တော့ ဘာသံကြားကြား ဂရုမစိုက်ပါနဲ့၊ တစ်ချက်လေး ကြည့်ပါဦး ပြောရင်တောင် သွားကြည့်လို့ မရဘူး…”

ဧကရာဇ်ယန်ဖုန်းက အားအင်ဖျော့တော့စွာ ပြောလိုက်သည်။ “ဝန်မင်းချင်၊ ဘယ်လိုနေရာမျိုးကို ခေါ်လာတာလဲ… ဘာလို့ အဲလောက်တောင် လျှို့ဝှက်ဆန်းကြယ်နေရတာလဲ…”

ချင်မူက အလေးအနက် အမူအရာဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး၊ ဒီနေရာက ကျွန်တော့်ဘွားဘွားစစ်နဲ့ လီထျန်းရှင် နေတဲ့နေရာပါ… အရှင်မင်းကြီးသိထားဖို့က ညအချိန် အရှင်မင်းကြီးကို လာရှာမှာ လီထျန်းရှင်ဆိုတာပဲ… သူ့ကို သွားကြည့်မိတာနဲ့ အရှင်မင်းကြီး သေရလိမ့်မယ်၊ အဲဒါနဲ့တင် ပြီးမှာမဟုတ်ဘူး၊ အရှင်မင်းကြီးနဲ့အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တစ်ခုလုံး ပြိုလဲပျက်စီးသွားလိမ့်မယ်… ဒီတံခါးက ထွက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သေလူလို့သာ မှတ်ထားလိုက်တော့…”

ဧကရာဇ်ယန်ဖုန်းက ချင်မူ၏ အလေးအနက်လေသံကို ကြားသောအခါ ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့၊ သဘောပေါက်ပါတယ်၊ ငါက အဲလောက်စပ်စုတတ်တဲ့သူ မဟုတ်ပါဘူး…”

ချင်မူက တံခါးပိတ်၍ သူ့စုတ်တံကို ထုတ်ယူကာ မင်ထဲသို့ နှစ်လိုက်၏။ ထို့နောက် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါ၍ လူခေါင်း၊ မြွေကိုယ်ရှိသော စနေဂြိုဟ်အရှင်သခင်အသွင်သို့ ပြောင်းလဲပြီး ချီစွမ်းအင်များကို လှုံ့ဆော်နှိုးဆွလိုက်သည်။ ပြီးသည့်အခါ စုတ်တံကို မြှောက်၍ တံခါးပေါ်တွင် မုခ်ဦးတံခါးတစ်ခုပုံ ဆွဲပြီး ယိုတုဘာသာစကားဖြင့် ကောင်းကင်အလိုတော်မုခ်ဝဟူသော စာလုံးကို ရေးသားလိုက်၏။

ထို့နောက် စနေဂြိုဟ်အရှင်သခင်အသွင်ကို ပြန်ရုပ်သိမ်း၍ ကြမ်းပြင်တွင် စာကြောင်းတစ်ကြောင်း ရေးလိုက်သည်။ “ဒါက မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရဲ့ စနေဂြိုဟ်အရှင်သခင် မြေအပိုင်စားအစစ်အမှန်ကျင့်စဉ်နဲ့ ဖန်တီးထားတဲ့ မုခ်ဦးတံခါးပဲ… တံခါးပေါ်က စာကို ဖတ်နိုင်ရင် ဝင်လို့ရမယ်၊ မဖတ်နိုင်ရင်တော့ အပြင်မှာပဲ နေရမယ်…”

ချင်မူက စုတ်တံနှင့် မင်တုံးကို ပြန်သိမ်း၍ အဘွားစစ်ကို သတိပေးလိုက်၏။ “ဘွားဘွား၊ ဒီတံခါးကို ဘာကြောင့်ပဲဖြစ်ဖြစ် မထိပါနဲ့… ဧကရာဇ်ဆီကို အစာပို့တဲ့အခါ ဝါးလုံးရှည်နဲ့ ထိုးပြီးပို့… ဒီတံခါးကို လုံးဝ ဖြတ်မလျှောက်နဲ့…”

အဘွားစစ်က တံခါးပေါ်မှ စာလုံးများကို ကြည့်၍ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ “ဒီတံခါးလား…”

ချင်မူလည်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ မည်သည်ကိုမျှတော့ မပြောချေ။

အဘွားစစ်က သဘောပေါက်သွားသည်။ “သေချာပေါက် မဝင်ပါဘူး…”

ချင်မူက အိမ်ထဲမှ ထွက်၍ နဂါးချီလင်၏ ကျောပေါ်သို့ ခုန်တက်ကာ ဧကရာဇ်ယန်ဖုန်းရှိနေသော အခန်းဆီသို့ လည်ပြန်ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်၏။ “လီထျန်းရှင်အနေနဲ့ ယိုတုဘာသာစကားကို နားလည်ရင် ကိစ္စမရှိဘူး၊ နားမလည်ဘဲ အတင်းဝင်ရင်တော့ သူ့ဝိညာဉ် ယိုတုကို ဆွဲခေါ်ခံရပြီး မြေအောက်ဘုံအရှင်သခင်ဆီ ရောက်သွားလိမ့်မယ်… အဲဒါဆို ဘွားဘွားလည်း လွတ်မြောက်သွားမှာပဲ…”

ဧကရာဇ်ယန်ဖုန်းက အတော်လေး သက်သာလာပြီး ခက်ခက်ခဲခဲ အားထုတ်၍ သွားလာနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း သူက ချင်မူ၏ စကားကို မြေဝယ်မကျ နားထောင်၍ အခန်းအတွင်းမှ လုံးဝထွက်ခွာခြင်း မပြုပေ။ နေ့လယ်စာစားချိန် ရောက်သောအခါ အဘွားစစ်က ခြင်းတောင်းတစ်တောင်းကို ဝါးလုံးရှည်ဖြင့် ထိုးချိတ်၍ အခန်းထဲသို့ ပို့ပေး၏။ ဧကရာဇ်ယန်ဖုန်းက တံခါးကို ခပ်ဟဟဖွင့်၍ ခြင်းတောင်းကို ယူသည်။ စားသောက်ပြီးစီးသောအခါ တံခါးဝ၌ ခြင်းတောင်းကို  ပြန်ချထား၏။ အပြင်သို့ ထွက်ခွာခြင်း မပြုချေ။

ဧကရာဇ်ဖြစ်ကတည်းက ဒုက္ခကြီးစွာရောက်ရသည်မှာ ဤတစ်ကြိမ် ပထမဆုံး ဖြစ်၏။

ညစာစားပြီးသောအခါ တံခါးအပြင်ဘက်မှ ချိုလွင်သာယာသော တခစ်ခစ်ရယ်မောသံတစ်သံ ရုတ်တရက် ကြားလိုက်ရသည်။ ထိုရယ်သံက သူ့ဦးနှောက်အတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်လာပြီး ဖော်မပြနိုင်လောက်အောင် နားဝင်ချိုလှ၏။ ဧကရာဇ်ယန်ဖုန်းမှာ တိမ်းမူးသာယာသွားသည်။ သူ့နန်းဆောင်ရှိ မိန်းမလှပေါင်းများစွာ၌ ဤရယ်သံကဲ့သို့ ယောက်ျားသားတစ်ယောက်၏ နှလုံးသားကို တဒိုင်းဒိုင်းခုန်သွားအောင် ဖမ်းစားနိုင်သော အသံမျိုးမရှိဟု ခံစားလိုက်မိ၏။

“ဂိုဏ်းသခင်ချင် မရှိမှတော့ ဒီသခင်မက ဧကရာဇ်ကို ဆော့ကစားရတော့မှာပေါ့… ဒီသခင်မ စိတ်ပျော်ရွှင်ရရင် အရေခွံခွာ အဝတ်လုပ်ရုံနဲ့ ကျေနပ်ပေးပြီး ရွှေမြို့တော်မှာ ဧကရီဘုရင်မကြီး သွားလုပ်ပစ်မယ်…”

ဧကရာဇ်ယန်ဖုန်းမှာ ကြားလိုက်ရသော စကားများကြောင့် ကြောက်ရွံ့ထိတ်လန့်သွားသော်လည်း အသံက အလွန်တရာ ချိုသာလှသဖြင့် ရင်ထဲတွင် ဆူပွက်လှုပ်ရှားလာသည်။ တံခါးကို ဖွင့်၍ ထိုအမျိုးသမီး၏ ရုပ်သွင်ကို ကြည့်လိုလှသော်လည်း ချင်မူ၏ သတိပေးစကားကို အမှတ်ရသဖြင့် စိတ်ထဲမှ တွေးလိုက်မိ၏။ “ဒါက ဂိုဏ်းသခင်လီထျန်းရှင် မိစ္ဆာကဝေမအသံ သုံးပြီး ငါ့ကို မျှားခေါ်ထုတ်နေတာ ဖြစ်ရမယ်… ဒီမိစ္ဆာအိုကြီးက မိန်းမတစ်ယောက် အသံကိုတောင် တုပနေတယ်၊ တကယ့်ကို အရှက်မဲ့တာပဲ…”

သူ့နားရွက်များကို ပိတ်လိုက်သော်လည်း စွဲမက်ဖွယ်ရာ အသံချိုချိုက သူ့ခေါင်းထဲမှ ထုတ်မရအောင် ဝင်ရောက်သွားပြီ ဖြစ်သည်။

“ဟွန့် အဲခွေးကောင်လေးက ဒီသခင်မကို အကဲစမ်းရဲတယ်ပေါ့၊ မိုးကောင်းကင် ဘယ်လောက်မြင့်တယ်ဆိုတာ မသိတဲ့ကောင်လေးပဲ… ဒါပေမဲ့… ဒီစာလုံးတွေကို ငါတကယ် မသိဘူး၊ ငါလည်း စနေဂြိုဟ်အရှင်သခင်ရဲ့ မြေအပိုင်စားအစစ်အမှန်ကျင့်စဉ်ကို လေ့ကျင့်ဖူးတာပဲ… ဘယ်လိုနည်းနဲ့မှ သူ့အောက်ကျစရာ အကြောင်းမရှိဘူး…”

…။

အပြင်ဘက်ရှိ အမျိုးသမီးမှာ တံခါးပေါ်ရှိစာလုံးများ၏ အဓိပ္ပာယ်ကို သိနားလည်အောင် ကြိုးစားပြီး မြေအပိုင်စားအစစ်အမှန်ကျင့်စဉ်ကို ထပ်ခါထပ်ခါ လေ့ကျင့်သော်လည်း တစ်စုံတစ်ရာ အောင်မြင်မှုမရချေ။ မသိလိုက်မသိဖာသာနှင့် အချိန်များစွာ ကုန်ဆုံးသွား၏။ ဧကရာဇ်ယန်ဖုန်းမှာလည်း တစ်ညလုံး စိတ်မဖြောင့်လက်မဖြောင့် ဖြစ်ပြီးနောက် မဟန်နိုင်တော့ဘဲ အိပ်မောကျသွားသည်။

