အဘွားစစ်မှာ ကောင်းကင်အလိုတော်မုခ်ဝနှင့် စာလိပ်ကို စိတ်ဝင်စားသွားသည်။ အမှန်တကယ်တမ်းတွင် ချင်မူသည်လည်း စာလိပ်ပေါ်မှ စာလုံးများကို မသိဘဲ မုခ်ဦးတံခါးပေါ်မှ စာလုံးများကိုသာ ဖတ်ရှုနိုင်၏။
သူ့အနေဖြင့် ယိုတုဘာသာစကားမှ ကောင်းကင်အလိုတော်မုခ်ဝဟူသော စာစုတစ်ခုကိုသာ သိရှိသည်။ ထိုစာစုအတွက်နှင့်ပင် တုထျန်းမိစ္ဆာဘုရင်၏ သတ်ဖြတ်ခြင်း ခံရတော့မလို ဖြစ်သွားသေး၏။
“သင်ချင်လို့လား၊ သင်ချင်ရင် ကျွန်တော် သင်ပေးလို့ရတယ်…” ချင်မူက တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
အဘွားစစ်၏ နှုတ်ဖျားမှ လီထျန်းရှင်၏အသံ ထွက်ပေါ်လာပြီး သရော်တော်တော် ရေရွတ်လိုက်၏။ “ငါက မင်းသင်ပေးစရာ လိုရဦးမှာလား… မင်းလည်း ဂိုဏ်းသခင်အထွတ်အမြတ်ဆရာ၊ ငါလည်း ဂိုဏ်းသခင်အထွတ်အမြတ်ဆရာ… ပြီးတော့ ငါက မင်းထက် ဝါစဉ်ပိုကြီးတယ်… မင်းဆီက ငါသင်ရမယ်ဆိုရင် ဘယ်မှာ မျက်နှာသွားထားရတော့မှာလဲ…”
ချင်မူက ပြုံးလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားက စနေဂြိုဟ်အရှင်သခင်ရဲ့ မြေအပိုင်စားကျင့်စဉ် အစစ်အမှန်ကိုမှ မသိပဲ…”
လီထျန်းရှင် ဒေါပွသွားပြီး ညှို့မြူဆွဲဆောင်နိုင်သော အမူအရာဖြင့် မျက်လုံးလှန်ကြည့်လိုက်၏။ “ငါက ဂိုဏ်းသခင်အထွတ်အမြတ်ဆရာပဲ၊ ငါမသိစရာ ဘာရှိမှာလဲ…”
ချင်မူက လီထျန်းရှင်ကို စကားပြန်မပြောတော့ဘဲ သူ့စိတ်သူ တည်ငြိမ်အောင် ထိန်းလိုက်ရသည်။ ထိုအကြည့်က လွန်စွာ စွမ်းအားကြီးပြီး သူ့ကို ညှို့ယူဖမ်းစားနိုင်စွမ်း ရှိ၏။ ထို့နောက် ကောင်းကင်ကိုးဆင့် နတ်ဘုရားမျက်လုံးကျင့်စဉ်ကို အသုံးပြု၍ သူ့မျက်လုံးမှ ကောင်းကင်အလွှာများကို ဖွင့်လှစ်လိုက်သည်။ သို့သော်လည်း ကောင်းကင်မျက်လုံးဖြင့် ဧကရာဇ်ယန်ဖုန်းကို ကြည့်လိုက်သည့်တိုင် ကမ္ဘာပျက်ကြီးကဲ့သို့ ဖြစ်နေသော ကောင်းကင်ရတနာ အပျက်အစီးများကိုသာ မြင်တွေ့ရ၏။
ချင်မူ့ထံမှ ခပ်အုပ်အုပ် မာန်သွင်းသံတစ်ချက်နှင့်အတူ မျက်ခုံးနှစ်ခုအလယ်မှ တတိယမျက်လုံး ကွဲအက်ပွင့်ထွက်လာသည်။ ဤမျက်လုံးက လူ့ဘုံလောကမှ မျက်လုံးနှင့် မတူဘဲ အမှောင်ကမ္ဘာမှ ရောက်ရှိလာသကဲ့သို့ ထင်ရ၏။ မှောင်မိုက်အေးစိမ့်သော အရှိန်အဝါအငွေ့အသက်တစ်ခု စိမ့်ဖြာထွက်လာပြီး အခန်းထဲရှိ ဖယောင်းတိုင်မီးရောင်ပင် တစ်မုဟုတ်ချင်း မှိန်ဖျော့သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အခြားကမ္ဘာလောကသို့ ရောက်ရှိသွားသည့်နှယ် ဖြစ်လာ၏။
ချင်မူ တတိယမျက်လုံးဖြင့် ကြည့်လိုက်သောအခါ ဧကရာဇ်ယန်ဖုန်း၏ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်၊ မူလဝိညာဉ်များထိ ထွင်းဖောက်မြင်ရပြီး အဓိကပြဿနာကို တွေ့ရှိသွားသည်။
ကောင်းကင်နတ်အသွင်အဆင့်သို့ ရောက်ရှိလျှင် မူလဝိညာဉ်ကို လေ့ကျင့်ပျိုးထောင်ရ၏။ ချီစွမ်းအင်က ယန်ဝိညာဉ်၊ ယင်ဝိညာဉ်များနှင့် ပေါင်းစည်းသွားပြီး မူလဝိညာဉ် ဖွဲ့တည်လာသည်။ ထိုမူလဝိညာဉ်က ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်များ၏ နောက်ကျောဘက်၌ မားမားမတ်မတ် ရပ်တည်နေသော နတ်ဘုရားများပင် ဖြစ်၏။
ဧကရာဇ်ယန်ဖုန်း၏ မူလဝိညာဉ်မှာ ကောင်းကင်တံတားပေါ်တွင် ရပ်၍ နတ်ဘုရားဘုံသို့ ခုန်ကူးတော့မည့်နှယ် ရှိနေသည်။ ကောင်းကင်ရတနာများ ပြိုကျပျက်စီးနေသည်ဖြစ်၍ သူ၏ မူလဝိညာဉ်နှင့်တကွ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်များမှာ ပြင်းထန်စွာ ထိခိုက်ထား၏။ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်များ ဖရိုဖရဲဖြစ်၍ မူလဝိညာဉ် အကာအကွယ်မဲ့သွားသောအခါ ယန်ဝိညာဉ်သုံးပါးနှင့် ယင်ဝိညာဉ်ခုနစ်သွယ်တို့ တစ်စုတစ်စည်းတည်း မရှိနိုင်တော့ချေ။ ထို့ပြင် ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခုကလည်း ရုပ်ခန္ဓာကို အဆက်မပြတ် ရိုက်ခတ်နေသဖြင့် ယန်ဝိညာဉ်မှာ လှုပ်ခါယိမ်းထိုးနေသည်။
သို့ဖြစ်၍ ချင်မူ့အနေဖြင့် ဧကရာဇ်ယန်ဖုန်း၏ ရုပ်ခန္ဓာကို ကယ်တင်နိုင်လျှင်ပင် ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များက ခန္ဓာကိုယ်တွင်း၌ ဆက်လက်နေနိုင်တော့မည် မဟုတ်ချေ။
လီထျန်းရှင်မှာ ဟိတ်တစ်လုံး ဟန်တစ်လုံးဖြင့် နေနေရာမှ မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားပြီး မကျေမနပ် ရေရွတ်လိုက်၏။ “ဒီမျက်လုံးမျိုး ငါမသင်ဖူးပါဘူး… ဒါ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက မြေအပိုင်စားအစစ်အမှန်ကျင့်စဉ်ရော ဟုတ်ရဲ့လား…”
ချင်မူက မျက်လုံးများမှိတ်၍ စနေဂြိုဟ်အရှင်သခင်အသွင်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်၍ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စဉ်းစားတွေးတောနေ၏။ လီထျန်းရှင် သူ၏ ဒေါသကို ချုပ်တည်းပြီး ငြိမ်သက်စွာ စောင့်ဆိုင်းလိုက်သည်။
ရုတ်တရက် ချင်မူက လက်ခုပ်တီး၍ ပြုံးလိုက်၏။ “ဒီနေရာကပဲ ကြည့်နေရင် ဘာမြင်နိုင်မှာလဲ… ဧကရာဇ်ရဲ့ ကိုယ်ထဲဝင်ပြီး အသေးစိတ်ကြည့်မှ အကုန်မြင်နိုင်မှာပေါ့… ဂိုဏ်းသခင်လီ၊ ကျွန်တော့်နောက်လိုက်ခဲ့…”