နောက်တစ်နေ့ ရောက်သောအခါတွင်လည်း ယခင်နေ့ကအတိုင်း ဖြစ်၏။ ညအချိန်ရောက်သောအခါ ထိုအမျိုးသမီး ရောက်ရှိလာပြီး တံခါးပေါ်မှ စာလုံးများကို နားလည်နိုင်ရန် ကြိုးစားသည်။ ဧကရာဇ်ယန်ဖုန်းကတော့ ထိုအမျိုးသမီး၏ အသံနှင့်ပင် နှလုံးသားမိစ္ဆာ ပေါက်ဖွားလုနီးပါး ဖြစ်လာ၏။ တံခါးဖွင့်၍ အပြင်သို့ ကြည့်လှည့်ပါ ဖိတ်ခေါ်နေသော ချိုလွင်စွဲမက်ဖွယ် အသံတစ်သံကို သူ့နားထဲ၌ တစ်ချိန်လုံး ကြားယောင်နေသည်။

တတိယမြောက်ည ရောက်သောအခါ ထိုအမျိုးသမီးမှာ ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။ “ဒီဟာတွေ နားလည်းမလည်၊ ဖြေလည်းမဖြေရှင်းနိုင်မှတော့ ဘာလို့ ဆက်စဉ်းစားနေဦးမှာပဲ… အထဲကို အတင်းဝင်ပြီး ဧကရာဇ်ကို အရေခွံခွာလိုက်ရင် ဒီပုစ္ဆာကို ဖြေရှင်းစရာ မလိုတော့ဘူးပေါ့…”

ဧကရာဇ်ယန်ဖုန်းမှာ ထိတ်လန့်တုန်လှုပ်သွားသည်။ သို့သော်လည်း နောက်တစ်ခဏ၌ ထိုအမျိုးသမီး၏ အသံကို ကြားလိုက်ရ၏။ “မဟုတ်သေးဘူး၊ မဟုတ်သေးဘူး… ဂိုဏ်းသခင်ချင် ဒီကျင့်စဉ်ကို သုံးတုန်းက တတိယမျက်လုံး ပေါ်လာပြီး တစ်ခန်းလုံး မှောင်ကျသွားတာ… ကြည့်ရတာ လူ့ဘုံလောကနဲ့ မတူတော့ဘူး… ဒီတံခါးက ထူးဆန်းတယ်၊ ငါ အတင်းဝင်သွားမိလို့ တခြားကမ္ဘာကို ရောက်သွားရင် ဘယ်လိုလုပ်မလဲ… အဲခွေးကောင်လေးက သိပ်ဉာဏ်များတာ၊ တစ်ခုခု အကွက်ဆင်ခဲ့တာ ဖြစ်ရမယ်…”

ဧကရာဇ်ယန်ဖုန်းမှာ အံ့အားသင့်သွားသည်။ “ဒီအမျိုးသမီးက ဉာဏ်အတော်ကောင်းပါလား… မဟုတ်သေးဘူး၊ ဒါ ဟိုမြေခွေးအိုကြီး လီထျန်းရှင်ပဲ… ဒါပေမဲ့ ဂိုဏ်းသခင်လီက အဘိုးကြီးအို ဖြစ်နေပြီ မဟုတ်ဘူးလား… ဘာလို့ သိပ်ကို စွဲမက်စရာကောင်းတဲ့ မိန်းမသံဖြစ်အောင် တုပပြောဆိုနေရတာလဲ…”

ချောင်းကြည့်ချင်စိတ်ကို မအောင့်အီးနိုင်တော့ဘဲ သူ့စိတ်ထဲမှ တွေးလိုက်မိ၏။ ‘တစ်ချက်လေး ကြည့်ရုံနဲ့ ဘာမှ မဖြစ်လောက်ပါဘူး၊ ဟုတ်တယ်မဟုတ်လား…’

တံခါးကြားမှ ချောင်းကြည့်မည် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ နဂါးတွန်သံတစ်သံ ကြားလိုက်ရသည်။ ချင်မူက ခြေလှမ်းကြဲများနှင့် လှမ်းဝင်လာသဖြင့် ချောင်းကြည့်မည့်အတွေးကို သူ ပြန်ရုပ်သိမ်းလိုက်ရ၏။

“ဂိုဏ်းသခင်လီ အခန်းထဲ မဝင်ဘူးလား… တံခါးပေါ်က စာတွေကို မဖတ်တတ်ဘူး ထင်တယ်… မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို အမှားကြီးအတိုင်း ကျင့်ထားမိတယ်ဆိုတာ ဝန်ခံတော့မလား…”

“သင်ချင်လား…”

“တံခါးပေါ်က စာလုံးတွေရဲ့ အဓိပ္ပာယ်က ကောင်းကင်အလိုတော်မုခ်ဝတဲ့… ခင်ဗျားကို ကျွန်တော် သင်ပေးမယ်…”

သူက လီထျန်းရှင်ကို ထိုယိုတုစာသား သင်ပေးလိုက်သည်။ “ဂိုဏ်းသခင်လီ၊ အခု အဲဒီစာသားကို သိသွားပြီဆိုတော့ တံခါးကနေ ဝင်လို့ရပြီပေါ့…”

ဂိုဏ်းသခင်လီက ဟက်ခနဲ ရယ်လိုက်၏။ “ဒီယိုတုဘာသာစကားကို ငါ သိသွားပေမဲ့ အဲလိုသိတိုင်း တံခါးကနေ အန္တရာယ်ကင်းကင်း ဖြတ်သွားနိုင်မယ်လို့ မဆိုလိုဘူး မဟုတ်လား… ဂိုဏ်းသခင်ချင်၊ ဒီသခင်မကလည်း မအတဲ့ ဂိုဏ်းသခင်အထွတ်အမြတ်ဆရာပါ၊ လွယ်လွယ်နဲ့ လှည့်စားလို့ရမယ် မထင်နဲ့….”

ချင်မူက ခေါင်းခါယမ်း၍ တံခါးအတွင်းသို့ ဝင်သွားပြီး ချီစွမ်းအင်ကို အသုံးပြုကာ ယိုတုစာလုံးများကို ပြန်ဖျက်လိုက်သည်။ ထို့နောက် ဧကရာဖ်ယန်ဖုန်းကို ပြောလိုက်၏။ “အရှင်မင်းကြီး၊ ဆေးပင်တွေ ဝယ်ဖို့ မြို့အတော်များများ သွားခဲ့ပေမဲ့ ကပ်ဘေး၊ ဒုက္ခဘေးတွေ ကျနေတဲ့အချိန်မို့လို့ ဆေးဆိုင်တွေမှာ ဆေးပင်များများ မရှိတော့ဘူး… အဲဒါကြောင့် နည်းနည်းပဲ ဝယ်လို့ရခဲ့တယ်၊ ဘယ်လောက် ထိရောက်နိုင်မလဲဆိုတာတော့ မပြောတတ်ဘူး…”

“ဝန်မင်းချင်၊ မင်းလုပ်နိုင်သလောက်ပဲ လုပ်ပါ…” ဧကရာဇ်ယန်ဖုန်းက ပြောလိုက်သည်။ “ဒီတစ်ခေါက် အပြင်ထွက်သွားတာ ဝန်မင်းချင် ဘာသတင်းတွေများ ကြားခဲ့ရသေးလဲ…”

“အရှင်မင်းကြီးက နတ်ရွာစံသွားပါပြီ…”

ချင်မူက သူ့ကို ကြည့်၍ ခပ်အေးအေး ပြောလိုက်၏။ “ရွှေမြို့တော်က သတင်းတွေအရတော့ အရှင်မင်းကြီးက တိုင်းပြည်အရေးအတွက် အလုပ်ဝန်ပိပြီး နတ်ရွာစံသွားတာတဲ့… အိမ်ရှေ့မင်းသားက အခု အရှင်မင်းကြီးရဲ့ ဈာပနာအတွက် စီစဉ်နေပါတယ်၊ တစ်ပြည်လုံးလည်း ပူဆွေးသောကရောက်နေကြတယ်…”

ဧကရာဇ်ယန်ဖုန်းမှာ အနည်းငယ် တုန်ခါသွားပြီး ပြုံးမလို မဲ့မလို မျက်နှာဖြင့် ပြောလိုက်သည်။ “ငါက နတ်ရွာစံသွားပြီတဲ့လား… သိပ်ကောင်းတဲ့ သားပဲ၊ သိပ်ကောင်းတဲ့သား… သေနင်္ဂဗျူဟာစစ်သူကြီးနဲ့ ကျန်တဲ့သူတွေရော… အသက်ရှိကြသေးလား…”

ချင်မူက ဆေးဖော်စပ်ရန်အတွက် ဆေးပင်များကို အမျိုးအစားခွဲနေရင်းမှ ပြန်ပြောလိုက်၏။ “ပါ့ကျိုးမြို့ပြင်က တိုက်ပွဲမှာ ကျွန်တော့်ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက အရှင်မင်းကြီးကို ကယ်တင်ဖို့ပဲ အဓိကထားတဲ့အတွက် အရှင်မင်းကြီး လွတ်မြောက်သွားတာနဲ့ သူတို့လည်း ထွက်ခွာသွားပါတယ်… သေနင်္ဂဗျူဟာစစ်သူကြီး၊ ပထမအဆင့်အရာရှိ၊ စစ်တု၊ စစ်ခုန် အားလုံး အဖမ်းခံလိုက်ရတယ်… တာအိုသခင်နဲ့ တထာဂတက သူတို့ကို ဘာမှ မလုပ်ပါဘူး၊ အိမ်ရှေ့မင်းသားဆီပဲ အပ်လိုက်တာ၊ သူတို့က ရွှေမြို့တော်မှာ ဩဇာအာဏာကြီးမားတဲ့ အထက်တန်းလွှာမိသားစုတွေရဲ့ ခေါင်းဆောင်တွေဆိုတော့ သူတို့အသက်ဘေးကို အရှင်မင်းကြီး မစိုးရိမ်ပါနဲ့… အိမ်ရှေ့မင်းသားက အဲဒီဩဇာကြီးမိသားစုတွေရဲ့ ထောက်ခံမှု လိုပါသေးတယ်…”

“သိပ်ကောင်းတဲ့သား…” ဧကရာဇ်ယန်ဖုန်း သက်ပြင်းချလိုက်သည်။

သေနင်္ဂဗျူဟာစစ်သူကြီးနှင့် ကျန်သူများ၏ ဩဇာအာဏာက ကြီးမားလှ၏။ နန်းတွင်းတပ်ဖွဲ့နှင့် လူမှုအလွှာအသီးသီးအပါအဝင် မြို့တော်၏ အင်အားတစ်ဝက်ကျော်မှာ သူတို့၏ လက်ထဲတွင် ရှိနေသည် မဟုတ်လား။ အိမ်ရှေ့မင်းသားအနေဖြင့် ထီးနန်းသိမ်းပိုက်စိုးစံလိုလျှင် သူတို့၏ ထောက်ခံမှုကို လိုအပ်သေး၏။