လီထျန်းရှင် အံ့ဩတုန်လှုပ်သွားပြီး သင်္ကာမကင်း မေးလိုက်သည်။ “မင်းက သူ့ကိုယ်ထဲ ဘယ်လိုဝင်မှာလဲ…”
“လွယ်ပါတယ်… မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှာ ရုပ်ခန္ဓာကို ဖျောက်ပြီး အရိပ်တစ်ခုလို ပုန်းကွယ်နိုင်တဲ့ တစ္ဆေအရိပ်ကျင့်စဉ်ဆိုတာ ရှိတယ်၊ ပြီးတော့ ခန္ဓာကိုယ်ကို ကျုံ့နိုင်ဆန့်နိုင်တဲ့ ကောင်းကင်မုန်ညင်းစေ့ကျင့်စဉ်ဆိုတဲ့ ပညာရပ်တစ်မျိုးလည်း ရှိတယ်… အဲဒီကျင့်စဉ်နှစ်မျိုးကို အတူတွဲသုံးလိုက်ရင် ကျွန်တော်တို့ခန္ဓာကိုယ်ကို သေးသေးလေးဖြစ်အောင် ကျုံ့ပြီး ရုပ်ခန္ဓာဖျောက်လိုက်လို့ရတယ်၊ အဲဒါဆို ဧကရာဖ်ယန်ဖုန်းရဲ့ ခန္ဓာကိုယ်ထဲဝင်ပြီး သူ့ရဲ့ မူလဝိညာဉ်နဲ့ ကောင်းကင်ရတနာတွေကို ကြည့်လို့ရပြီပေါ့…”
ချင်မူက သူ့ဘေးမှ အမျိုးသမီးကို ငဲ့စောင်းကြည့်၍ ပြောလိုက်၏။ “အဲလိုလုပ်လို့ရမှန်း မသိဘူးလား…”
လီထျန်းရှင်က အံကြိတ်၍ ရယ်မောလိုက်သည်။ “ငါ ဘာလို့ မသိရမှာလဲ…”
ချင်မူက ထိုအမျိုးသမီး၏ လက်ကို ဆွဲခေါ်၍ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏၊ ထို့နောက် နှစ်ယောက်သား တစ္ဆေအရိပ်ကျင့်စဉ်နှင့် ကောင်းကင်မုန်ညင်းစေ့ကျင့်စဉ်ကို တစ်ပြိုင်နက်နီးပါး အသုံးပြုပြီး ဧကရာဇ်ယန်ဖုန်းထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များက တစ်စထက်တစ်စ သေးငယ်ကျုံ့ဝင်၍ ကြမ်းပြင်ပေါ်မှ အရိပ်မည်းနှစ်ခုအဖြစ် ပြောင်းလဲပြီး ဧကရာဇ်ယန်ဖုန်း၏ မျက်ခုံးနှစ်ခုအလယ်သို့ ခုန်ဝင်သွားတော့၏။
ဧကရာဇ်ယန်ဖုန်းမှာ မလှုပ်ရှားနိုင်ဘဲ အာရုံငါးပါး ပိတ်ဆို့ခံထားရသည့်တိုင် သူ့ခန္ဓာကိုယ်အနှံ့၌ အရိပ်မည်းနှစ်ခု လှုပ်ရှားသွားလာသည်ကို ခံစားသိရှိနေ၏။
ချင်မူနှင့် လီထျန်းရှင်က ဧကရာဇ်ယန်ဖုန်း၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာသို့ ရောက်သောအခါ ရပ်တန့်၍ လှမ်းမျှော်ကြည့်လိုက်ကြသည်။
ဧကရာဇ်ယန်ဖုန်း၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက ပျက်စီးနေပြီ ဖြစ်၏။ ဝိညာဉ်သန္ဓေသားနှင့်တကွ အောက်ခြေမှ ပလ္လင်တစ်ခုလုံး ပြိုပျက်ကျနေပြီး ကောင်းကင်ယံ၌လည်း အပေါက်ပေါင်းထောင်ချီ ဖြစ်ပေါ်နေသည်။ ကောင်းကင်ယံရှိ အက်ကွဲကြောင်းများက ထိတ်လန့်ကြောက်ရွံဖွယ်ရာ ကောင်းလှပြီး အပြင်ဘက်ရှိ ဆွတ်ဆွတ်ဖြူနေသော ဦးခေါင်းခွံကိုပင် လှမ်းမြင်နေရ၏။
သွေးများကလည်း ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာအတွင်းသို့ ရေတံခွန်ကြီးတစ်ခုသဖွယ် တဝေါဝေါ စီးကျနေသည်။
ထို့အပြင် ဓားအလင်းတန်းတစ်ခုကလည်း ခေါက်တုံ့ခေါက်ပြန် လူးလာပျံသန်း၍ ဤကောင်းကင်ရတနာတစ်ခုလုံးကို အတားအဆီးမရှိ ထိုးခုတ်ဖျက်ဆီးနေ၏။
“တာအိုသခင်ရဲ့ တာအိုဓားပါလား…”
လီထျန်းရှင် အံ့အားသင့်သွားသည်။ “ဒီရသေ့အိုကြီးက တကယ့်ကို ချီးကျူးဖို့ကောင်းတာပဲ… သူ့ဓားအာရုံကို ဒီထဲရောက်အောင် ထည့်ထားနိုင်တယ်…”
“ခင်ဗျား အဲဒီဓားအာရုံကို ဖျက်ဆီးပစ်နိုင်လား…” ချင်မူက မေးလိုက်၏။
လီထျန်းရှင်က ဟက်ခနဲ ရယ်လိုက်သည်။ “ငါက ဘာလို့ မင်းကို ကူညီရမှာလဲ…”
ချင်မူက ပြုံးလိုက်၏။ “ခင်ဗျားက ကျုပ်ရဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက အစစ်အမှန်ကျင့်စဉ်တွေ အတော်များများကို မြင်ရပြီးပြီလေ၊ အပြန်အလှန် မရှိသင့်ဘူးလား… ခင်ဗျားမကူညီလည်း ကိစ္စမရှိပါဘူး၊ မနက်ဖြန်ကျ အဘွားစစ်ကို အကူအညီတောင်းလို့ ရတာပဲ…”
လီထျန်းရှင်က နှာခေါင်းတစ်ချက်ရှုံ့၍ လေပေါ်သို့ ပျံတက်သွားပြီး သူ့လက်ချောင်းဆယ်ချောင်းကို ဆတ်ခနဲ ဖြန့်ကားလိုက်သည်။ တစ်မုဟုတ်ချင်းပင် ချီစွမ်းအင်ကြိုးမျှင်များ ပေါ်ထွက်လာပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ဟင်းလင်းပြင်အနှောင်အဖွဲ့ လှောင်အိမ်တစ်ခု ဖြစ်သွား၏။ ထိုလှောင်အိမ်၏ မျက်နှာချင်းဆိုင်ထောင့်များ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး နောက်ထပ် ဟင်းလင်းပြင်အနှောင်အဖွဲ့ လှောင်အိမ်တစ်ခု အတွင်း၌ ပေါ်ထွက်လာသည်။ မကြာမီ ထိုဒုတိယလှောင်အိမ်အတွင်း၌ နောက်ထပ်လှောင်အိမ်တစ်ခု ပေါ်ထွက်လာပြီး ထိုနည်းအတိုင်း ဆင့်ကဲဆင့်ကဲ လှောင်အိမ်များ အဆုံးမရှိအောင် ဖွဲ့တည်သွား၏။
လီထျန်းရှင်က ထိုကုဗတုံးပုံလှောင်အိမ်ကို ဓားအာရုံထံသို့ ပစ်လွှတ်လိုက်သည်။ ဓားအလင်းတန်းမှာ တစ်မုဟုတ်ချင်း အတွင်းသို့ စုပ်ယူခံလိုက်ရ၏။
လီထျန်းရှင်က ထိုကုဗတုံးကို ပြန်ဖမ်း၍ လက်ထဲတွင် မြှောက်လိုက်ဖမ်းလိုက် ကစားရင်း ကျေနပ်အားရသော အမူအရာဖြင့် ချင်မူ့ကို ကြည့်လိုက်သည်။
“ကုဗတုံး ဟင်းလင်းပြင်အနှောင်အဖွဲ့အစီအရင်ပါလား…” ချင်မူ တအံ့တဩ ရေရွတ်လိုက်မိ၏။ “သိပ်ကောင်းတဲ့ တီထွင်ဖန်တီးမှုပဲ…”
“ဒီကျင့်စဉ်ကို မင်းသိရင်သိလိမ့်မယ်၊ ထုတ်သုံးနိုင်မှာတော့ မဟုတ်ဘူး…” လီထျန်းရှင်က ရယ်မောလိုက်သည်။
ချင်မူက တစ်ချက်ပြုံး၍ ဟင်းလင်းပြင်အနှောင်အဖွဲ့အစီအရင်ကို အခက်အခဲမရှိ ထုတ်သုံးပြလိုက်၏။ “ကျုပ်ရဲ့ ကျင့်စဉ်စွမ်းအင်က အတော်အားနည်းလို့ တာအိုသခင်ရဲ့ ဓားအာရုံကို မချုပ်နှောင်ထားနိုင်ပေမဲ့ အတွက်အချက်ပညာ လေ့လာထားတာဆိုတော့ ဟင်းလင်းပြင်အနှောင်အဖွဲ့အစီအရင်တွေ ဘယ်လိုစီရင်ရမလဲဆိုတာ သိပါတယ်… ကျင့်စဉ်စွမ်းအင်တစ်ခုပဲ ခင်ဗျားထက် အားနည်းတာ… ကျုပ်တို့နှစ်ယောက်စလုံးက ဂိုဏ်းသခင်အထွတ်အမြတ်ဆရာတွေပဲ၊ ကျုပ်သိထားသမျှက ခင်ဗျားသိထားတာအောက် မကျပါဘူး… ပိုသာရင် သာဖို့ပဲ ရှိမယ်…”