“အင်ပါယာက အုပ်ချုပ်စိုးစံသူ မရှိလို့ မဖြစ်တဲ့အတွက် အိမ်ရှေ့မင်းသားရဲ့ နန်းတက်ပွဲက သုံးလပိုင်း လအစလောက်မှာ ကျင်းပလိမ့်မယ်… သုံးလပိုင်း၊ ခြောက်ရက်နေ့က မင်္ဂလာနေ့ရက်ဆိုတော့ အိမ်ရှေ့မင်းသားက အဲဒီရက်မှာ နန်းသိမ်းပွဲခံယူဖို့ များတယ်… တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ အထောက်အပံ့ပါ ရထားတာဆိုတော့ ဧကရာဇ်ဖြစ်လာဖို့က သူ့အတွက် သေချာနေပြီ… တားဆီးကန့်ကွက်ရဲတဲ့သူမှန်သမျှ ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် ကွပ်မျက်ခံရမှာပဲ…”

“ဧကရာဇ်အတိုင်ပင်ခံ ဘယ်ရောက်နေလဲ… သူသာ ရှိနေရင် ဒီလို အခြေအနေဆိုးမှာ မဟုတ်ဘူး…”

“ဧကရာဇ်အတိုင်ပင်ခံက ပျားရည်ဆမ်းခရီး ထွက်သွားပြီးကတည်းက ဘာသတင်းမှ မကြားရတော့ဘူး… ဒီတစ်ခေါက် အပြင်သွားတဲ့လမ်းမှာ အရှင်မင်းကြီးရဲ့ ခြေရာလက်ရာကို လိုက်ရှာနေတဲ့သူတွေ အတော်များများ တွေ့ခဲ့တယ်… ကြားမိသမျှတော့ အိမ်ရှေ့မင်းသားက အရှင်မင်းကြီး နတ်ရွာစံသွားရင်တောင် ရုပ်အလောင်းကို ရအောင်ရှာခဲ့ရမယ်လို့ အမိန့်ထုတ်ထားတာတဲ့…”

ချင်မူက တစ္ဆေအရိပ်ကျင့်စဉ်ကို အသုံးပြု၍ ဧကရာဇ်၏ ကောင်းကင်ရတနာများထဲသို့ ဝင်ရောက်လိုက်သည်။ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာသို့ ရောက်သောအခါ စွမ်းအင်ဆေးလုံးများမှ ဆေးစွမ်းအင်ကို အသုံးပြုလိုက်၏။ သို့သော်လည်း ဆေးအာနိသင်များ စိမ့်ဝင်ကုန်ဆုံးသွားသည့်တိုင် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက ကောင်းမွန်လာခြင်း မရှိပေ။ ဆေးအာနိသင် ထိရောက်မှုက အတော်လေး နည်းပါးနေသည်။

ချင်မူ မျက်မှောင်ကြုတ်၍ စွမ်းအင်ဆေးလုံးအချို့ ပြောင်းလဲ အသုံးပြုကြည့်၏။ သို့သော်လည်း ထိုဆေးအားလုံးက ထိရောက်ခြင်း မရှိပေ။

သူ အရိပ်မည်းတစ်ခုအဖြစ် ပြောင်း၍ ဧကရာဇ်ယန်ဖုန်း၏ မျက်ခုံးနှစ်ခုအလယ်မှ ပြန်ထွက်လာခဲ့လိုက်သည်။ ထို့နောက် ခေါက်တုံ့ခေါက်ပြန်လျှောက်၍ စဉ်းစားနေရင်းမှ ရုတ်တရက် ထပြောလိုက်၏။ “အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ ဒဏ်ရာတွေက ကုဖို့ခက်တယ်၊ ခန္ဓာကိုယ်နဲ့ ယန်ဝိညာဉ်က ဒဏ်ရာတွေကို ကျွန်တော် ကုနိုင်ပေမဲ့ ကောင်းကင်ရတနာက ဒဏ်ရာတွေကို မကုနိုင်ဘူး… ကျွန်တော့်ရဲ့ ဘိုးဘိုးဆေးဆရာဆိုရင်တော့ အရှင်မင်းကြီးကို ကုပေးနိုင်လောက်မမယ်… အရှင်မင်းကြီးအနေနဲ့ ကျွန်တော်နဲ့ မဟာမြို့ပျက်ကို လိုက်ခဲ့ချင်ပါသလား…”

ဧကရာဇ်ယန်ဖုန်း၏ ရင်ထဲတွင် မျှော်လင့်ချက်အချို့ ရှင်သန်လူးလွန့်လာသည်။ “အဲဒီဆေးဆရာဆိုတာက…”

ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး အမှန်အတိုင်း ပြောလိုက်၏။ “ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်ပါ…”

ဧကရာဇန်ယန်ဖုန်း၏ မျက်နှာပြင်လုံး မည်းမှောင်သွားပြီး ဒေါသတကြီး ရေရွတ်လိုက်သည်။ “ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင် ဟုတ်လား…”

ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်က သူ၏ မယ်တော်နှင့် မရှင်းလင်းသော ဆက်ဆံရေးရှိသူ ဖြစ်၏။ ဆေးဆရာမှာ သရုပ်မှန်မပေါ်မီက ကျောက်စိမ်းမျက်နှာလုလင်ပျိုအဖြစ် နာမည်ကျော်ကြားပြီး နေရာအနှံ့အပြားတွင် ချစ်သူရည်းစားများ ထားခဲ့သည်။ နာမည်ကျော် သီလရှင်များပင် သူနှင့် မရှင်းလင်းသော ဆက်ဆံရေး ရှိ၏။

ဧကရာဇ်ယန်ဖုန်းက ဤအကြောင်းကို သိသော်လည်း ထုတ်ပြောရန် အဆင်မပြေ ဖြစ်ခဲ့ရသည်။ တစ်ခါဆိုလျှင် မယ်တော်ကြီး၏ အချစ်တော်၊ ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်ကို သုတ်သင်ရှင်းလင်းရန် လူများပင် လွှတ်ခဲ့ဖူး၏။ ဆေးဆရာ မဟာမြို့ပျက်၌ ပုန်းအောင်းနေရသည့် အကြောင်းရင်းတွင် ဧကရာဇ်ယန်ဖုန်း၏ အားထုတ်မှု တစ်စိတ်တစ်ပိုင်းလည်း ပါဝင်သည်။

သူ့အနေဖြင့် ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်နှင့် မည်သို့မျှ တွေ့ဆုံလိုခြင်း မရှိပေ။

“ဝန်မင်းချင်၊ မဟာမြို့ပျက်ကို မသွားတော့ဘူး… မသိတတ်တဲ့သားက မကြာခင် နန်းတက်ပြီး ဧကရာဇ်လုပ်တော့မယ်… ငါနှစ်နှစ်ရာကျော် တည်ဆောက်ခဲ့ရတဲ့ ပြုပြင်ပြောင်းလဲမှုကို တစ်ရက်တည်းနဲ့ ဖျက်ဆီးပစ်မှာ မခံနိုင်ဘူး…” ဧကရာဇ်ယန်ဖုန်းက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “ငါတို့ ရွှေမြို့တော်ကို သွားကြမယ်…”

ချင်မူ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ဧကရာဇ်ကို ကြည့်လိုက်သည်။ “အရှင်မင်းကြီး ရွှေမြို့တော်ကို သွားချင်တာ သေချာရဲ့လား…”

ဧကရာဇ်ယန်ဖုန်းက ခေါင်းညိတ်လိုက်၏။ “ရွှေမြို့တော်က နဂါးသိုက်စုဆုံတဲ့နေရာပဲ၊ အဲနေရာမှာဆိုရင် ငါ့လင်မိသားစုရဲ့ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို နှစ်ဆမြန်အောင် လေ့ကျင့်နိုင်တယ်… ငါ့အနေနဲ့ နဂါးကိုးကောင်ချီရဲ့ စွမ်းအားကို သုံးပြီး ကောင်းကင်ရတနာတွေ ပြန်တည်ဆောက်ကောင်း တည်ဆောက်နိုင်လိမ့်မယ်… ဧကရာဇ်အတိုင်ပင်ခံနဲ့ငါ ရင်းခဲ့ရတဲ့ သွေးချွေးတွေကို အလဟဿ အဖြစ်မခံနိုင်ဘူး… ရွှေမြို့တော်ကိုသာ ရောက်အောင်ပြန်နိုင်ရင် မသိတတ်တဲ့သားကို ဖြုတ်ချပစ်လို့ရတယ်…”

ချင်မူက တစ်ခဏမျှ စဉ်းစားပြီးနောက် ပြုံးလိုက်သည်။ “ခွင့်လွှတ်ပါ အရှင်မင်းကြီး…” သူက ဝက်ခုတ်ဓားမကို ထုတ်ယူ၍ ဧကရာဇ်၏ သရဖူနှင့် ဝတ်ရုံကို ဆွဲချွတ်လိုက်၏။

ဧကရာဇ်ယန်ဖုန်း၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။ “ဝန်မင်းချင်၊ မင်းဘာလုပ်တာလဲ…”

ချင်မူက သူ့ခေါင်းကို ဖိ၍ ဝက်ခုတ်ဓားမဖြင့် ဆွဲခြစ်လိုက်၏။ တစ်ခဏကြာပြီးသောအခါ ဧကရာဇ်ယန်ဖုန်း၏ ဦးခေါင်းတစ်ခုလုံး ပြောင်တလင်းခါသွားပြီး ဆံပင်တစ်မွေးမျှ မကျန်တော့ချေ။

ထို့နောက် ချင်မူက အမွှေးတိုင်တချို့ ထုတ်ယူ၍ မီးညှိပြီး ဧကရာဇ်ယန်ဖုန်း၏ ဦးရေပြားပေါ်သို့ ထိုးစိုက်လိုက်သည်။ တဖျစ်ဖျစ်မြည်၍ ညှော်နံ့ထွက်လာပြီး အနာရွတ်များ ဖြစ်ကျန်ရစ်၏။

ချင်မူက ဧကရာဇ်ကို ခြေဆုံးခေါင်းဆုံး ကြည့်၍ ပြုံးလိုက်သည်။ “သိပ်ကောင်းသွားပြီ… အခုဆို သင်္ကန်းတစ်စုံ၊ မြက်ဖိနပ်တစ်ရံနဲ့ ပုတီးတစ်ကုံးပဲလိုတော့တယ်… အရှင်မင်းကြီးရဲ့ မုတ်ဆိတ်တွေကလည်း ရိတ်ရဦးမှာပဲ…” စကားအဆုံးတွင် သူက ဧကရာဇ်ကို ထပ်ဖိချ၍ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ပြောင်စင်အောင် ရိတ်ပေးလိုက်၏။

ဧကရာဇ်ယန်ဖုန်းမှာ ဒေါသခြောင်းခြောင်း ထွက်သွားသော်လည်း လက်တုံ့ပြန်နိုင်ခြင်း မရှိချေ။ အတန်ကြာပြီးနောက် သူ့တစ်ကိုယ်လုံး အေးမြလန်းဆန်းသွားသည်။ သိက္ခာတော်ရ ရဟန်းတစ်ပါးကဲ့သို့ အဝါရောင်သင်္ကန်းကို ဆင်မြန်းလိုက်သည့်အခါ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါအဟန့်အထည်မျိုး မရှိတော့ချေ။

ထို့နောက် ချင်မူက စုတ်တံတစ်ချောင်း ထုတ်ယူ၍ အရောင်စပ်ပြီး ဧကရာဇ်ယန်ဖုန်း၏ မျက်နှာကို ဆေးခြယ်လိုက်၏။ ဧကရာဇ်က ရုန်းကန်တုံ့ပြန်လိုသော်လည်း လှုပ်မရအောင် သွေးကြောများ ထိုးပိတ်ခံလိုက်ရသည်။ မခံချိမခံသာဖြင့် ရပ်၍ ချင်မူ စိတ်တိုင်းကျ လုပ်သမျှကို ခံနေရတော့၏။

ချင်မူက ဆေးခြယ်ပြီးသည်နှင့် မှန်တစ်ချပ်ယူ၍ သူ့ရှေ့ချပေးပြီး ပြုံးပြလိုက်သည်။ “အရှင်မင်းကြီး ကိုယ့်ဖာသာကိုယ် မှတ်မိပါသေးရဲ့လား…”

ဧကရာဇ်ယန်ဖုန်း မှန်ထဲသို့ ကြည့်လိုက်သောအခါ သက်လတ်ပိုင်းအရွယ် ရဟန်းတစ်ပါးကို မြင်တွေ့လိုက်ရ၏။ မျက်နှာပေါ်တွင် ဘယ်ဘက်မျက်လုံး၊ နှာခေါင်း၊ ပါးပြင်မှ ဘယ်ဘက်နားရွက်နောက်ထိ ကန့်လန့်ဖြတ် အမာရွတ်ကြီးတစ်ခု ရှိပြီး အားလပ်ချိန်တွင် သတ်သတ်လွတ်စား၊ တရားကျင့်၍ စိတ်မကြည်သာသည့်အခါ လူသတ်၊ မီးရှို့တတ်သော မိစ္ဆာရဟန်းတစ်ပါးအသွင် ပေါက်နေသည်။

ချင်မူက သူ့ဓားမနှစ်လက် ထည့်ထားသော ဓားအိမ်များကို ချွတ်၍ ဧကရာဇ်ယန်ဖုန်း၏ နောက်ကျော၌ လွယ်ပေးလိုက်၏။ ဧကရာဇ်ယန်ဖုန်းမှာ အင့်ခနဲ ညည်းညူ၍ မြေပေါ်သို့ ပုံလဲကျသွားသည်။ “ငါ့အရိုး… အရိုးတွေ ကျိုးကုန်ပြီ… မြန်မြန် ဖယ်လိုက်… အသက်… ရှူမရတော့ဘူး…”

“အိုး ဟုတ်သားပဲ… အရှင်မင်းကြီးမှာ ကျင့်စဉ်စွမ်းအင် မရှိတော့လို့ ခန္ဓာကိုယ်က အရင်လို မဟုတ်တာကို မေ့သွားတယ်…”

ချင်မူက ဝက်ခုတ်ဓားမနှစ်လက်ကို ကမန်းကတန်း ပြန်ဖြုတ်၍ ဘေးနားရှိ သစ်သားပြားတစ်ချောင်း လှမ်းယူလိုက်သည်။ ထို့နောက် သစ်သားဓားမနှစ်ချောင်း ထွင်းခုတ်၍ သတ္ထုရောင် ဆေးသုတ်လိုက်၏။ ပြီးသည့်အခါ ဓားအိမ်နှစ်ခု ပြုလုပ်၍ ဧကရာဇ်ယန်ဖုန်း၏ နောက်တွင် လွယ်ပေးလိုက်သည်။

ချင်မူက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်၍ ပြုံးလိုက်၏။ “အရှင်မင်းကြီး အခု ကျွန်တော်နဲ့ လိုက်လို့ရပြီ…”

ဧကရာဇ်ယန်ဖုန်းက သစ်သားဓားမနှစ်ချောင်းကို ဆွဲထုတ်၍ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ “ဝန်မင်းချင်၊ ငါကိုယ်တော်ကို ပြက်ရယ်ပြုရဲတယ်ပေါ့… အခုချက်ချင်း ခေါင်းဖြတ်ပစ်မယ်… လည်ဆန့်စမ်း…”

ချင်မူက လည်ပင်းကို ဆန့်ပေး၍ ပြုံးပြလိုက်၏။ “အရှင်မင်းကြီး၊ ဖြတ်လို့ရပါပြီ…”

ဧကရာဇ်ယန်ဖုန်းက ချင်မူ၏ လည်ပင်းကို နှစ်ချက်ခန့် အားကုန်ထုတ် ခုတ်ပြီးနောက် ဟောဟဲလိုက်၍ ချွေးပြိုက်ပြိုက်ကျသွားသည်။ ချင်မူက သူ့ဝက်ခုတ်ဓားကို ကမ်းပေးလိုက်၏။ “အရှင်မင်းကြီး ဓားမအစစ်ကို အသုံးပြုနိုင်ပါတယ်…”

ဧကရာဇ်ယန်ဖုန်းက ဓားမလက်ကိုင်ကို ဆုပ်ကိုင်လိုက်သော်လည်း မည်သို့မျှ ကြွတက်အောင် မနိုင်စွမ်းမရှိချေ။ သူ ဝက်ခုတ်ဓားမကို မြေပေါ်သို့ စိတ်ဆိုးမာန်ဆိုး လွှတ်ချ၍ ဒေါသတကြီး ပြောလိုက်သည်။ “မင့်ခေါင်းကိုဖြတ်ဖို့ မှတ်ထားမယ်… သွားကြစို့…”


Zawgyi

သူတို႔ႏွစ္ေယာက္သား တထာဂတႏွင့္ တာအိုသခင္တို႔ ခ်န္ထားရစ္သည့္ ေကာင္းကင္နတ္သိုင္း အႂကြင္းအက်န္မ်ားအားလုံး ရွင္းလင္းၿပီးေသာအခါ ခ်င္မူ ဧကရာဇ္ယန္ဖုန္းကို မည္သို႔မည္ပုံ ကုသရမည္နည္းဟု စဥ္းစားလိုက္သည္။ အတန္ၾကာ တြက္ခ်က္ၿပီးေနာက္ တီးတိုးေရရြတ္လိုက္၏။ “ေကာင္းကင္နတ္သိုင္းအႂကြင္းအက်န္ေတြ မရွိေတာ့ဘူးဆိုေတာ့ ယန္ဝိညာဥ္နဲ႔ ယင္ဝိညာဥ္ေတြ တည္ၿငိမ္သြားၿပီ… ဧကရာဇ္ရဲ့ ေကာင္းကင္ရတနာေတြက ပ်က္စီးၿပိဳက်ေနေပမဲ့ စြမ္းအင္ေဆးဝါး လုံလုံေလာက္ေလာက္ရွိရင္ တေစၧအရိပ္က်င့္စဥ္နဲ႔ ေကာင္းကင္မုန္ညင္းေစ့က်င့္စဥ္ကို သုံးၿပီး အထဲဝင္ကုလို႔ရတယ္… ဒါေပမဲ့…”

သူအေနျဖင့္ ဤကဲ့သို႔ ထိခိုက္ဒဏ္ရာမ်ားကို ယခင္က ကုသဖူးျခင္း မရွိေပ။ သို႔ျဖစ္၍ ကုသမႈ က်ိန္းေသေအာင္ျမင္နိုင္မည္ဟု ယုံၾကည္ခ်က္မရွိ။

ဧကရာဇ္ယန္ဖုန္း၏ ေကာင္းကင္ရတနာမ်ားက အက္ကြဲပ်က္စီး႐ုံဆိုလၽွင္ ကုသ၍ ရနိုင္ေသးသည္။ သို႔ေသာ္လည္း ၎တို႔က ၿပိဳပ်က္က်ေအာင္ ဖ်က္ဆီးခံထားရ၏။ ေဆးဆရာက သူ႔ကို ေဆးပညာရပ္မ်ားစြာ သင္ၾကားေပးခဲ့ေသာ္လည္း ထိုထဲတြင္ ဤကဲ့သို႔ ဒဏ္ရာမ်ားကို ကုသပုံကုသနည္း မပါဝင္ေခ်။

သို႔ေသာ္လည္း ေကာင္းကင္ရတနာမ်ားကို ကုသနိုင္ေသာ ေဆးပင္မ်ား ရွိသကဲ့သို႔ မဟာဉာဏ္အလင္းဖြင့္ ေကာင္းကင္နတ္ဆိုးက်မ္းစာတြင္လည္း ေကာင္းကင္ရတနာမ်ားကို သန္မာအားေကာင္းေစနိုင္ေသာ က်င့္စဥ္ပညာရပ္မ်ား ပါရွိသည္။ ၎တို႔ကို အတူတကြ ေပါင္းစည္းအသုံးျပဳလၽွင္ ေပ်ာက္ကင္းနိုင္ေခ် ရွိမည္ဟု ခ်င္မူ ခံစားမိ၏။

သူတို႔ႏွစ္ေယာက္ ဧကရာဇ္ယန္ဖုန္း၏ ေကာင္းကင္ရတနာမ်ားမွ ထြက္ခြာလာေသာအခါ ေကာင္းကင္ယံက နံနက္မိုးေသာက္ေတာ့မည္ ျဖစ္သည္။ အဘြားစစ္ နိုးထလာၿပီး လီထ်န္းရွင္ အိပ္ေမာက်သြား၏။

ခ်င္မူက ေကာင္းကင္နတ္ဆိုးဖန္ဆင္းပညာကို ျပန္႐ုပ္သိမ္းၿပီး ေျပာလိုက္သည္။ “အရွင္မင္းႀကီး၊ ေဆးပင္ေတြ သြားဝယ္ရဦးမွာမို႔လို႔ သုံးေလးငါးရက္ေလာက္ ကၽြန္ေတာ္ အျပင္ထြက္ဦးမယ္… ဒီအေတာအတြင္း အခန္းအျပင္ကို လုံးဝ မထြက္ပါနဲ႔… အရွင္မင္းႀကီး စားဖို႔ေသာက္ဖို႔အတြက္ တံခါးေပါက္အေရာက္ လာပို႔ေပးပါလိမ့္မယ္… ညေရာက္ၿပီဆိုရင္ေတာ့ ဘာသံၾကားၾကား ဂ႐ုမစိုက္ပါနဲ႔၊ တစ္ခ်က္ေလး ၾကည့္ပါဦး ေျပာရင္ေတာင္ သြားၾကည့္လို႔ မရဘူး…”

ဧကရာဇ္ယန္ဖုန္းက အားအင္ေဖ်ာ့ေတာ့စြာ ေျပာလိုက္သည္။ “ဝန္မင္းခ်င္၊ ဘယ္လိုေနရာမ်ိဳးကို ေခၚလာတာလဲ… ဘာလို႔ အဲေလာက္ေတာင္ လၽွို႔ဝွက္ဆန္းၾကယ္ေနရတာလဲ…”