လီထျန်းရှင်က ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း ထိုနှာခေါင်းရှုံ့သံက အတော်လေး မိန်းမဆန်လှသဖြင့် မနှစ်မြို့ရမည့်အစား ချစ်စဖွယ်ကောင်းသည်ဟု ခံစားရ၏။
ချင်မူ ရင်ထဲတွင် အသက်ပြင်းပြင်းတစ်ချက် ရှိုက်သွင်း၍ အရိပ်မည်းတစ်ခုအသွင် ပြောင်းလဲပြီး ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာမှ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာသို့ ဆက်သွားလိုက်သည်။
ထိုနေရာရှိ ပြိုပျက်ကျနေသောကောင်းကင်တွင် ဓာတ်ကြီးငါးပါးကြယ်တာရာများ၏ နေရာ၌ ဗုဒ္ဓဆင်းတုတော်ကြီးငါးပါး နေရာယူထားသည်ကို တွေ့ရ၏။ လီထျန်းရှင်က သူ့လက်ချောင်းငါးချောင်းကို ဆတ်ခနဲ တောက်ထုတ်လိုက်ရာ မိစ္ဆာချီစွမ်းအင်များ ထွက် ပေါ်လာပြီး ကြာပန်းငါးပွင့်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် လေပေါ်သို့ ပျံတက်၍ ဗုဒ္ဓဆင်းတုတော်ကြီးငါးပါး၏ အောက်၌ နေရာယူလိုက်၏။ မျက်စိတစ်မှိတ်အတွင်း၌ မိစ္ဆာမီးလျှံများ တရှိန်ရှိန် တောက်လောင်လာပြီး ဗုဒ္ဓဆင်းတုတော်ကြီးငါးပါး၏ စွမ်းအားများ လျော့ကျ၍ ညှိုးခြောက်ပျက်စီးကာ ပြာဖြစ်သွားသည်။ လီထျန်းရှင်က သရော်တော်တော် မေးမြန်းလိုက်၏။ “ဒါရော မင်းသိလား…”
ချင်မူက ပြန်ဖြေလိုက်သည်။ “ဒါက ကြာပန်းနီမိစ္ဆာနှလုံးသားမန္တာန်ပဲ… ဒီမန္တာန်ကို အခုမှ စသုံးဖူးပေမဲ့ ခင်ဗျားအောက်ကျမှာ မဟုတ်ပါဘူး…”
သူ၏ ချီစွမ်းအင်က အသွင်ပြောင်းလဲသွားပြီး ကြာပန်းနီမိစ္ဆာနှလုံးသားမန္တာန်ကို အသုံးပြုလိုက်သည်။ လက်ချောင်းတစ်ချောင်းကို တောက်ထုတ်လိုက်သည်နှင့် ကြာပန်းနီတစ်ပွင့် မျောလွင့်ထွက်ပေါ်လာ၏။
လီထျန်းရှင်က မျက်လုံးပြူးနှင့် စိုက်ကြည့်နေမိသည်။ ဤသည်က အမှန်ပင် ကြာပန်းနီမိစ္ဆာနှလုံးသားမန္တာန် ဖြစ်၏။ အစောက သူအသုံးပြုခဲ့သည့် မိစ္ဆာချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ကြာပန်းနီမိစ္ဆာမီးလျှံများမှာ ချင်မူ၏ ကြာပန်းနီကံကြမ္မာမီးလျှံများလောက် သန့်စင်ခြင်း မရှိပေ။ သို့သော်လည်း ကျင့်စဉ်စွမ်းအင် အကန့်အသတ်ကြောင့် ချင်မူ၏ ကြာပန်းနီမိစ္ဆာနှလုံးသားမန္တာန်မှ စွမ်းအားက များစွာ နိမ့်ကျနေသည်။
ထို့နောက် သူတို့နှစ်ယောက်သား အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာသို့ သွားလိုက်ကြ၏။ ထိုနေရာသည်လည်း အတော်လေး ပျက်စီးနေပြီး နေရာအနှံ့၌ လေများ စိမ့်ထွက်၍ ကောင်းကင်ရတနာတစ်ခုလုံး အေးစိမ့်နေသည်။ ထိုကောင်းကင်ရတနာထဲ၌ ဗုဒ္ဓများ၊ နတ်ဘုရားများပါသည့် ကောင်းကင်ဘုံတစ်ခု ရောက်ရှိ၍ အရပ်ခြောက်မျက်နှာစလုံးကို ဖျက်ဆီးတိုက်ခိုက်နေကြသည်။
လီထျန်းရှင်က မအောင့်နိုင်ဘဲ ပြောလိုက်မိ၏။ “ဒီဧကရာဇ်အတွက် မျှော်လင့်ချက် မရှိတော့ဘူး… သူ့ကောင်းကင်ရတနာတွေက တစ်ဆင့်ပြီးတစ်ဆင့် ပိုပိုဆိုးလာတာ… သူ့အသက်ကို မင်းကယ်နိုင်ရင်တောင် အသုံးမကျတဲ့လူတစ်ယောက် ဖြစ်သွားမှာပဲ… ဘာလို့ ဒီလောက် အားစိုက်နေဦးမှာလဲ…”
ဤခရီးလမ်းတစ်လျှောက်၌ လီထျန်းရှင်မှာ ချင်မူ့ကို ဂိုဏ်းသခင်အထွတ်အမြတ်ဆရာအဖြစ် အသိအမှတ်ပြုပြီး အထင်အမြင် ကောင်းမွန်လာသည်။ ချင်မူ့အနေဖြင့် အသုံးမကျသော လူတစ်ယောက် ဖြစ်လာတော့မည့် ဧကရာဇ်ယန်ဖုန်းကို ကယ်တင်ရန် မထိုက်တန်ဟု သူခံစားမိ၏။
ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “သူ့ကို ကောင်းကင်တန်ခိုးရှင်ဂိုဏ်းအတွက် ကယ်တင်မှဖြစ်မယ်…”
လီထျန်းရှင်က မေးခွန်းများ ထပ်မမေးတော့ဘဲ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာအတွင်းမှ တထာဂတ၏ ကောင်းကင်နတ်သိုင်း အကြွင်းအကျန်များကို ဖယ်ရှားပစ်လိုက်သည်။ “ငါက နတ်ဂိုဏ်းသခင် မဟုတ်တော့ပေမဲ့ အရင်က ဖြစ်ခဲ့ဖူးတာပဲ… ဂိုဏ်းအတွက် အကျိုးရှိမဲ့အရာဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်…” သူက ခပ်တိုးတိုး ပြောလိုက်၏။
ချင်မူ အံ့အားသင့်သွားပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက် ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာသို့ ရောက်လာပြီး ကောင်းကင်ယံ၌ တွဲလောင်းခိုနေသော နေနှင့်လကို မော့ကြည့်လိုက်ကြ၏။ ၎င်းတို့မှာလည်း ဖျက်ဆီးခံထားရပြီး နတ်ဓားနှစ်ချောင်း ထိုးစိုက်နေသည်။ တစ်ခါတစ်ခါတွင် ထိုနတ်ဓားနှစ်ချောင်း တုန်ခါ၍ ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်သွား၏။
ချင်မူ ဇဝေဇဝါ ဖြစ်သွားပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။ “ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာဆိုတော့ ဒီနေရာမှာ ကြယ်ခုနစ်လုံး ရှိသင့်တာ မဟုတ်ဘူးလား…”
“ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာမှာ နေနဲ့လ အမြွှာကြယ်တာရာနှလုံး ရှိတယ်… ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာက ဓာတ်ကြီးငါးပါး ကြယ်တာရာတွေနဲ့ ပေါင်းလိုက်ရင် ကြယ်ခုနစ်လုံး ဖြစ်သွားတာပေါ့…” လီထျန်းရှင်က လက်ညှိုးထိုးပြလိုက်၏။ “အောက်ငုံ့ကြည့်လိုက်ရင် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို တွေ့ရလိမ့်မယ်…”
ချင်မူ အောက်သို့ ငုံ့ကြည့်လိုက်ပြီး ရင်ထဲတွင် တုန်လှုပ်သွားသည်။ သူတို့၏ အောက်ဘက်တွင် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာ ရှိပြီး ဓာတ်ကြီးငါးပါး ကြယ်တာရာများနှင့် ဤနေရာရှိ နေနှင့်လ ပေါင်း၍ ကြယ်တာရာခုနစ်ခုအဖြစ် ဖွဲ့တည်နေ၏။ သို့သော်လည်း ဧကရာဇ်ယန်ဖုန်း၏ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာက ဖျက်ဆီးခံထားရသဖြင့် သူတို့ခြေထောက်အောက်တွင် ထိတ်လန့်ကြောက်ရွံ့ဖွယ် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေသည်။ ကောင်းကင်ယံက တစ်ချက်တစ်ချက်တွင် ပြိုပျက်ကျပြီး အတော်လေး မတည်မငြိမ် ဖြစ်နေ၏။
“ဒီကောင်းကင်ရတနာနှစ်ခုက ဆက်နွှယ်နေတာ၊ အဲဒါကြောင့် ခုနစ်စဉ်ကြယ်အဆင့်ကို ရောက်တာနဲ့ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာနဲ့ ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာကို တစ်ခုတည်းအဖြစ် မြင်ရလိမ့်မယ်… ကောင်းကင်နတ်အသွင်အဆင့် ရောက်ရင်တော့ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာရဲ့ အပြင်ဘက်မှာ တွေ့ရမယ်၊ ဓာတ်ကြီးငါးပါး ကြယ်တာရာတွေက ကောင်းကင်မှာ ဖြန့်ကျက်နေရာယူထားပြီး နေနဲ့လက ထိပ်ဆုံးမှာ တွဲလောင်းခိုနေလိမ့်မယ်… ဒီကြယ်တာရာတွေက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးရဲ့ ဝင်ရိုးစွန်းတွေပဲ…”
လီထျန်းရှင်က ချင်မူ့ကို ရှင်းပြလိုက်သည်။ “သေခြင်းရှင်ခြင်းအဆင့်ကို ရောက်တဲ့အခါ မင့်ခြေထောက်အောက်မှာ အမှောင်ထုကြီး ပေါ်လာလိမ့်မယ်၊ အဲဒါက ယိုတုကို သွားတဲ့လမ်းပဲ… ကောင်းကင်တံတားအဆင့်ကို ရောက်ရင်တော့ ကောင်းကင်ဘုံတက်တဲ့ တံတားတစ်စင်း ပေါ်လာမယ်… အဲတံတားကိုတွေ့ရင် မင့်အတွက် နတ်ဘုရားတစ်ပါး ဖြစ်ဖို့ မဝေးတော့ဘူး…”
သူက ပြုံးလိုက်၏။ သို့သော်လည်း ထိုအပြုံးက ရက်စက်ကြမ်းတမ်းလှသည်။ “ဒါပေမဲ့ အဲဒီအချိန်ရောက်ရင် ကောင်းကင်ဘုံကိုသွားတဲ့ တံတားက ကျိုးပျက်နေတယ်ဆိုတာ မင်းသိသွားလိမ့်မယ်… ဟီး ဟီး… ကျိုးပျက်နေတာကွ… မင့်တစ်သက်လုံး ကျင့်ကြံခဲ့တာ၊ ကြိုးပမ်းခဲ့တာ၊ ရည်မှန်းခဲ့တာတွေ အကုန်လုံး သက်တမ်းစေ့တဲ့အခါ အလကား ဖြစ်သွားမှာပဲ… အကုန် အလကားပဲကွ၊ အကုန်လုံး အလကားပဲ…”
“ဂိုဏ်းသခင်လီ၊ စိတ်ထိန်းပါ…” ချင်မူက ဖျောင်းဖျလိုက်၏။
လီထျန်းရှင်က သူ့ကို မျက်လုံးလှန်ကြည့်၍ တအံ့တဩ မေးလိုက်သည်။ “မင်း စိတ်ပျက်မသွားဘူးလား…”
ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ “လူ့ဘဝရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားအသက်ရှင်ခဲ့ရရင် ဘာစိတ်ပျက်နေစရာ ရှိဦးမှာလဲ…”
လီထျန်းရှင်မှာ မှင်တက်မိသွားပြီး ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ အဲဒါကြောင့်ပဲ တစ်လောကလုံးမှာ အလှဆုံးအမျိုးသမီး လုပ်ပြီး လူ့ဘဝရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားအသက်ရှင်တော့မယ်…”
ချင်မူ ခေါင်းကျိန်းသွား၏။ ဂိုဏ်းသခင်လီမှာ အဘွားစစ်၏ အလှကို စွဲလမ်းလွန်းသွားသည်လား၊ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ ကျင့်စဉ်အမှားများကို လေ့ကျင့်ပြီး စိတ်ဖောက်ပြန်သွားသည်လား သူမသိတော့ချေ။
ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာသို့ ရောက်သောအခါ လီထျန်းရှင်ပြောသည့် ဝိညာဉ်သန္ဓေသား၊ အရပ်ခြောက်မျက်နှာ၊ ဓာတ်ကြီးငါးပါး၊ ခုနစ်စဉ်ကြယ်တို့ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ ဝင်ရိုးစွန်းများအဖြစ် ဖွဲ့တည်နေပုံကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။
သေခြင်းရှင်ခြင်းအဆင့်သို့ ရောက်သောအခါတွင်တော့ ခြေထောက်အောက်၌ ယိုတု၏ အမှောင်ထုကြီးကို မြင်တွေ့ရ၏။
နောက်ဆုံးတွင်တော့ ကောင်းကင်တံတား ကောင်းကင်ရတနာသို့ ရောက်ရှိလာသည်။
တံတားတစ်စင်းက ကောင်းကင်တစ်လျှောက် ဆန့်ထွက်၍ သေခြင်းရှင်ခြင်း၊ နေနှင့်လ၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာတို့ကို ဖြတ်သန်းသွား၏။ ဤကောင်းကင်တံတား၏ အခြားတစ်ဖက်စွန်း၌ အလွန်တရာ တောက်ပခမ်းနားသည့် ကောင်းကင်ဘုံကြီး ရှိပြီး နတ်ဘုရားများက သူတို့အလာကို ဆီးကြိုနေသကဲ့သို့ ရှိသည်။
သို့သော်လည်း ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်တံတားက နေရာများစွာ၌ အက်ကွဲနေပြီး တစ်ခါတစ်ခါတွင် အစိတ်အပိုင်းများ ပဲ့ကျ၍ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာအထိ ကောင်းကင်ရတနာအဆင့်ဆင့်ကို တိုးတိုက်ဖျက်ဆီးသွား၏။
လီထျန်းရှင်က လှည့်ပတ်ကြည့်ရှုလိုက်သည်။ “ဒီဧကရာဇ်က တကယ့်ကို မျှော်လင့်ချက်မဲ့နေတာပဲ… အသုံးကျမှာ မဟုတ်တော့ဘူး… သူ့အရေခွံကို ငါ့သာပေးလိုက်၊ အဲဒါဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာက ငါတို့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ လက်အောက်ခံ ဖြစ်လာလိမ့်မယ်…”