ခ်င္မူက အေလးအနက္ အမူအရာျဖင့္ ေျပာလိုက္၏။ “အရွင္မင္းႀကီး၊ ဒီေနရာက ကၽြန္ေတာ့္ဘြားဘြားစစ္နဲ႔ လီထ်န္းရွင္ ေနတဲ့ေနရာပါ… အရွင္မင္းႀကီးသိထားဖို႔က ညအခ်ိန္ အရွင္မင္းႀကီးကို လာရွာမွာ လီထ်န္းရွင္ဆိုတာပဲ… သူ႔ကို သြားၾကည့္မိတာနဲ႔ အရွင္မင္းႀကီး ေသရလိမ့္မယ္၊ အဲဒါနဲ႔တင္ ၿပီးမွာမဟုတ္ဘူး၊ အရွင္မင္းႀကီးနဲ႔အတူ ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာ တစ္ခုလုံး ၿပိဳလဲပ်က္စီးသြားလိမ့္မယ္… ဒီတံခါးက ထြက္တာနဲ႔ ကိုယ့္ကိုယ္ကိုယ္ ေသလူလို႔သာ မွတ္ထားလိုက္ေတာ့…”

ဧကရာဇ္ယန္ဖုန္းက ခ်င္မူ၏ အေလးအနက္ေလသံကို ၾကားေသာအခါ ျပဳံးလိုက္သည္။ “စိတ္မပူပါနဲ႔၊ သေဘာေပါက္ပါတယ္၊ ငါက အဲေလာက္စပ္စုတတ္တဲ့သူ မဟုတ္ပါဘူး…”

ခ်င္မူက တံခါးပိတ္၍ သူ႔စုတ္တံကို ထုတ္ယူကာ မင္ထဲသို႔ ႏွစ္လိုက္၏။ ထို႔ေနာက္ ခႏၶာကိုယ္ကို တစ္ခ်က္လႈပ္ခါ၍ လူေခါင္း၊ ေႁမြကိုယ္ရွိေသာ စေနၿဂိဳဟ္အရွင္သခင္အသြင္သို႔ ေျပာင္းလဲၿပီး ခ်ီစြမ္းအင္မ်ားကို လႈံ႔ေဆာ္ႏွိုးဆြလိုက္သည္။ ၿပီးသည့္အခါ စုတ္တံကို ေျမႇာက္၍ တံခါးေပၚတြင္ မုခ္ဦးတံခါးတစ္ခုပုံ ဆြဲၿပီး ယိုတုဘာသာစကားျဖင့္ ေကာင္းကင္အလိုေတာ္မုခ္ဝဟူေသာ စာလုံးကို ေရးသားလိုက္၏။

ထို႔ေနာက္ စေနၿဂိဳဟ္အရွင္သခင္အသြင္ကို ျပန္႐ုပ္သိမ္း၍ ၾကမ္းျပင္တြင္ စာေၾကာင္းတစ္ေၾကာင္း ေရးလိုက္သည္။ “ဒါက မဟာဉာဏ္အလင္းဖြင့္ ေကာင္းကင္နတ္ဆိုးက်မ္းစာရဲ့ စေနၿဂိဳဟ္အရွင္သခင္ ေျမအပိုင္စားအစစ္အမွန္က်င့္စဥ္နဲ႔ ဖန္တီးထားတဲ့ မုခ္ဦးတံခါးပဲ… တံခါးေပၚက စာကို ဖတ္နိုင္ရင္ ဝင္လို႔ရမယ္၊ မဖတ္နိုင္ရင္ေတာ့ အျပင္မွာပဲ ေနရမယ္…”

ခ်င္မူက စုတ္တံႏွင့္ မင္တုံးကို ျပန္သိမ္း၍ အဘြားစစ္ကို သတိေပးလိုက္၏။ “ဘြားဘြား၊ ဒီတံခါးကို ဘာေၾကာင့္ပဲျဖစ္ျဖစ္ မထိပါနဲ႔… ဧကရာဇ္ဆီကို အစာပို႔တဲ့အခါ ဝါးလုံးရွည္နဲ႔ ထိုးၿပီးပို႔… ဒီတံခါးကို လုံးဝ ျဖတ္မေလၽွာက္နဲ႔…”

အဘြားစစ္က တံခါးေပၚမွ စာလုံးမ်ားကို ၾကည့္၍ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ လုပ္လိုက္သည္။ “ဒီတံခါးလား…”

ခ်င္မူလည္း မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ လုပ္လိုက္၏။ မည္သည္ကိုမၽွေတာ့ မေျပာေခ်။

အဘြားစစ္က သေဘာေပါက္သြားသည္။ “ေသခ်ာေပါက္ မဝင္ပါဘူး…”

ခ်င္မူက အိမ္ထဲမွ ထြက္၍ နဂါးခ်ီလင္၏ ေက်ာေပၚသို႔ ခုန္တက္ကာ ဧကရာဇ္ယန္ဖုန္းရွိေနေသာ အခန္းဆီသို႔ လည္ျပန္ၾကည့္ရင္း စိတ္ထဲမွ ေတြးလိုက္၏။ “လီထ်န္းရွင္အေနနဲ႔ ယိုတုဘာသာစကားကို နားလည္ရင္ ကိစၥမရွိဘူး၊ နားမလည္ဘဲ အတင္းဝင္ရင္ေတာ့ သူ႔ဝိညာဥ္ ယိုတုကို ဆြဲေခၚခံရၿပီး ေျမေအာက္ဘုံအရွင္သခင္ဆီ ေရာက္သြားလိမ့္မယ္… အဲဒါဆို ဘြားဘြားလည္း လြတ္ေျမာက္သြားမွာပဲ…”

ဧကရာဇ္ယန္ဖုန္းက အေတာ္ေလး သက္သာလာၿပီး ခက္ခက္ခဲခဲ အားထုတ္၍ သြားလာနိုင္ၿပီ ျဖစ္သည္။ သို႔ေသာ္လည္း သူက ခ်င္မူ၏ စကားကို ေျမဝယ္မက် နားေထာင္၍ အခန္းအတြင္းမွ လုံးဝထြက္ခြာျခင္း မျပဳေပ။ ေန႔လယ္စာစားခ်ိန္ ေရာက္ေသာအခါ အဘြားစစ္က ျခင္းေတာင္းတစ္ေတာင္းကို ဝါးလုံးရွည္ျဖင့္ ထိုးခ်ိတ္၍ အခန္းထဲသို႔ ပို႔ေပး၏။ ဧကရာဇ္ယန္ဖုန္းက တံခါးကို ခပ္ဟဟဖြင့္၍ ျခင္းေတာင္းကို ယူသည္။ စားေသာက္ၿပီးစီးေသာအခါ တံခါးဝ၌ ျခင္းေတာင္းကို  ျပန္ခ်ထား၏။ အျပင္သို႔ ထြက္ခြာျခင္း မျပဳေခ်။

ဧကရာဇ္ျဖစ္ကတည္းက ဒုကၡႀကီးစြာေရာက္ရသည္မွာ ဤတစ္ႀကိမ္ ပထမဆုံး ျဖစ္၏။

ညစာစားၿပီးေသာအခါ တံခါးအျပင္ဘက္မွ ခ်ိဳလြင္သာယာေသာ တခစ္ခစ္ရယ္ေမာသံတစ္သံ ႐ုတ္တရက္ ၾကားလိုက္ရသည္။ ထိုရယ္သံက သူ႔ဦးေႏွာက္အတြင္းပိုင္းထိ ထိုးေဖာက္ဝင္ေရာက္လာၿပီး ေဖာ္မျပနိုင္ေလာက္ေအာင္ နားဝင္ခ်ိဳလွ၏။ ဧကရာဇ္ယန္ဖုန္းမွာ တိမ္းမူးသာယာသြားသည္။ သူ႔နန္းေဆာင္ရွိ မိန္းမလွေပါင္းမ်ားစြာ၌ ဤရယ္သံကဲ့သို႔ ေယာက္်ားသားတစ္ေယာက္၏ ႏွလုံးသားကို တဒိုင္းဒိုင္းခုန္သြားေအာင္ ဖမ္းစားနိုင္ေသာ အသံမ်ိဳးမရွိဟု ခံစားလိုက္မိ၏။

“ဂိုဏ္းသခင္ခ်င္ မရွိမွေတာ့ ဒီသခင္မက ဧကရာဇ္ကို ေဆာ့ကစားရေတာ့မွာေပါ့… ဒီသခင္မ စိတ္ေပ်ာ္ရႊင္ရရင္ အေရခြံခြာ အဝတ္လုပ္႐ုံနဲ႔ ေက်နပ္ေပးၿပီး ေရႊၿမိဳ႕ေတာ္မွာ ဧကရီဘုရင္မႀကီး သြားလုပ္ပစ္မယ္…”

ဧကရာဇ္ယန္ဖုန္းမွာ ၾကားလိုက္ရေသာ စကားမ်ားေၾကာင့္ ေၾကာက္ရြံ့ထိတ္လန႔္သြားေသာ္လည္း အသံက အလြန္တရာ ခ်ိဳသာလွသျဖင့္ ရင္ထဲတြင္ ဆူပြက္လႈပ္ရွားလာသည္။ တံခါးကို ဖြင့္၍ ထိုအမ်ိဳးသမီး၏ ႐ုပ္သြင္ကို ၾကည့္လိုလွေသာ္လည္း ခ်င္မူ၏ သတိေပးစကားကို အမွတ္ရသျဖင့္ စိတ္ထဲမွ ေတြးလိုက္မိ၏။ “ဒါက ဂိုဏ္းသခင္လီထ်န္းရွင္ မိစၧာကေဝမအသံ သုံးၿပီး ငါ့ကို မၽွားေခၚထုတ္ေနတာ ျဖစ္ရမယ္… ဒီမိစၧာအိုႀကီးက မိန္းမတစ္ေယာက္ အသံကိုေတာင္ တုပေနတယ္၊ တကယ့္ကို အရွက္မဲ့တာပဲ…”

သူ႔နားရြက္မ်ားကို ပိတ္လိုက္ေသာ္လည္း စြဲမက္ဖြယ္ရာ အသံခ်ိဳခ်ိဳက သူ႔ေခါင္းထဲမွ ထုတ္မရေအာင္ ဝင္ေရာက္သြားၿပီ ျဖစ္သည္။

“ဟြန္႔ အဲေခြးေကာင္ေလးက ဒီသခင္မကို အကဲစမ္းရဲတယ္ေပါ့၊ မိုးေကာင္းကင္ ဘယ္ေလာက္ျမင့္တယ္ဆိုတာ မသိတဲ့ေကာင္ေလးပဲ… ဒါေပမဲ့… ဒီစာလုံးေတြကို ငါတကယ္ မသိဘူး၊ ငါလည္း စေနၿဂိဳဟ္အရွင္သခင္ရဲ့ ေျမအပိုင္စားအစစ္အမွန္က်င့္စဥ္ကို ေလ့က်င့္ဖူးတာပဲ… ဘယ္လိုနည္းနဲ႔မွ သူ႔ေအာက္က်စရာ အေၾကာင္းမရွိဘူး…”