ချင်မူ ခေါင်းခါယမ်းလိုက်၏။ “ခင်ဗျားက ဧကရာဇ် ဖြစ်မလာနိုင်ဘူး… သတ္တဝါတွေအားလုံးအတွက် ဒုက္ခဘေးတစ်ခုပဲ ဖြစ်လာမှာ…”
လီထျန်းရှင် ဒေါသထွက်သွားပြီး သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ “ငါ ဧကရီဘုရင်မကြီး ဖြစ်လာရင် မင်းကို နန်းတွင်းသူတစ်ယောက် ယူခွင့်ပြုမယ်လေ…”
ချင်မူ သူ့ကို စိတ်ပျက်လက်ပျက် မျက်လုံးလှန်၍ ရှုံ့ရှုံ့မဲ့မဲ့ ကြည့်လိုက်၏။
လီထျန်းရှင်မှာ တစ်ခဏမျှ မှင်တက်သွားပြီး ရုတ်တရက် တခစ်ခစ် ရယ်မောလိုက်သည်။
“ညှို့ချက်ပြင်းလိုက်တဲ့ ကဝေမပဲ…” ချင်မူ သူ့ကိုယ်သူ အာရုံငါးပါး ထိုးပိတ်၍ မျောပါမသွားအောင် ကာကွယ်လိုက်ရ၏။
Zawgyi
အဘြားစစ္မွာ ေကာင္းကင္အလိုေတာ္မုခ္ဝႏွင့္ စာလိပ္ကို စိတ္ဝင္စားသြားသည္။ အမွန္တကယ္တမ္းတြင္ ခ်င္မူသည္လည္း စာလိပ္ေပၚမွ စာလုံးမ်ားကို မသိဘဲ မုခ္ဦးတံခါးေပၚမွ စာလုံးမ်ားကိုသာ ဖတ္ရႈနိုင္၏။
သူ႔အေနျဖင့္ ယိုတုဘာသာစကားမွ ေကာင္းကင္အလိုေတာ္မုခ္ဝဟူေသာ စာစုတစ္ခုကိုသာ သိရွိသည္။ ထိုစာစုအတြက္ႏွင့္ပင္ တုထ်န္းမိစၧာဘုရင္၏ သတ္ျဖတ္ျခင္း ခံရေတာ့မလို ျဖစ္သြားေသး၏။
“သင္ခ်င္လို႔လား၊ သင္ခ်င္ရင္ ကၽြန္ေတာ္ သင္ေပးလို႔ရတယ္…” ခ်င္မူက တည္ၿငိမ္ေအးေဆးစြာ ေျပာလိုက္သည္။
အဘြားစစ္၏ ႏႈတ္ဖ်ားမွ လီထ်န္းရွင္၏အသံ ထြက္ေပၚလာၿပီး သေရာ္ေတာ္ေတာ္ ေရရြတ္လိုက္၏။ “ငါက မင္းသင္ေပးစရာ လိုရဦးမွာလား… မင္းလည္း ဂိုဏ္းသခင္အထြတ္အျမတ္ဆရာ၊ ငါလည္း ဂိုဏ္းသခင္အထြတ္အျမတ္ဆရာ… ၿပီးေတာ့ ငါက မင္းထက္ ဝါစဥ္ပိုႀကီးတယ္… မင္းဆီက ငါသင္ရမယ္ဆိုရင္ ဘယ္မွာ မ်က္ႏွာသြားထားရေတာ့မွာလဲ…”
ခ်င္မူက ျပဳံးလိုက္သည္။ “ဒါေပမဲ့ ခင္ဗ်ားက စေနၿဂိဳဟ္အရွင္သခင္ရဲ့ ေျမအပိုင္စားက်င့္စဥ္ အစစ္အမွန္ကိုမွ မသိပဲ…”
လီထ်န္းရွင္ ေဒါပြသြားၿပီး ညႇို႔ျမဴဆြဲေဆာင္နိုင္ေသာ အမူအရာျဖင့္ မ်က္လုံးလွန္ၾကည့္လိုက္၏။ “ငါက ဂိုဏ္းသခင္အထြတ္အျမတ္ဆရာပဲ၊ ငါမသိစရာ ဘာရွိမွာလဲ…”
ခ်င္မူက လီထ်န္းရွင္ကို စကားျပန္မေျပာေတာ့ဘဲ သူ႔စိတ္သူ တည္ၿငိမ္ေအာင္ ထိန္းလိုက္ရသည္။ ထိုအၾကည့္က လြန္စြာ စြမ္းအားႀကီးၿပီး သူ႔ကို ညႇို႔ယူဖမ္းစားနိုင္စြမ္း ရွိ၏။ ထို႔ေနာက္ ေကာင္းကင္ကိုးဆင့္ နတ္ဘုရားမ်က္လုံးက်င့္စဥ္ကို အသုံးျပဳ၍ သူ႔မ်က္လုံးမွ ေကာင္းကင္အလႊာမ်ားကို ဖြင့္လွစ္လိုက္သည္။ သို႔ေသာ္လည္း ေကာင္းကင္မ်က္လုံးျဖင့္ ဧကရာဇ္ယန္ဖုန္းကို ၾကည့္လိုက္သည့္တိုင္ ကမၻာပ်က္ႀကီးကဲ့သို႔ ျဖစ္ေနေသာ ေကာင္းကင္ရတနာ အပ်က္အစီးမ်ားကိုသာ ျမင္ေတြ႕ရ၏။
ခ်င္မူ႔ထံမွ ခပ္အုပ္အုပ္ မာန္သြင္းသံတစ္ခ်က္ႏွင့္အတူ မ်က္ခုံးႏွစ္ခုအလယ္မွ တတိယမ်က္လုံး ကြဲအက္ပြင့္ထြက္လာသည္။ ဤမ်က္လုံးက လူ႔ဘုံေလာကမွ မ်က္လုံးႏွင့္ မတူဘဲ အေမွာင္ကမၻာမွ ေရာက္ရွိလာသကဲ့သို႔ ထင္ရ၏။ ေမွာင္မိုက္ေအးစိမ့္ေသာ အရွိန္အဝါအေငြ႕အသက္တစ္ခု စိမ့္ျဖာထြက္လာၿပီး အခန္းထဲရွိ ဖေယာင္းတိုင္မီးေရာင္ပင္ တစ္မုဟုတ္ခ်င္း မွိန္ေဖ်ာ့သြားသည္။ ပတ္ဝန္းက်င္တစ္ခုလုံး အျခားကမၻာေလာကသို႔ ေရာက္ရွိသြားသည့္ႏွယ္ ျဖစ္လာ၏။
ခ်င္မူ တတိယမ်က္လုံးျဖင့္ ၾကည့္လိုက္ေသာအခါ ဧကရာဇ္ယန္ဖုန္း၏ ယန္ဝိညာဥ္၊ ယင္ဝိညာဥ္၊ မူလဝိညာဥ္မ်ားထိ ထြင္းေဖာက္ျမင္ရၿပီး အဓိကျပႆနာကို ေတြ႕ရွိသြားသည္။
ေကာင္းကင္နတ္အသြင္အဆင့္သို႔ ေရာက္ရွိလၽွင္ မူလဝိညာဥ္ကို ေလ့က်င့္ပ်ိဳးေထာင္ရ၏။ ခ်ီစြမ္းအင္က ယန္ဝိညာဥ္၊ ယင္ဝိညာဥ္မ်ားႏွင့္ ေပါင္းစည္းသြားၿပီး မူလဝိညာဥ္ ဖြဲ႕တည္လာသည္။ ထိုမူလဝိညာဥ္က ေကာင္းကင္နတ္အသြင္အဆင့္ ပညာရွင္မ်ား၏ ေနာက္ေက်ာဘက္၌ မားမားမတ္မတ္ ရပ္တည္ေနေသာ နတ္ဘုရားမ်ားပင္ ျဖစ္၏။
ဧကရာဇ္ယန္ဖုန္း၏ မူလဝိညာဥ္မွာ ေကာင္းကင္တံတားေပၚတြင္ ရပ္၍ နတ္ဘုရားဘုံသို႔ ခုန္ကူးေတာ့မည့္ႏွယ္ ရွိေနသည္။ ေကာင္းကင္ရတနာမ်ား ၿပိဳက်ပ်က္စီးေနသည္ျဖစ္၍ သူ၏ မူလဝိညာဥ္ႏွင့္တကြ ယန္ဝိညာဥ္၊ ယင္ဝိညာဥ္မ်ားမွာ ျပင္းထန္စြာ ထိခိုက္ထား၏။ ယန္ဝိညာဥ္၊ ယင္ဝိညာဥ္မ်ား ဖရိုဖရဲျဖစ္၍ မူလဝိညာဥ္ အကာအကြယ္မဲ့သြားေသာအခါ ယန္ဝိညာဥ္သုံးပါးႏွင့္ ယင္ဝိညာဥ္ခုနစ္သြယ္တို႔ တစ္စုတစ္စည္းတည္း မရွိနိုင္ေတာ့ေခ်။ ထို႔ျပင္ ေၾကာက္မက္ဖြယ္ရာ စြမ္းအင္တစ္ခုကလည္း ႐ုပ္ခႏၶာကို အဆက္မျပတ္ ရိုက္ခတ္ေနသျဖင့္ ယန္ဝိညာဥ္မွာ လႈပ္ခါယိမ္းထိုးေနသည္။
သို႔ျဖစ္၍ ခ်င္မူ႔အေနျဖင့္ ဧကရာဇ္ယန္ဖုန္း၏ ႐ုပ္ခႏၶာကို ကယ္တင္နိုင္လၽွင္ပင္ ယန္ဝိညာဥ္ႏွင့္ ယင္ဝိညာဥ္မ်ားက ခႏၶာကိုယ္တြင္း၌ ဆက္လက္ေနနိုင္ေတာ့မည္ မဟုတ္ေခ်။
လီထ်န္းရွင္မွာ ဟိတ္တစ္လုံး ဟန္တစ္လုံးျဖင့္ ေနေနရာမွ မ်က္ႏွာတစ္ျပင္လုံး မည္းေမွာင္သြားၿပီး မေက်မနပ္ ေရရြတ္လိုက္၏။ “ဒီမ်က္လုံးမ်ိဳး ငါမသင္ဖူးပါဘူး… ဒါ မဟာဉာဏ္အလင္းဖြင့္ ေကာင္းကင္နတ္ဆိုးက်မ္းစာက ေျမအပိုင္စားအစစ္အမွန္က်င့္စဥ္ေရာ ဟုတ္ရဲ့လား…”
ခ်င္မူက မ်က္လုံးမ်ားမွိတ္၍ စေနၿဂိဳဟ္အရွင္သခင္အသြင္ကို ျပန္႐ုပ္သိမ္းလိုက္သည္။ ထို႔ေနာက္ မ်က္ေမွာင္ၾကဳတ္၍ ေခါက္တုံ႔ေခါက္ျပန္ လမ္းေလၽွာက္ရင္း စဥ္းစားေတြးေတာေန၏။ လီထ်န္းရွင္ သူ၏ ေဒါသကို ခ်ဳပ္တည္းၿပီး ၿငိမ္သက္စြာ ေစာင့္ဆိုင္းလိုက္သည္။