…။

အျပင္ဘက္ရွိ အမ်ိဳးသမီးမွာ တံခါးေပၚရွိစာလုံးမ်ား၏ အဓိပၸာယ္ကို သိနားလည္ေအာင္ ႀကိဳးစားၿပီး ေျမအပိုင္စားအစစ္အမွန္က်င့္စဥ္ကို ထပ္ခါထပ္ခါ ေလ့က်င့္ေသာ္လည္း တစ္စုံတစ္ရာ ေအာင္ျမင္မႈမရေခ်။ မသိလိုက္မသိဖာသာႏွင့္ အခ်ိန္မ်ားစြာ ကုန္ဆုံးသြား၏။ ဧကရာဇ္ယန္ဖုန္းမွာလည္း တစ္ညလုံး စိတ္မေျဖာင့္လက္မေျဖာင့္ ျဖစ္ၿပီးေနာက္ မဟန္နိုင္ေတာ့ဘဲ အိပ္ေမာက်သြားသည္။

ေနာက္တစ္ေန႔ ေရာက္ေသာအခါတြင္လည္း ယခင္ေန႔ကအတိုင္း ျဖစ္၏။ ညအခ်ိန္ေရာက္ေသာအခါ ထိုအမ်ိဳးသမီး ေရာက္ရွိလာၿပီး တံခါးေပၚမွ စာလုံးမ်ားကို နားလည္နိုင္ရန္ ႀကိဳးစားသည္။ ဧကရာဇ္ယန္ဖုန္းကေတာ့ ထိုအမ်ိဳးသမီး၏ အသံႏွင့္ပင္ ႏွလုံးသားမိစၧာ ေပါက္ဖြားလုနီးပါး ျဖစ္လာ၏။ တံခါးဖြင့္၍ အျပင္သို႔ ၾကည့္လွည့္ပါ ဖိတ္ေခၚေနေသာ ခ်ိဳလြင္စြဲမက္ဖြယ္ အသံတစ္သံကို သူ႔နားထဲ၌ တစ္ခ်ိန္လုံး ၾကားေယာင္ေနသည္။

တတိယေျမာက္ည ေရာက္ေသာအခါ ထိုအမ်ိဳးသမီးမွာ ေဒါသတႀကီး ႀကိမ္းေမာင္းလိုက္၏။ “ဒီဟာေတြ နားလည္းမလည္၊ ေျဖလည္းမေျဖရွင္းနိုင္မွေတာ့ ဘာလို႔ ဆက္စဥ္းစားေနဦးမွာပဲ… အထဲကို အတင္းဝင္ၿပီး ဧကရာဇ္ကို အေရခြံခြာလိုက္ရင္ ဒီပုစၧာကို ေျဖရွင္းစရာ မလိုေတာ့ဘူးေပါ့…”

ဧကရာဇ္ယန္ဖုန္းမွာ ထိတ္လန႔္တုန္လႈပ္သြားသည္။ သို႔ေသာ္လည္း ေနာက္တစ္ခဏ၌ ထိုအမ်ိဳးသမီး၏ အသံကို ၾကားလိုက္ရ၏။ “မဟုတ္ေသးဘူး၊ မဟုတ္ေသးဘူး… ဂိုဏ္းသခင္ခ်င္ ဒီက်င့္စဥ္ကို သုံးတုန္းက တတိယမ်က္လုံး ေပၚလာၿပီး တစ္ခန္းလုံး ေမွာင္က်သြားတာ… ၾကည့္ရတာ လူ႔ဘုံေလာကနဲ႔ မတူေတာ့ဘူး… ဒီတံခါးက ထူးဆန္းတယ္၊ ငါ အတင္းဝင္သြားမိလို႔ တျခားကမၻာကို ေရာက္သြားရင္ ဘယ္လိုလုပ္မလဲ… အဲေခြးေကာင္ေလးက သိပ္ဉာဏ္မ်ားတာ၊ တစ္ခုခု အကြက္ဆင္ခဲ့တာ ျဖစ္ရမယ္…”

ဧကရာဇ္ယန္ဖုန္းမွာ အံ့အားသင့္သြားသည္။ “ဒီအမ်ိဳးသမီးက ဉာဏ္အေတာ္ေကာင္းပါလား… မဟုတ္ေသးဘူး၊ ဒါ ဟိုေျမေခြးအိုႀကီး လီထ်န္းရွင္ပဲ… ဒါေပမဲ့ ဂိုဏ္းသခင္လီက အဘိုးႀကီးအို ျဖစ္ေနၿပီ မဟုတ္ဘူးလား… ဘာလို႔ သိပ္ကို စြဲမက္စရာေကာင္းတဲ့ မိန္းမသံျဖစ္ေအာင္ တုပေျပာဆိုေနရတာလဲ…”

ေခ်ာင္းၾကည့္ခ်င္စိတ္ကို မေအာင့္အီးနိုင္ေတာ့ဘဲ သူ႔စိတ္ထဲမွ ေတြးလိုက္မိ၏။ ‘တစ္ခ်က္ေလး ၾကည့္႐ုံနဲ႔ ဘာမွ မျဖစ္ေလာက္ပါဘူး၊ ဟုတ္တယ္မဟုတ္လား…’

တံခါးၾကားမွ ေခ်ာင္းၾကည့္မည္ ျပင္လိုက္စဥ္မွာပင္ အျပင္ဘက္မွ နဂါးတြန္သံတစ္သံ ၾကားလိုက္ရသည္။ ခ်င္မူက ေျခလွမ္းၾကဲမ်ားႏွင့္ လွမ္းဝင္လာသျဖင့္ ေခ်ာင္းၾကည့္မည့္အေတြးကို သူ ျပန္႐ုပ္သိမ္းလိုက္ရ၏။

“ဂိုဏ္းသခင္လီ အခန္းထဲ မဝင္ဘူးလား… တံခါးေပၚက စာေတြကို မဖတ္တတ္ဘူး ထင္တယ္… မဟာဉာဏ္အလင္းဖြင့္ ေကာင္းကင္နတ္ဆိုးက်မ္းစာကို အမွားႀကီးအတိုင္း က်င့္ထားမိတယ္ဆိုတာ ဝန္ခံေတာ့မလား…”

“သင္ခ်င္လား…”

“တံခါးေပၚက စာလုံးေတြရဲ့ အဓိပၸာယ္က ေကာင္းကင္အလိုေတာ္မုခ္ဝတဲ့… ခင္ဗ်ားကို ကၽြန္ေတာ္ သင္ေပးမယ္…”

သူက လီထ်န္းရွင္ကို ထိုယိုတုစာသား သင္ေပးလိုက္သည္။ “ဂိုဏ္းသခင္လီ၊ အခု အဲဒီစာသားကို သိသြားၿပီဆိုေတာ့ တံခါးကေန ဝင္လို႔ရၿပီေပါ့…”

ဂိုဏ္းသခင္လီက ဟက္ခနဲ ရယ္လိုက္၏။ “ဒီယိုတုဘာသာစကားကို ငါ သိသြားေပမဲ့ အဲလိုသိတိုင္း တံခါးကေန အႏၲရာယ္ကင္းကင္း ျဖတ္သြားနိုင္မယ္လို႔ မဆိုလိုဘူး မဟုတ္လား… ဂိုဏ္းသခင္ခ်င္၊ ဒီသခင္မကလည္း မအတဲ့ ဂိုဏ္းသခင္အထြတ္အျမတ္ဆရာပါ၊ လြယ္လြယ္နဲ႔ လွည့္စားလို႔ရမယ္ မထင္နဲ႔….”

ခ်င္မူက ေခါင္းခါယမ္း၍ တံခါးအတြင္းသို႔ ဝင္သြားၿပီး ခ်ီစြမ္းအင္ကို အသုံးျပဳကာ ယိုတုစာလုံးမ်ားကို ျပန္ဖ်က္လိုက္သည္။ ထို႔ေနာက္ ဧကရာဖ္ယန္ဖုန္းကို ေျပာလိုက္၏။ “အရွင္မင္းႀကီး၊ ေဆးပင္ေတြ ဝယ္ဖို႔ ၿမိဳ႕အေတာ္မ်ားမ်ား သြားခဲ့ေပမဲ့ ကပ္ေဘး၊ ဒုကၡေဘးေတြ က်ေနတဲ့အခ်ိန္မို႔လို႔ ေဆးဆိုင္ေတြမွာ ေဆးပင္မ်ားမ်ား မရွိေတာ့ဘူး… အဲဒါေၾကာင့္ နည္းနည္းပဲ ဝယ္လို႔ရခဲ့တယ္၊ ဘယ္ေလာက္ ထိေရာက္နိုင္မလဲဆိုတာေတာ့ မေျပာတတ္ဘူး…”

“ဝန္မင္းခ်င္၊ မင္းလုပ္နိုင္သေလာက္ပဲ လုပ္ပါ…” ဧကရာဇ္ယန္ဖုန္းက ေျပာလိုက္သည္။ “ဒီတစ္ေခါက္ အျပင္ထြက္သြားတာ ဝန္မင္းခ်င္ ဘာသတင္းေတြမ်ား ၾကားခဲ့ရေသးလဲ…”

“အရွင္မင္းႀကီးက နတ္ရြာစံသြားပါၿပီ…”

ခ်င္မူက သူ႔ကို ၾကည့္၍ ခပ္ေအးေအး ေျပာလိုက္၏။ “ေရႊၿမိဳ႕ေတာ္က သတင္းေတြအရေတာ့ အရွင္မင္းႀကီးက တိုင္းျပည္အေရးအတြက္ အလုပ္ဝန္ပိၿပီး နတ္ရြာစံသြားတာတဲ့… အိမ္ေရွ႕မင္းသားက အခု အရွင္မင္းႀကီးရဲ့ ဈာပနာအတြက္ စီစဥ္ေနပါတယ္၊ တစ္ျပည္လုံးလည္း ပူေဆြးေသာကေရာက္ေနၾကတယ္…”

ဧကရာဇ္ယန္ဖုန္းမွာ အနည္းငယ္ တုန္ခါသြားၿပီး ျပဳံးမလို မဲ့မလို မ်က္ႏွာျဖင့္ ေျပာလိုက္သည္။ “ငါက နတ္ရြာစံသြားၿပီတဲ့လား… သိပ္ေကာင္းတဲ့ သားပဲ၊ သိပ္ေကာင္းတဲ့သား… ေသနဂၤဗ်ဴဟာစစ္သူႀကီးနဲ႔ က်န္တဲ့သူေတြေရာ… အသက္ရွိၾကေသးလား…”