႐ုတ္တရက္ ခ်င္မူက လက္ခုပ္တီး၍ ျပဳံးလိုက္၏။ “ဒီေနရာကပဲ ၾကည့္ေနရင္ ဘာျမင္နိုင္မွာလဲ… ဧကရာဇ္ရဲ့ ကိုယ္ထဲဝင္ၿပီး အေသးစိတ္ၾကည့္မွ အကုန္ျမင္နိုင္မွာေပါ့… ဂိုဏ္းသခင္လီ၊ ကၽြန္ေတာ့္ေနာက္လိုက္ခဲ့…”
လီထ်န္းရွင္ အံ့ဩတုန္လႈပ္သြားၿပီး သကၤာမကင္း ေမးလိုက္သည္။ “မင္းက သူ႔ကိုယ္ထဲ ဘယ္လိုဝင္မွာလဲ…”
“လြယ္ပါတယ္… မဟာဉာဏ္အလင္းဖြင့္ ေကာင္းကင္နတ္ဆိုးက်မ္းစာမွာ ႐ုပ္ခႏၶာကို ေဖ်ာက္ၿပီး အရိပ္တစ္ခုလို ပုန္းကြယ္နိုင္တဲ့ တေစၧအရိပ္က်င့္စဥ္ဆိုတာ ရွိတယ္၊ ၿပီးေတာ့ ခႏၶာကိုယ္ကို က်ဳံ႕နိုင္ဆန႔္နိုင္တဲ့ ေကာင္းကင္မုန္ညင္းေစ့က်င့္စဥ္ဆိုတဲ့ ပညာရပ္တစ္မ်ိဳးလည္း ရွိတယ္… အဲဒီက်င့္စဥ္ႏွစ္မ်ိဳးကို အတူတြဲသုံးလိုက္ရင္ ကၽြန္ေတာ္တို႔ခႏၶာကိုယ္ကို ေသးေသးေလးျဖစ္ေအာင္ က်ဳံ႕ၿပီး ႐ုပ္ခႏၶာေဖ်ာက္လိုက္လို႔ရတယ္၊ အဲဒါဆို ဧကရာဖ္ယန္ဖုန္းရဲ့ ခႏၶာကိုယ္ထဲဝင္ၿပီး သူ႔ရဲ့ မူလဝိညာဥ္နဲ႔ ေကာင္းကင္ရတနာေတြကို ၾကည့္လို႔ရၿပီေပါ့…”
ခ်င္မူက သူ႔ေဘးမွ အမ်ိဳးသမီးကို ငဲ့ေစာင္းၾကည့္၍ ေျပာလိုက္၏။ “အဲလိုလုပ္လို႔ရမွန္း မသိဘူးလား…”
လီထ်န္းရွင္က အံႀကိတ္၍ ရယ္ေမာလိုက္သည္။ “ငါ ဘာလို႔ မသိရမွာလဲ…”
ခ်င္မူက ထိုအမ်ိဳးသမီး၏ လက္ကို ဆြဲေခၚ၍ ေနာက္သို႔ ေျခတစ္လွမ္းဆုတ္လိုက္၏၊ ထို႔ေနာက္ ႏွစ္ေယာက္သား တေစၧအရိပ္က်င့္စဥ္ႏွင့္ ေကာင္းကင္မုန္ညင္းေစ့က်င့္စဥ္ကို တစ္ၿပိဳင္နက္နီးပါး အသုံးျပဳၿပီး ဧကရာဇ္ယန္ဖုန္းထံသို႔ တစ္ဟုန္ထိုး ေျပးဝင္သြားၾကသည္။ သူတို႔၏ ခႏၶာကိုယ္မ်ားက တစ္စထက္တစ္စ ေသးငယ္က်ဳံ႕ဝင္၍ ၾကမ္းျပင္ေပၚမွ အရိပ္မည္းႏွစ္ခုအျဖစ္ ေျပာင္းလဲၿပီး ဧကရာဇ္ယန္ဖုန္း၏ မ်က္ခုံးႏွစ္ခုအလယ္သို႔ ခုန္ဝင္သြားေတာ့၏။
ဧကရာဇ္ယန္ဖုန္းမွာ မလႈပ္ရွားနိုင္ဘဲ အာ႐ုံငါးပါး ပိတ္ဆို႔ခံထားရသည့္တိုင္ သူ႔ခႏၶာကိုယ္အႏွံ့၌ အရိပ္မည္းႏွစ္ခု လႈပ္ရွားသြားလာသည္ကို ခံစားသိရွိေန၏။
ခ်င္မူႏွင့္ လီထ်န္းရွင္က ဧကရာဇ္ယန္ဖုန္း၏ ဝိညာဥ္သေႏၶသား ေကာင္းကင္ရတနာသို႔ ေရာက္ေသာအခါ ရပ္တန႔္၍ လွမ္းေမၽွာ္ၾကည့္လိုက္ၾကသည္။
ဧကရာဇ္ယန္ဖုန္း၏ ဝိညာဥ္သေႏၶသား ေကာင္းကင္ရတနာက ပ်က္စီးေနၿပီ ျဖစ္၏။ ဝိညာဥ္သေႏၶသားႏွင့္တကြ ေအာက္ေျခမွ ပလႅင္တစ္ခုလုံး ၿပိဳပ်က္က်ေနၿပီး ေကာင္းကင္ယံ၌လည္း အေပါက္ေပါင္းေထာင္ခ်ီ ျဖစ္ေပၚေနသည္။ ေကာင္းကင္ယံရွိ အက္ကြဲေၾကာင္းမ်ားက ထိတ္လန႔္ေၾကာက္ရြံဖြယ္ရာ ေကာင္းလွၿပီး အျပင္ဘက္ရွိ ဆြတ္ဆြတ္ျဖဴေနေသာ ဦးေခါင္းခြံကိုပင္ လွမ္းျမင္ေနရ၏။
ေသြးမ်ားကလည္း ဝိညာဥ္သေႏၶသား ေကာင္းကင္ရတနာအတြင္းသို႔ ေရတံခြန္ႀကီးတစ္ခုသဖြယ္ တေဝါေဝါ စီးက်ေနသည္။
ထို႔အျပင္ ဓားအလင္းတန္းတစ္ခုကလည္း ေခါက္တုံ႔ေခါက္ျပန္ လူးလာပ်ံသန္း၍ ဤေကာင္းကင္ရတနာတစ္ခုလုံးကို အတားအဆီးမရွိ ထိုးခုတ္ဖ်က္ဆီးေန၏။
“တာအိုသခင္ရဲ့ တာအိုဓားပါလား…”
လီထ်န္းရွင္ အံ့အားသင့္သြားသည္။ “ဒီရေသ့အိုႀကီးက တကယ့္ကို ခ်ီးက်ဴးဖို႔ေကာင္းတာပဲ… သူ႔ဓားအာ႐ုံကို ဒီထဲေရာက္ေအာင္ ထည့္ထားနိုင္တယ္…”
“ခင္ဗ်ား အဲဒီဓားအာ႐ုံကို ဖ်က္ဆီးပစ္နိုင္လား…” ခ်င္မူက ေမးလိုက္၏။
လီထ်န္းရွင္က ဟက္ခနဲ ရယ္လိုက္သည္။ “ငါက ဘာလို႔ မင္းကို ကူညီရမွာလဲ…”
ခ်င္မူက ျပဳံးလိုက္၏။ “ခင္ဗ်ားက က်ဳပ္ရဲ့ မဟာဉာဏ္အလင္းဖြင့္ ေကာင္းကင္နတ္ဆိုးက်မ္းစာက အစစ္အမွန္က်င့္စဥ္ေတြ အေတာ္မ်ားမ်ားကို ျမင္ရၿပီးၿပီေလ၊ အျပန္အလွန္ မရွိသင့္ဘူးလား… ခင္ဗ်ားမကူညီလည္း ကိစၥမရွိပါဘူး၊ မနက္ျဖန္က် အဘြားစစ္ကို အကူအညီေတာင္းလို႔ ရတာပဲ…”
လီထ်န္းရွင္က ႏွာေခါင္းတစ္ခ်က္ရႈံ႔၍ ေလေပၚသို႔ ပ်ံတက္သြားၿပီး သူ႔လက္ေခ်ာင္းဆယ္ေခ်ာင္းကို ဆတ္ခနဲ ျဖန႔္ကားလိုက္သည္။ တစ္မုဟုတ္ခ်င္းပင္ ခ်ီစြမ္းအင္ႀကိဳးမၽွင္မ်ား ေပၚထြက္လာၿပီး တစ္ခုႏွင့္တစ္ခု ခ်ိတ္ဆက္ကာ ဟင္းလင္းျပင္အေႏွာင္အဖြဲ႕ ေလွာင္အိမ္တစ္ခု ျဖစ္သြား၏။ ထိုေလွာင္အိမ္၏ မ်က္ႏွာခ်င္းဆိုင္ေထာင့္မ်ား တစ္ခုႏွင့္တစ္ခု ခ်ိတ္ဆက္ၿပီး ေနာက္ထပ္ ဟင္းလင္းျပင္အေႏွာင္အဖြဲ႕ ေလွာင္အိမ္တစ္ခု အတြင္း၌ ေပၚထြက္လာသည္။ မၾကာမီ ထိုဒုတိယေလွာင္အိမ္အတြင္း၌ ေနာက္ထပ္ေလွာင္အိမ္တစ္ခု ေပၚထြက္လာၿပီး ထိုနည္းအတိုင္း ဆင့္ကဲဆင့္ကဲ ေလွာင္အိမ္မ်ား အဆုံးမရွိေအာင္ ဖြဲ႕တည္သြား၏။
လီထ်န္းရွင္က ထိုကုဗတုံးပုံေလွာင္အိမ္ကို ဓားအာ႐ုံထံသို႔ ပစ္လႊတ္လိုက္သည္။ ဓားအလင္းတန္းမွာ တစ္မုဟုတ္ခ်င္း အတြင္းသို႔ စုပ္ယူခံလိုက္ရ၏။
လီထ်န္းရွင္က ထိုကုဗတုံးကို ျပန္ဖမ္း၍ လက္ထဲတြင္ ေျမႇာက္လိုက္ဖမ္းလိုက္ ကစားရင္း ေက်နပ္အားရေသာ အမူအရာျဖင့္ ခ်င္မူ႔ကို ၾကည့္လိုက္သည္။
“ကုဗတုံး ဟင္းလင္းျပင္အေႏွာင္အဖြဲ႕အစီအရင္ပါလား…” ခ်င္မူ တအံ့တဩ ေရရြတ္လိုက္မိ၏။ “သိပ္ေကာင္းတဲ့ တီထြင္ဖန္တီးမႈပဲ…”
“ဒီက်င့္စဥ္ကို မင္းသိရင္သိလိမ့္မယ္၊ ထုတ္သုံးနိုင္မွာေတာ့ မဟုတ္ဘူး…” လီထ်န္းရွင္က ရယ္ေမာလိုက္သည္။