ခ်င္မူက ေဆးေဖာ္စပ္ရန္အတြက္ ေဆးပင္မ်ားကို အမ်ိဳးအစားခြဲေနရင္းမွ ျပန္ေျပာလိုက္၏။ “ပါ့က်ိဳးၿမိဳ႕ျပင္က တိုက္ပြဲမွာ ကၽြန္ေတာ့္ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းက အရွင္မင္းႀကီးကို ကယ္တင္ဖို႔ပဲ အဓိကထားတဲ့အတြက္ အရွင္မင္းႀကီး လြတ္ေျမာက္သြားတာနဲ႔ သူတို႔လည္း ထြက္ခြာသြားပါတယ္… ေသနဂၤဗ်ဴဟာစစ္သူႀကီး၊ ပထမအဆင့္အရာရွိ၊ စစ္တု၊ စစ္ခုန္ အားလုံး အဖမ္းခံလိုက္ရတယ္… တာအိုသခင္နဲ႔ တထာဂတက သူတို႔ကို ဘာမွ မလုပ္ပါဘူး၊ အိမ္ေရွ႕မင္းသားဆီပဲ အပ္လိုက္တာ၊ သူတို႔က ေရႊၿမိဳ႕ေတာ္မွာ ဩဇာအာဏာႀကီးမားတဲ့ အထက္တန္းလႊာမိသားစုေတြရဲ့ ေခါင္းေဆာင္ေတြဆိုေတာ့ သူတို႔အသက္ေဘးကို အရွင္မင္းႀကီး မစိုးရိမ္ပါနဲ႔… အိမ္ေရွ႕မင္းသားက အဲဒီဩဇာႀကီးမိသားစုေတြရဲ့ ေထာက္ခံမႈ လိုပါေသးတယ္…”

“သိပ္ေကာင္းတဲ့သား…” ဧကရာဇ္ယန္ဖုန္း သက္ျပင္းခ်လိုက္သည္။

ေသနဂၤဗ်ဴဟာစစ္သူႀကီးႏွင့္ က်န္သူမ်ား၏ ဩဇာအာဏာက ႀကီးမားလွ၏။ နန္းတြင္းတပ္ဖြဲ႕ႏွင့္ လူမႈအလႊာအသီးသီးအပါအဝင္ ၿမိဳ႕ေတာ္၏ အင္အားတစ္ဝက္ေက်ာ္မွာ သူတို႔၏ လက္ထဲတြင္ ရွိေနသည္ မဟုတ္လား။ အိမ္ေရွ႕မင္းသားအေနျဖင့္ ထီးနန္းသိမ္းပိုက္စိုးစံလိုလၽွင္ သူတို႔၏ ေထာက္ခံမႈကို လိုအပ္ေသး၏။

“အင္ပါယာက အုပ္ခ်ဳပ္စိုးစံသူ မရွိလို႔ မျဖစ္တဲ့အတြက္ အိမ္ေရွ႕မင္းသားရဲ့ နန္းတက္ပြဲက သုံးလပိုင္း လအစေလာက္မွာ က်င္းပလိမ့္မယ္… သုံးလပိုင္း၊ ေျခာက္ရက္ေန႔က မဂၤလာေန႔ရက္ဆိုေတာ့ အိမ္ေရွ႕မင္းသားက အဲဒီရက္မွာ နန္းသိမ္းပြဲခံယူဖို႔ မ်ားတယ္… တာအိုဂိုဏ္းနဲ႔ မဟာမိုးၿခိမ္းသံေက်ာင္းေတာ္ရဲ့ အေထာက္အပံ့ပါ ရထားတာဆိုေတာ့ ဧကရာဇ္ျဖစ္လာဖို႔က သူ႔အတြက္ ေသခ်ာေနၿပီ… တားဆီးကန႔္ကြက္ရဲတဲ့သူမွန္သမၽွ ေဆြခုနစ္ဆက္မ်ိဳးခုနစ္ဆက္ ကြပ္မ်က္ခံရမွာပဲ…”

“ဧကရာဇ္အတိုင္ပင္ခံ ဘယ္ေရာက္ေနလဲ… သူသာ ရွိေနရင္ ဒီလို အေျခအေနဆိုးမွာ မဟုတ္ဘူး…”

“ဧကရာဇ္အတိုင္ပင္ခံက ပ်ားရည္ဆမ္းခရီး ထြက္သြားၿပီးကတည္းက ဘာသတင္းမွ မၾကားရေတာ့ဘူး… ဒီတစ္ေခါက္ အျပင္သြားတဲ့လမ္းမွာ အရွင္မင္းႀကီးရဲ့ ေျခရာလက္ရာကို လိုက္ရွာေနတဲ့သူေတြ အေတာ္မ်ားမ်ား ေတြ႕ခဲ့တယ္… ၾကားမိသမၽွေတာ့ အိမ္ေရွ႕မင္းသားက အရွင္မင္းႀကီး နတ္ရြာစံသြားရင္ေတာင္ ႐ုပ္အေလာင္းကို ရေအာင္ရွာခဲ့ရမယ္လို႔ အမိန႔္ထုတ္ထားတာတဲ့…”

ခ်င္မူက တေစၧအရိပ္က်င့္စဥ္ကို အသုံးျပဳ၍ ဧကရာဇ္၏ ေကာင္းကင္ရတနာမ်ားထဲသို႔ ဝင္ေရာက္လိုက္သည္။ ဝိညာဥ္သေႏၶသား ေကာင္းကင္ရတနာသို႔ ေရာက္ေသာအခါ စြမ္းအင္ေဆးလုံးမ်ားမွ ေဆးစြမ္းအင္ကို အသုံးျပဳလိုက္၏။ သို႔ေသာ္လည္း ေဆးအာနိသင္မ်ား စိမ့္ဝင္ကုန္ဆုံးသြားသည့္တိုင္ ဝိညာဥ္သေႏၶသား ေကာင္းကင္ရတနာက ေကာင္းမြန္လာျခင္း မရွိေပ။ ေဆးအာနိသင္ ထိေရာက္မႈက အေတာ္ေလး နည္းပါးေနသည္။

ခ်င္မူ မ်က္ေမွာင္ၾကဳတ္၍ စြမ္းအင္ေဆးလုံးအခ်ိဳ႕ ေျပာင္းလဲ အသုံးျပဳၾကည့္၏။ သို႔ေသာ္လည္း ထိုေဆးအားလုံးက ထိေရာက္ျခင္း မရွိေပ။

သူ အရိပ္မည္းတစ္ခုအျဖစ္ ေျပာင္း၍ ဧကရာဇ္ယန္ဖုန္း၏ မ်က္ခုံးႏွစ္ခုအလယ္မွ ျပန္ထြက္လာခဲ့လိုက္သည္။ ထို႔ေနာက္ ေခါက္တုံ႔ေခါက္ျပန္ေလၽွာက္၍ စဥ္းစားေနရင္းမွ ႐ုတ္တရက္ ထေျပာလိုက္၏။ “အရွင္မင္းႀကီး၊ အရွင္မင္းႀကီးရဲ့ ဒဏ္ရာေတြက ကုဖို႔ခက္တယ္၊ ခႏၶာကိုယ္နဲ႔ ယန္ဝိညာဥ္က ဒဏ္ရာေတြကို ကၽြန္ေတာ္ ကုနိုင္ေပမဲ့ ေကာင္းကင္ရတနာက ဒဏ္ရာေတြကို မကုနိုင္ဘူး… ကၽြန္ေတာ့္ရဲ့ ဘိုးဘိုးေဆးဆရာဆိုရင္ေတာ့ အရွင္မင္းႀကီးကို ကုေပးနိုင္ေလာက္မမယ္… အရွင္မင္းႀကီးအေနနဲ႔ ကၽြန္ေတာ္နဲ႔ မဟာၿမိဳ႕ပ်က္ကို လိုက္ခဲ့ခ်င္ပါသလား…”

ဧကရာဇ္ယန္ဖုန္း၏ ရင္ထဲတြင္ ေမၽွာ္လင့္ခ်က္အခ်ိဳ႕ ရွင္သန္လူးလြန႔္လာသည္။ “အဲဒီေဆးဆရာဆိုတာက…”

ခ်င္မူ တစ္ခဏမၽွ တုံ႔ဆိုင္းသြားၿပီး အမွန္အတိုင္း ေျပာလိုက္၏။ “ေက်ာက္စိမ္းမ်က္ႏွာ အဆိပ္ဘုရင္ပါ…”

ဧကရာဇန္ယန္ဖုန္း၏ မ်က္ႏွာျပင္လုံး မည္းေမွာင္သြားၿပီး ေဒါသတႀကီး ေရရြတ္လိုက္သည္။ “ေက်ာက္စိမ္းမ်က္ႏွာ အဆိပ္ဘုရင္ ဟုတ္လား…”

ေက်ာက္စိမ္းမ်က္ႏွာ အဆိပ္ဘုရင္က သူ၏ မယ္ေတာ္ႏွင့္ မရွင္းလင္းေသာ ဆက္ဆံေရးရွိသူ ျဖစ္၏။ ေဆးဆရာမွာ သ႐ုပ္မွန္မေပၚမီက ေက်ာက္စိမ္းမ်က္ႏွာလုလင္ပ်ိဳအျဖစ္ နာမည္ေက်ာ္ၾကားၿပီး ေနရာအႏွံ့အျပားတြင္ ခ်စ္သူရည္းစားမ်ား ထားခဲ့သည္။ နာမည္ေက်ာ္ သီလရွင္မ်ားပင္ သူႏွင့္ မရွင္းလင္းေသာ ဆက္ဆံေရး ရွိ၏။

ဧကရာဇ္ယန္ဖုန္းက ဤအေၾကာင္းကို သိေသာ္လည္း ထုတ္ေျပာရန္ အဆင္မေၿပ ျဖစ္ခဲ့ရသည္။ တစ္ခါဆိုလၽွင္ မယ္ေတာ္ႀကီး၏ အခ်စ္ေတာ္၊ ေက်ာက္စိမ္းမ်က္ႏွာ အဆိပ္ဘုရင္ကို သုတ္သင္ရွင္းလင္းရန္ လူမ်ားပင္ လႊတ္ခဲ့ဖူး၏။ ေဆးဆရာ မဟာၿမိဳ႕ပ်က္၌ ပုန္းေအာင္းေနရသည့္ အေၾကာင္းရင္းတြင္ ဧကရာဇ္ယန္ဖုန္း၏ အားထုတ္မႈ တစ္စိတ္တစ္ပိုင္းလည္း ပါဝင္သည္။

သူ႔အေနျဖင့္ ေက်ာက္စိမ္းမ်က္ႏွာ အဆိပ္ဘုရင္ႏွင့္ မည္သို႔မၽွ ေတြ႕ဆုံလိုျခင္း မရွိေပ။

“ဝန္မင္းခ်င္၊ မဟာၿမိဳ႕ပ်က္ကို မသြားေတာ့ဘူး… မသိတတ္တဲ့သားက မၾကာခင္ နန္းတက္ၿပီး ဧကရာဇ္လုပ္ေတာ့မယ္… ငါႏွစ္ႏွစ္ရာေက်ာ္ တည္ေဆာက္ခဲ့ရတဲ့ ျပဳျပင္ေျပာင္းလဲမႈကို တစ္ရက္တည္းနဲ႔ ဖ်က္ဆီးပစ္မွာ မခံနိုင္ဘူး…” ဧကရာဇ္ယန္ဖုန္းက တည္ၾကည္ေလးနက္စြာ ေျပာလိုက္၏။ “ငါတို႔ ေရႊၿမိဳ႕ေတာ္ကို သြားၾကမယ္…”

ခ်င္မူ၏ ရင္ထဲတြင္ တုန္လႈပ္သြားၿပီး ဧကရာဇ္ကို ၾကည့္လိုက္သည္။ “အရွင္မင္းႀကီး ေရႊၿမိဳ႕ေတာ္ကို သြားခ်င္တာ ေသခ်ာရဲ့လား…”