ခ်င္မူက တစ္ခ်က္ျပဳံး၍ ဟင္းလင္းျပင္အေႏွာင္အဖြဲ႕အစီအရင္ကို အခက္အခဲမရွိ ထုတ္သုံးျပလိုက္၏။ “က်ဳပ္ရဲ့ က်င့္စဥ္စြမ္းအင္က အေတာ္အားနည္းလို႔ တာအိုသခင္ရဲ့ ဓားအာ႐ုံကို မခ်ဳပ္ေႏွာင္ထားနိုင္ေပမဲ့ အတြက္အခ်က္ပညာ ေလ့လာထားတာဆိုေတာ့ ဟင္းလင္းျပင္အေႏွာင္အဖြဲ႕အစီအရင္ေတြ ဘယ္လိုစီရင္ရမလဲဆိုတာ သိပါတယ္… က်င့္စဥ္စြမ္းအင္တစ္ခုပဲ ခင္ဗ်ားထက္ အားနည္းတာ… က်ဳပ္တို႔ႏွစ္ေယာက္စလုံးက ဂိုဏ္းသခင္အထြတ္အျမတ္ဆရာေတြပဲ၊ က်ဳပ္သိထားသမၽွက ခင္ဗ်ားသိထားတာေအာက္ မက်ပါဘူး… ပိုသာရင္ သာဖို႔ပဲ ရွိမယ္…”
လီထ်န္းရွင္က ဟြန႔္ခနဲ ႏွာေခါင္းရႈံ႔လိုက္သည္။ သို႔ေသာ္လည္း ထိုႏွာေခါင္းရႈံ႔သံက အေတာ္ေလး မိန္းမဆန္လွသျဖင့္ မႏွစ္ၿမိဳ႕ရမည့္အစား ခ်စ္စဖြယ္ေကာင္းသည္ဟု ခံစားရ၏။
ခ်င္မူ ရင္ထဲတြင္ အသက္ျပင္းျပင္းတစ္ခ်က္ ရွိုက္သြင္း၍ အရိပ္မည္းတစ္ခုအသြင္ ေျပာင္းလဲၿပီး ဝိညာဥ္သေႏၶသား ေကာင္းကင္ရတနာမွ ဓာတ္ႀကီးငါးပါး ေကာင္းကင္ရတနာသို႔ ဆက္သြားလိုက္သည္။
ထိုေနရာရွိ ၿပိဳပ်က္က်ေနေသာေကာင္းကင္တြင္ ဓာတ္ႀကီးငါးပါးၾကယ္တာရာမ်ား၏ ေနရာ၌ ဗုဒၶဆင္းတုေတာ္ႀကီးငါးပါး ေနရာယူထားသည္ကို ေတြ႕ရ၏။ လီထ်န္းရွင္က သူ႔လက္ေခ်ာင္းငါးေခ်ာင္းကို ဆတ္ခနဲ ေတာက္ထုတ္လိုက္ရာ မိစၧာခ်ီစြမ္းအင္မ်ား ထြက္ ေပၚလာၿပီး ၾကာပန္းငါးပြင့္အျဖစ္ ေျပာင္းလဲသြားသည္။ ထို႔ေနာက္ ေလေပၚသို႔ ပ်ံတက္၍ ဗုဒၶဆင္းတုေတာ္ႀကီးငါးပါး၏ ေအာက္၌ ေနရာယူလိုက္၏။ မ်က္စိတစ္မွိတ္အတြင္း၌ မိစၧာမီးလၽွံမ်ား တရွိန္ရွိန္ ေတာက္ေလာင္လာၿပီး ဗုဒၶဆင္းတုေတာ္ႀကီးငါးပါး၏ စြမ္းအားမ်ား ေလ်ာ့က်၍ ညႇိုးေျခာက္ပ်က္စီးကာ ျပာျဖစ္သြားသည္။ လီထ်န္းရွင္က သေရာ္ေတာ္ေတာ္ ေမးျမန္းလိုက္၏။ “ဒါေရာ မင္းသိလား…”
ခ်င္မူက ျပန္ေျဖလိုက္သည္။ “ဒါက ၾကာပန္းနီမိစၧာႏွလုံးသားမႏၲာန္ပဲ… ဒီမႏၲာန္ကို အခုမွ စသုံးဖူးေပမဲ့ ခင္ဗ်ားေအာက္က်မွာ မဟုတ္ပါဘူး…”
သူ၏ ခ်ီစြမ္းအင္က အသြင္ေျပာင္းလဲသြားၿပီး ၾကာပန္းနီမိစၧာႏွလုံးသားမႏၲာန္ကို အသုံးျပဳလိုက္သည္။ လက္ေခ်ာင္းတစ္ေခ်ာင္းကို ေတာက္ထုတ္လိုက္သည္ႏွင့္ ၾကာပန္းနီတစ္ပြင့္ ေမ်ာလြင့္ထြက္ေပၚလာ၏။
လီထ်န္းရွင္က မ်က္လုံးျပဴးႏွင့္ စိုက္ၾကည့္ေနမိသည္။ ဤသည္က အမွန္ပင္ ၾကာပန္းနီမိစၧာႏွလုံးသားမႏၲာန္ ျဖစ္၏။ အေစာက သူအသုံးျပဳခဲ့သည့္ မိစၧာခ်ီစြမ္းအင္ျဖင့္ ဖြဲ႕စည္းထားေသာ ၾကာပန္းနီမိစၧာမီးလၽွံမ်ားမွာ ခ်င္မူ၏ ၾကာပန္းနီကံၾကမၼာမီးလၽွံမ်ားေလာက္ သန႔္စင္ျခင္း မရွိေပ။ သို႔ေသာ္လည္း က်င့္စဥ္စြမ္းအင္ အကန႔္အသတ္ေၾကာင့္ ခ်င္မူ၏ ၾကာပန္းနီမိစၧာႏွလုံးသားမႏၲာန္မွ စြမ္းအားက မ်ားစြာ နိမ့္က်ေနသည္။
ထို႔ေနာက္ သူတို႔ႏွစ္ေယာက္သား အရပ္ေျခာက္မ်က္ႏွာ ေကာင္းကင္ရတနာသို႔ သြားလိုက္ၾက၏။ ထိုေနရာသည္လည္း အေတာ္ေလး ပ်က္စီးေနၿပီး ေနရာအႏွံ့၌ ေလမ်ား စိမ့္ထြက္၍ ေကာင္းကင္ရတနာတစ္ခုလုံး ေအးစိမ့္ေနသည္။ ထိုေကာင္းကင္ရတနာထဲ၌ ဗုဒၶမ်ား၊ နတ္ဘုရားမ်ားပါသည့္ ေကာင္းကင္ဘုံတစ္ခု ေရာက္ရွိ၍ အရပ္ေျခာက္မ်က္ႏွာစလုံးကို ဖ်က္ဆီးတိုက္ခိုက္ေနၾကသည္။
လီထ်န္းရွင္က မေအာင့္နိုင္ဘဲ ေျပာလိုက္မိ၏။ “ဒီဧကရာဇ္အတြက္ ေမၽွာ္လင့္ခ်က္ မရွိေတာ့ဘူး… သူ႔ေကာင္းကင္ရတနာေတြက တစ္ဆင့္ၿပီးတစ္ဆင့္ ပိုပိုဆိုးလာတာ… သူ႔အသက္ကို မင္းကယ္နိုင္ရင္ေတာင္ အသုံးမက်တဲ့လူတစ္ေယာက္ ျဖစ္သြားမွာပဲ… ဘာလို႔ ဒီေလာက္ အားစိုက္ေနဦးမွာလဲ…”
ဤခရီးလမ္းတစ္ေလၽွာက္၌ လီထ်န္းရွင္မွာ ခ်င္မူ႔ကို ဂိုဏ္းသခင္အထြတ္အျမတ္ဆရာအျဖစ္ အသိအမွတ္ျပဳၿပီး အထင္အျမင္ ေကာင္းမြန္လာသည္။ ခ်င္မူ႔အေနျဖင့္ အသုံးမက်ေသာ လူတစ္ေယာက္ ျဖစ္လာေတာ့မည့္ ဧကရာဇ္ယန္ဖုန္းကို ကယ္တင္ရန္ မထိုက္တန္ဟု သူခံစားမိ၏။
ခ်င္မူက ေခါင္းခါယမ္းလိုက္သည္။ “သူ႔ကို ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းအတြက္ ကယ္တင္မွျဖစ္မယ္…”
လီထ်န္းရွင္က ေမးခြန္းမ်ား ထပ္မေမးေတာ့ဘဲ အရပ္ေျခာက္မ်က္ႏွာ ေကာင္းကင္ရတနာအတြင္းမွ တထာဂတ၏ ေကာင္းကင္နတ္သိုင္း အႂကြင္းအက်န္မ်ားကို ဖယ္ရွားပစ္လိုက္သည္။ “ငါက နတ္ဂိုဏ္းသခင္ မဟုတ္ေတာ့ေပမဲ့ အရင္က ျဖစ္ခဲ့ဖူးတာပဲ… ဂိုဏ္းအတြက္ အက်ိဳးရွိမဲ့အရာဆို လုပ္ေပးဖို႔ ဆႏၵရွိပါတယ္…” သူက ခပ္တိုးတိုး ေျပာလိုက္၏။
ခ်င္မူ အံ့အားသင့္သြားၿပီး တိတ္တဆိတ္ ေခါင္းညိတ္လိုက္သည္။
သူတို႔ႏွစ္ေယာက္ ခုနစ္စဥ္ၾကယ္ ေကာင္းကင္ရတနာသို႔ ေရာက္လာၿပီး ေကာင္းကင္ယံ၌ တြဲေလာင္းခိုေနေသာ ေနႏွင့္လကို ေမာ့ၾကည့္လိုက္ၾက၏။ ၎တို႔မွာလည္း ဖ်က္ဆီးခံထားရၿပီး နတ္ဓားႏွစ္ေခ်ာင္း ထိုးစိုက္ေနသည္။ တစ္ခါတစ္ခါတြင္ ထိုနတ္ဓားႏွစ္ေခ်ာင္း တုန္ခါ၍ ဓားခ်ီစြမ္းအင္မ်ား ထြက္ေပၚလာၿပီး ေကာင္းကင္တစ္ခြင္လုံး ျပည့္ႏွက္သြား၏။
ခ်င္မူ ဇေဝဇဝါ ျဖစ္သြားၿပီး ေလသံတိုးတိုးျဖင့္ ေမးလိုက္သည္။ “ခုနစ္စဥ္ၾကယ္ ေကာင္းကင္ရတနာဆိုေတာ့ ဒီေနရာမွာ ၾကယ္ခုနစ္လုံး ရွိသင့္တာ မဟုတ္ဘူးလား…”
“ခုနစ္စဥ္ၾကယ္ ေကာင္းကင္ရတနာမွာ ေနနဲ႔လ အႁမႊာၾကယ္တာရာႏွလုံး ရွိတယ္… ဓာတ္ႀကီးငါးပါး ေကာင္းကင္ရတနာက ဓာတ္ႀကီးငါးပါး ၾကယ္တာရာေတြနဲ႔ ေပါင္းလိုက္ရင္ ၾကယ္ခုနစ္လုံး ျဖစ္သြားတာေပါ့…” လီထ်န္းရွင္က လက္ညႇိုးထိုးျပလိုက္၏။ “ေအာက္ငုံ႔ၾကည့္လိုက္ရင္ ဓာတ္ႀကီးငါးပါး ေကာင္းကင္ရတနာကို ေတြ႕ရလိမ့္မယ္…”