ဧကရာဇ္ယန္ဖုန္းက ေခါင္းညိတ္လိုက္၏။ “ေရႊၿမိဳ႕ေတာ္က နဂါးသိုက္စုဆုံတဲ့ေနရာပဲ၊ အဲေနရာမွာဆိုရင္ ငါ့လင္မိသားစုရဲ့ နဂါးကိုးေကာင္ဧကရာဇ္က်င့္စဥ္ကို ႏွစ္ဆျမန္ေအာင္ ေလ့က်င့္နိုင္တယ္… ငါ့အေနနဲ႔ နဂါးကိုးေကာင္ခ်ီရဲ့ စြမ္းအားကို သုံးၿပီး ေကာင္းကင္ရတနာေတြ ျပန္တည္ေဆာက္ေကာင္း တည္ေဆာက္နိုင္လိမ့္မယ္… ဧကရာဇ္အတိုင္ပင္ခံနဲ႔ငါ ရင္းခဲ့ရတဲ့ ေသြးေခၽြးေတြကို အလဟႆ အျဖစ္မခံနိုင္ဘူး… ေရႊၿမိဳ႕ေတာ္ကိုသာ ေရာက္ေအာင္ျပန္နိုင္ရင္ မသိတတ္တဲ့သားကို ျဖဳတ္ခ်ပစ္လို႔ရတယ္…”

ခ်င္မူက တစ္ခဏမၽွ စဥ္းစားၿပီးေနာက္ ျပဳံးလိုက္သည္။ “ခြင့္လႊတ္ပါ အရွင္မင္းႀကီး…” သူက ဝက္ခုတ္ဓားမကို ထုတ္ယူ၍ ဧကရာဇ္၏ သရဖူႏွင့္ ဝတ္႐ုံကို ဆြဲခၽြတ္လိုက္၏။

ဧကရာဇ္ယန္ဖုန္း၏ မ်က္ႏွာ အႀကီးအက်ယ္ ပ်က္ယြင္းသြားသည္။ “ဝန္မင္းခ်င္၊ မင္းဘာလုပ္တာလဲ…”

ခ်င္မူက သူ႔ေခါင္းကို ဖိ၍ ဝက္ခုတ္ဓားမျဖင့္ ဆြဲျခစ္လိုက္၏။ တစ္ခဏၾကာၿပီးေသာအခါ ဧကရာဇ္ယန္ဖုန္း၏ ဦးေခါင္းတစ္ခုလုံး ေျပာင္တလင္းခါသြားၿပီး ဆံပင္တစ္ေမြးမၽွ မက်န္ေတာ့ေခ်။

ထို႔ေနာက္ ခ်င္မူက အေမႊးတိုင္တခ်ိဳ႕ ထုတ္ယူ၍ မီးညႇိၿပီး ဧကရာဇ္ယန္ဖုန္း၏ ဦးေရျပားေပၚသို႔ ထိုးစိုက္လိုက္သည္။ တဖ်စ္ဖ်စ္ျမည္၍ ေညႇာ္နံ့ထြက္လာၿပီး အနာရြတ္မ်ား ျဖစ္က်န္ရစ္၏။

ခ်င္မူက ဧကရာဇ္ကို ေျခဆုံးေခါင္းဆုံး ၾကည့္၍ ျပဳံးလိုက္သည္။ “သိပ္ေကာင္းသြားၿပီ… အခုဆို သကၤန္းတစ္စုံ၊ ျမက္ဖိနပ္တစ္ရံနဲ႔ ပုတီးတစ္ကုံးပဲလိုေတာ့တယ္… အရွင္မင္းႀကီးရဲ့ မုတ္ဆိတ္ေတြကလည္း ရိတ္ရဦးမွာပဲ…” စကားအဆုံးတြင္ သူက ဧကရာဇ္ကို ထပ္ဖိခ်၍ မုတ္ဆိတ္ေမြး၊ ႏႈတ္ခမ္းေမြးမ်ား ေျပာင္စင္ေအာင္ ရိတ္ေပးလိုက္၏။

ဧကရာဇ္ယန္ဖုန္းမွာ ေဒါသေျခာင္းေျခာင္း ထြက္သြားေသာ္လည္း လက္တုံ႔ျပန္နိုင္ျခင္း မရွိေခ်။ အတန္ၾကာၿပီးေနာက္ သူ႔တစ္ကိုယ္လုံး ေအးျမလန္းဆန္းသြားသည္။ သိကၡာေတာ္ရ ရဟန္းတစ္ပါးကဲ့သို႔ အဝါေရာင္သကၤန္းကို ဆင္ျမန္းလိုက္သည့္အခါ ဧကရာဇ္တစ္ပါး၏ အရွိန္အဝါအဟန႔္အထည္မ်ိဳး မရွိေတာ့ေခ်။

ထို႔ေနာက္ ခ်င္မူက စုတ္တံတစ္ေခ်ာင္း ထုတ္ယူ၍ အေရာင္စပ္ၿပီး ဧကရာဇ္ယန္ဖုန္း၏ မ်က္ႏွာကို ေဆးျခယ္လိုက္၏။ ဧကရာဇ္က ႐ုန္းကန္တုံ႔ျပန္လိုေသာ္လည္း လႈပ္မရေအာင္ ေသြးေၾကာမ်ား ထိုးပိတ္ခံလိုက္ရသည္။ မခံခ်ိမခံသာျဖင့္ ရပ္၍ ခ်င္မူ စိတ္တိုင္းက် လုပ္သမၽွကို ခံေနရေတာ့၏။

ခ်င္မူက ေဆးျခယ္ၿပီးသည္ႏွင့္ မွန္တစ္ခ်ပ္ယူ၍ သူ႔ေရွ႕ခ်ေပးၿပီး ျပဳံးျပလိုက္သည္။ “အရွင္မင္းႀကီး ကိုယ့္ဖာသာကိုယ္ မွတ္မိပါေသးရဲ့လား…”

ဧကရာဇ္ယန္ဖုန္း မွန္ထဲသို႔ ၾကည့္လိုက္ေသာအခါ သက္လတ္ပိုင္းအရြယ္ ရဟန္းတစ္ပါးကို ျမင္ေတြ႕လိုက္ရ၏။ မ်က္ႏွာေပၚတြင္ ဘယ္ဘက္မ်က္လုံး၊ ႏွာေခါင္း၊ ပါးျပင္မွ ဘယ္ဘက္နားရြက္ေနာက္ထိ ကန႔္လန႔္ျဖတ္ အမာရြတ္ႀကီးတစ္ခု ရွိၿပီး အားလပ္ခ်ိန္တြင္ သတ္သတ္လြတ္စား၊ တရားက်င့္၍ စိတ္မၾကည္သာသည့္အခါ လူသတ္၊ မီးရွို႔တတ္ေသာ မိစၧာရဟန္းတစ္ပါးအသြင္ ေပါက္ေနသည္။

ခ်င္မူက သူ႔ဓားမႏွစ္လက္ ထည့္ထားေသာ ဓားအိမ္မ်ားကို ခၽြတ္၍ ဧကရာဇ္ယန္ဖုန္း၏ ေနာက္ေက်ာ၌ လြယ္ေပးလိုက္၏။ ဧကရာဇ္ယန္ဖုန္းမွာ အင့္ခနဲ ညည္းညဴ၍ ေျမေပၚသို႔ ပုံလဲက်သြားသည္။ “ငါ့အရိုး… အရိုးေတြ က်ိဳးကုန္ၿပီ… ျမန္ျမန္ ဖယ္လိုက္… အသက္… ရႉမရေတာ့ဘူး…”

“အိုး ဟုတ္သားပဲ… အရွင္မင္းႀကီးမွာ က်င့္စဥ္စြမ္းအင္ မရွိေတာ့လို႔ ခႏၶာကိုယ္က အရင္လို မဟုတ္တာကို ေမ့သြားတယ္…”

ခ်င္မူက ဝက္ခုတ္ဓားမႏွစ္လက္ကို ကမန္းကတန္း ျပန္ျဖဳတ္၍ ေဘးနားရွိ သစ္သားျပားတစ္ေခ်ာင္း လွမ္းယူလိုက္သည္။ ထို႔ေနာက္ သစ္သားဓားမႏွစ္ေခ်ာင္း ထြင္းခုတ္၍ သတၳဳေရာင္ ေဆးသုတ္လိုက္၏။ ၿပီးသည့္အခါ ဓားအိမ္ႏွစ္ခု ျပဳလုပ္၍ ဧကရာဇ္ယန္ဖုန္း၏ ေနာက္တြင္ လြယ္ေပးလိုက္သည္။

ခ်င္မူက သူ႔ကို ေျခဆုံးေခါင္းဆုံးၾကည့္၍ ျပဳံးလိုက္၏။ “အရွင္မင္းႀကီး အခု ကၽြန္ေတာ္နဲ႔ လိုက္လို႔ရၿပီ…”

ဧကရာဇ္ယန္ဖုန္းက သစ္သားဓားမႏွစ္ေခ်ာင္းကို ဆြဲထုတ္၍ ေဒါသတႀကီး ႀကိမ္းေမာင္းလိုက္သည္။ “ဝန္မင္းခ်င္၊ ငါကိုယ္ေတာ္ကို ျပက္ရယ္ျပဳရဲတယ္ေပါ့… အခုခ်က္ခ်င္း ေခါင္းျဖတ္ပစ္မယ္… လည္ဆန႔္စမ္း…”

ခ်င္မူက လည္ပင္းကို ဆန႔္ေပး၍ ျပဳံးျပလိုက္၏။ “အရွင္မင္းႀကီး၊ ျဖတ္လို႔ရပါၿပီ…”

ဧကရာဇ္ယန္ဖုန္းက ခ်င္မူ၏ လည္ပင္းကို ႏွစ္ခ်က္ခန႔္ အားကုန္ထုတ္ ခုတ္ၿပီးေနာက္ ေဟာဟဲလိုက္၍ ေခၽြးၿပိဳက္ၿပိဳက္က်သြားသည္။ ခ်င္မူက သူ႔ဝက္ခုတ္ဓားကို ကမ္းေပးလိုက္၏။ “အရွင္မင္းႀကီး ဓားမအစစ္ကို အသုံးျပဳနိုင္ပါတယ္…”

ဧကရာဇ္ယန္ဖုန္းက ဓားမလက္ကိုင္ကို ဆုပ္ကိုင္လိုက္ေသာ္လည္း မည္သို႔မၽွ ႂကြတက္ေအာင္ မနိုင္စြမ္းမရွိေခ်။ သူ ဝက္ခုတ္ဓားမကို ေျမေပၚသို႔ စိတ္ဆိုးမာန္ဆိုး လႊတ္ခ်၍ ေဒါသတႀကီး ေျပာလိုက္သည္။ “မင့္ေခါင္းကိုျဖတ္ဖို႔ မွတ္ထားမယ္… သြားၾကစို႔…”

Novel Translator

Post a Comment

© ‧ THG. All rights reserved. Distributed by Pixabin