ခ်င္မူ ေအာက္သို႔ ငုံ႔ၾကည့္လိုက္ၿပီး ရင္ထဲတြင္ တုန္လႈပ္သြားသည္။ သူတို႔၏ ေအာက္ဘက္တြင္ ဓာတ္ႀကီးငါးပါး ေကာင္းကင္ရတနာ ရွိၿပီး ဓာတ္ႀကီးငါးပါး ၾကယ္တာရာမ်ားႏွင့္ ဤေနရာရွိ ေနႏွင့္လ ေပါင္း၍ ၾကယ္တာရာခုနစ္ခုအျဖစ္ ဖြဲ႕တည္ေန၏။ သို႔ေသာ္လည္း ဧကရာဇ္ယန္ဖုန္း၏ ဓာတ္ႀကီးငါးပါးေကာင္းကင္ရတနာက ဖ်က္ဆီးခံထားရသျဖင့္ သူတို႔ေျခေထာက္ေအာက္တြင္ ထိတ္လန႔္ေၾကာက္ရြံ့ဖြယ္ အက္ကြဲေၾကာင္းႀကီးမ်ား ျဖစ္ေပၚေနသည္။ ေကာင္းကင္ယံက တစ္ခ်က္တစ္ခ်က္တြင္ ၿပိဳပ်က္က်ၿပီး အေတာ္ေလး မတည္မၿငိမ္ ျဖစ္ေန၏။
“ဒီေကာင္းကင္ရတနာႏွစ္ခုက ဆက္ႏႊယ္ေနတာ၊ အဲဒါေၾကာင့္ ခုနစ္စဥ္ၾကယ္အဆင့္ကို ေရာက္တာနဲ႔ ဓာတ္ႀကီးငါးပါး ေကာင္းကင္ရတနာနဲ႔ ခုနစ္စဥ္ၾကယ္ ေကာင္းကင္ရတနာကို တစ္ခုတည္းအျဖစ္ ျမင္ရလိမ့္မယ္… ေကာင္းကင္နတ္အသြင္အဆင့္ ေရာက္ရင္ေတာ့ အရပ္ေျခာက္မ်က္ႏွာ ေကာင္းကင္ရတနာကို ဝိညာဥ္သေႏၶသား ေကာင္းကင္ရတနာရဲ့ အျပင္ဘက္မွာ ေတြ႕ရမယ္၊ ဓာတ္ႀကီးငါးပါး ၾကယ္တာရာေတြက ေကာင္းကင္မွာ ျဖန႔္က်က္ေနရာယူထားၿပီး ေနနဲ႔လက ထိပ္ဆုံးမွာ တြဲေလာင္းခိုေနလိမ့္မယ္… ဒီၾကယ္တာရာေတြက ေကာင္းကင္ဘုံနဲ႔ ကမၻာေျမႀကီးရဲ့ ဝင္ရိုးစြန္းေတြပဲ…”
လီထ်န္းရွင္က ခ်င္မူ႔ကို ရွင္းျပလိုက္သည္။ “ေသျခင္းရွင္ျခင္းအဆင့္ကို ေရာက္တဲ့အခါ မင့္ေျခေထာက္ေအာက္မွာ အေမွာင္ထုႀကီး ေပၚလာလိမ့္မယ္၊ အဲဒါက ယိုတုကို သြားတဲ့လမ္းပဲ… ေကာင္းကင္တံတားအဆင့္ကို ေရာက္ရင္ေတာ့ ေကာင္းကင္ဘုံတက္တဲ့ တံတားတစ္စင္း ေပၚလာမယ္… အဲတံတားကိုေတြ႕ရင္ မင့္အတြက္ နတ္ဘုရားတစ္ပါး ျဖစ္ဖို႔ မေဝးေတာ့ဘူး…”
သူက ျပဳံးလိုက္၏။ သို႔ေသာ္လည္း ထိုအျပဳံးက ရက္စက္ၾကမ္းတမ္းလွသည္။ “ဒါေပမဲ့ အဲဒီအခ်ိန္ေရာက္ရင္ ေကာင္းကင္ဘုံကိုသြားတဲ့ တံတားက က်ိဳးပ်က္ေနတယ္ဆိုတာ မင္းသိသြားလိမ့္မယ္… ဟီး ဟီး… က်ိဳးပ်က္ေနတာကြ… မင့္တစ္သက္လုံး က်င့္ႀကံခဲ့တာ၊ ႀကိဳးပမ္းခဲ့တာ၊ ရည္မွန္းခဲ့တာေတြ အကုန္လုံး သက္တမ္းေစ့တဲ့အခါ အလကား ျဖစ္သြားမွာပဲ… အကုန္ အလကားပဲကြ၊ အကုန္လုံး အလကားပဲ…”
“ဂိုဏ္းသခင္လီ၊ စိတ္ထိန္းပါ…” ခ်င္မူက ေဖ်ာင္းဖ်လိုက္၏။
လီထ်န္းရွင္က သူ႔ကို မ်က္လုံးလွန္ၾကည့္၍ တအံ့တဩ ေမးလိုက္သည္။ “မင္း စိတ္ပ်က္မသြားဘူးလား…”
ခ်င္မူ ဇေဝဇဝါ ျဖစ္သြား၏။ “လူ႔ဘဝရဲ့ အရသာကို ျပည့္ျပည့္ဝဝ ခံစားအသက္ရွင္ခဲ့ရရင္ ဘာစိတ္ပ်က္ေနစရာ ရွိဦးမွာလဲ…”
လီထ်န္းရွင္မွာ မွင္တက္မိသြားၿပီး ေခါင္းညိတ္လိုက္သည္။ “ဟုတ္တယ္၊ အဲဒါေၾကာင့္ပဲ တစ္ေလာကလုံးမွာ အလွဆုံးအမ်ိဳးသမီး လုပ္ၿပီး လူ႔ဘဝရဲ့ အရသာကို ျပည့္ျပည့္ဝဝ ခံစားအသက္ရွင္ေတာ့မယ္…”
ခ်င္မူ ေခါင္းက်ိန္းသြား၏။ ဂိုဏ္းသခင္လီမွာ အဘြားစစ္၏ အလွကို စြဲလမ္းလြန္းသြားသည္လား၊ မဟာဉာဏ္အလင္းဖြင့္ ေကာင္းကင္နတ္ဆိုးက်မ္းစာမွ က်င့္စဥ္အမွားမ်ားကို ေလ့က်င့္ၿပီး စိတ္ေဖာက္ျပန္သြားသည္လား သူမသိေတာ့ေခ်။
ဧကရာဇ္ယန္ဖုန္း၏ ေကာင္းကင္နတ္အသြင္ ေကာင္းကင္ရတနာသို႔ ေရာက္ေသာအခါ လီထ်န္းရွင္ေျပာသည့္ ဝိညာဥ္သေႏၶသား၊ အရပ္ေျခာက္မ်က္ႏွာ၊ ဓာတ္ႀကီးငါးပါး၊ ခုနစ္စဥ္ၾကယ္တို႔ ေကာင္းကင္ဘုံႏွင့္ ကမၻာေျမႀကီး၏ ဝင္ရိုးစြန္းမ်ားအျဖစ္ ဖြဲ႕တည္ေနပုံကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕လိုက္ရသည္။
ေသျခင္းရွင္ျခင္းအဆင့္သို႔ ေရာက္ေသာအခါတြင္ေတာ့ ေျခေထာက္ေအာက္၌ ယိုတု၏ အေမွာင္ထုႀကီးကို ျမင္ေတြ႕ရ၏။
ေနာက္ဆုံးတြင္ေတာ့ ေကာင္းကင္တံတား ေကာင္းကင္ရတနာသို႔ ေရာက္ရွိလာသည္။
တံတားတစ္စင္းက ေကာင္းကင္တစ္ေလၽွာက္ ဆန႔္ထြက္၍ ေသျခင္းရွင္ျခင္း၊ ေနႏွင့္လ၊ ဓာတ္ႀကီးငါးပါး၊ အရပ္ေျခာက္မ်က္ႏွာ ေကာင္းကင္ရတနာတို႔ကို ျဖတ္သန္းသြား၏။ ဤေကာင္းကင္တံတား၏ အျခားတစ္ဖက္စြန္း၌ အလြန္တရာ ေတာက္ပခမ္းနားသည့္ ေကာင္းကင္ဘုံႀကီး ရွိၿပီး နတ္ဘုရားမ်ားက သူတို႔အလာကို ဆီးႀကိဳေနသကဲ့သို႔ ရွိသည္။
သို႔ေသာ္လည္း ဧကရာဇ္ယန္ဖုန္း၏ ေကာင္းကင္တံတားက ေနရာမ်ားစြာ၌ အက္ကြဲေနၿပီး တစ္ခါတစ္ခါတြင္ အစိတ္အပိုင္းမ်ား ပဲ့က်၍ ဝိညာဥ္သေႏၶသား ေကာင္းကင္ရတနာအထိ ေကာင္းကင္ရတနာအဆင့္ဆင့္ကို တိုးတိုက္ဖ်က္ဆီးသြား၏။
လီထ်န္းရွင္က လွည့္ပတ္ၾကည့္ရႈလိုက္သည္။ “ဒီဧကရာဇ္က တကယ့္ကို ေမၽွာ္လင့္ခ်က္မဲ့ေနတာပဲ… အသုံးက်မွာ မဟုတ္ေတာ့ဘူး… သူ႔အေရခြံကို ငါ့သာေပးလိုက္၊ အဲဒါဆို ထာဝရၿငိမ္းခ်မ္းေရးအင္ပါယာက ငါတို႔ေကာင္းကင္တန္ခိုးရွင္ဂိုဏ္းရဲ့ လက္ေအာက္ခံ ျဖစ္လာလိမ့္မယ္…”
ခ်င္မူ ေခါင္းခါယမ္းလိုက္၏။ “ခင္ဗ်ားက ဧကရာဇ္ ျဖစ္မလာနိုင္ဘူး… သတၱဝါေတြအားလုံးအတြက္ ဒုကၡေဘးတစ္ခုပဲ ျဖစ္လာမွာ…”
လီထ်န္းရွင္ ေဒါသထြက္သြားၿပီး သူ႔ကို စူးစူးရဲရဲ စိုက္ၾကည့္လိုက္သည္။ “ငါ ဧကရီဘုရင္မႀကီး ျဖစ္လာရင္ မင္းကို နန္းတြင္းသူတစ္ေယာက္ ယူခြင့္ျပဳမယ္ေလ…”
ခ်င္မူ သူ႔ကို စိတ္ပ်က္လက္ပ်က္ မ်က္လုံးလွန္၍ ရႈံ႔ရႈံ႔မဲ့မဲ့ ၾကည့္လိုက္၏။
လီထ်န္းရွင္မွာ တစ္ခဏမၽွ မွင္တက္သြားၿပီး ႐ုတ္တရက္ တခစ္ခစ္ ရယ္ေမာလိုက္သည္။
“ညႇို႔ခ်က္ျပင္းလိုက္တဲ့ ကေဝမပဲ…” ခ်င္မူ သူ႔ကိုယ္သူ အာ႐ုံငါးပါး ထိုးပိတ္၍ ေမ်ာပါမသြားေအာင္ ကာကြယ္လိုက္ရ၏။
